သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, May 19, 2013

PostHeaderIcon တန်ဖိုးသိမှ တန်ဖိုး ရှိတာပါ

ဒီစာလေးကို တွေ့နေတာ ကြာပေမယ့် သိမ်းမယ်ဆိုပြီး မေ့နေတာနဲ့  မသိမ်းဖြစ်လိုက်ပါ။
စာရေးသူကိုလဲ မသိသေး၍ မသိမ်းဖြစ်ခဲ့တာ။ အခုတော့ ဖတ်မိသူတိုင်းလည်း အကျိုးရှိနိုင်ပြီး
ကောင်းလို့ သိမ်းလိုက်ပါပြီ။
 
အဖေ့သမီးအတွက်
သမီးအတွက်..ဖခင်ရဲ့ဥပမာကောင်းလေး တခု.....




ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီး စကား ပြောတာကနေ စကြရအောင်….
ဖခင်က… အဖေ သမီးကို တခုပြမယ်… အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက 
တစုံတခုကို အကျီ င်္ အိပ်ထဲက နှိုက်ပြီး လက်ထဲမှာ ဆုပ်ကိုင် ထားလိုက်ပါတယ်။

ဘာလဲဆိုတာ သိချင်လားလို့ သမီးဖြစ်သူကို မေးတယ်။

သမီးဖြစ်သူက ခေါင်းညိတ်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁.ခေါက်လုပ်.. သမီးဖြစ်
သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှ ပြမယ်လို့ ဆိုပြန်တယ်။

သမီးဖြစ်သူက လုပ်လဲပြီးရော ၅. ခေါက်လုပ်မှ ပြမယ်လို့ ဆိုပြန်တယ်။ သမီးဖြစ်သူကလဲ
၅.ခေါက် လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀. ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀.ခေါက်လုပ်ပြီးတော့…အဖေရယ် သမီးကို ဘာလဲဆိုတာ သိအောင်
ပြပါတော့လို့ ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာ ဆုပ်ကိုင်ထားတာလေးကို ဖွင့်ပြ
လိုက်တော့ အကြွေ တမတ်စေ့ ဖြစ်နေတယ်။ အဲဒါကို သမီးဖြစ်သူက သေချာ ကြည့်နေတယ်။

အဲဒီ အကြွေစေ့လေးကိုပဲ လက်ထဲမှာ နောက်တခေါက် ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို
ကဲ…ထိုင်ထ ၁၀. ခေါက်လုပ်ရင် ပြမယ်လို့ ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. 
သမီးတွေ့ပြီးပြီပဲဟာ..လို့ ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁.ခေါက်ပဲ လုပ်ပါ သမီးရယ်…အဖေ ပြပါ့မယ်လို့ ဆိုသတဲ့။ ၁.ခေါက်လဲ မလုပ်နိုင်ဘူး…တွေ့ပြီး မြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲ ပြမယ်သမီးရယ်…ကြည့်မလားလို့ ဖခင်က ပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး…တွေ့ပြီး မြင်ပြီးသွားရင် ဘာတန်ဖိုးရှိတော့တာ မှတ်လို့ ဆိုပြီး
သမီးဖြစ်သူက ပြန်ပြောတယ်။

အဲ့ဒီတော့မှ ဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲ သမီးရယ်… မတွေ့ခင် မမြင်ခင်က တန်ဖိုး ကြီး
မားပြီး လိုသလို ခိုင်းလို့ ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့
ဘူး မဟုတ်လား…

" ဒီလိုပဲ သမီးရေ…ထိန်းသိမ်း စောင့်ရှောက်ထားသင့်တဲ့ အရာတွေကိုလဲ အချိန်မတန်ခင်မှာ
တန်ဖိုးမဲ့သွားအောင် သူတပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."

သမီးတို့ရဲ့ အပျိုစင်ဘဝကိုလဲ ဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတပါးကို
ပေးမမြင် ပေးမတွေ့သင့်ဘူး။
ကဲ… ဒါဆို..သူငယ်ချင်းတို့ရဲ့ မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*

တန်းဖိုးသိမှ တန်ဖိုးရှိတယ်...

တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...

တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....။

ယဉ်ကျေးသိမ်မွေ့ပြီး ဖြူစင်တဲ့ အမျိုးကောင်းသမီးလေးများ ပေါ်ထွန်းကြပါစေ။

 From... FB

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...