သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, May 10, 2013

PostHeaderIcon ကျေးဇူး ဆပ်လော့




မြန်တိုင်း နဂရာ၊ သမိုင်းမှာဖြင့်၊
ဘယ်ခါကမျှ၊ မပေါ်ရသည့်၊
ဆိုးစွ ကျွန်တွင်း၊ သက်ဆင်း မွန်းနစ်၊
နှစ်ပေါင်း တရာ၊ ကာလတာဝယ်၊
မြန်မာတိုင်းဖွား၊ လူနင်းပြားတို့၊
ရှည်လျား ကာလ၊ လွပ်လပ်ရအောင်၊
ကြိုးပမ်းဆောင်စဉ်၊ ရောင်ဝါထိန်လင်း၊
နေမင်းပေါ်လာ၊ ကဲ့ပမာသို့၊

အာဇာနည်စစ်၊ ပြည်ချစ်ခေါင်းဆောင်၊
မြတ်အခေါင်သည်၊ ရှေ့ဆောင်ပြုကာ၊
မြန်မာပြည်ထောင်စု၊ လွတ်လပ်မှုကို၊
အားစု အင်စိုက်၊ တိုက်ခိုက် တော်လှန်၊
နယ်ချဲ့ရန်မှ၊ ဝေးလံ လွတ်ကင်း၊
အမှောင်တွင်းမှ၊ ရှင်းရှင်း ထွက်ရ၊
လွတ်လပ်ကြ၏၊ ကြီးစွ ကျေးဇူး၊
ဂုဏ်အထူးကို၊ ချီးကျူး မကုန်၊
မြေဝသုန်နှင့်၊ နှိုင်းတုံ မြင့်မိုရ်၊
မက ပိုသည်၊ 
ဗိုလ်ချုပ် ဖခင် အောင်ဆန်းတည်း။

စံနှိုင်းစရာ၊ မရှိပါဟု၊
ကမ္ဘာလုံးက၊ အံ့သြရသည့်၊
ဒို့ဖ ဗိုလ်ချုပ်၊ သူ့ သရုပ်ကို၊
ဖော်ထုတ် စဉ်းစား၊ ဆင်ခြင်းပွားစို့၊

စား ဝတ် နေမှု၊ အစုစုကို၊
ဂရု မထား၊ လူနင်းပြားနှင့်၊
တသားတည်းသာ၊ နေတတ်ရှာ၏။

အာဏာ မလို၊ ထက်ကို မမှန်း၊
မငမ်း ခွင့်ရေး၊ မတွေး စည်းစိမ်၊

နှလုံး အိမ်တွင်၊ ကြိမ်ကြိမ် စဉ်းစား၊
စာရေးသားရန်၊ စိတ်အား သန်ခဲ့။

ပြည်မြန် လွတ်လပ်၊ ရတုံလတ်သော်၊
ချဉ်းကပ် တောရွာ၊ အေးငြိမ်းစွာတွင်၊
စာပေ ရေးမှု၊ ဓိဋ္ဌာန်ပြု၏၊

ပြည်သူ့အကျိုး၊ ဆောင်သည်ပိုးစဉ်၊
အပ်ကျိုး တချောင်း၊ ယောင်းမ တတို၊
မရ လိုသည့်၊ ဗိုလ်ချုပ်နှင့်သာ၊
နှိုင်းယှဉ် စရာမူ၊ 
ပမာ မင်းကြီး ရန်နောင်တည်း။

ကံရိုင်း ကြမ္မာ၊ ဆိုးလှစွာကြောင့်၊
မသမာ လက်ချက်၊ ခန္ဓာပျက်ရ၊
ချိန်ကာလကား၊ ထောင့်ကိုးရာ လေးဆယ်၊
ခုနှစ်ဝယ်တွင်၊ ခေါ်ဖွယ် ဇူလိုင်၊
မိုးဖြိုင် သွန်းရွာ၊ ဆယ်ကိုးမှာတည့်၊

ကြီးစွာ ကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူး တသ၊ သတိရမူ၊
ဆန္ဒ ဗိုလ်ချုပ်၊ ထိုအလုပ်ကို၊
အားထုတ် လိုက်နာ၊ ဆောင်ရွက်ရာ၏။

မြန်မာ တိုင်းဖွား၊ ပြည်ထောင်သားတို့၊
ကွဲပြား မရှိ၊ မြင်လိုဘိ၏၊
နတ္ထိ ဝမ်းစာ၊ စုတ်ချာ အိုးအိမ်၊
ရောင်မှိန် အဝတ်၊ မွဲငတ် အလုပ်သမား၊
လယ်သမားတို့၊ ဖွံ့ထွား ချမ်းသာ၊
ဆန္ဒာ တောင့်တ၊ တွေ့လိုလှ၏၊ 

မွေးဖ ဗိုလ်ချုပ်၊ အားထုတ် တောင့်တ၊
အဝဝကို၊ စေ့င ပြီးပြေ၊
ဆောင်ရွက်လေလျှင်၊ 
မည်ပေ ကျေးဇူး ဆပ်ခြင်းတည်း။

                                                                 (ဆရာကြီး ဦးရန်အောင်)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...