သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, May 3, 2013

PostHeaderIcon ရွှေဥမင်ဆရာတော်ကြီး၏ သြဝါဒ

ရွှေဥမင်ဆရာတော်ကြီး ဘဒ္ဒန္တကောသလ္လ မထေရ်၏ သြဝါဒ

မီးလွတ်စားတယ် ဆိုသည်မှာ
လောဘမီး ဒေါသမီး မောဟမီး ဆိုတဲ့ မီးတွေလွတ်အောင်
စားနိုင်မှ မီးလွတ်ပါတယ်..။
သစ်သီး သစ်ဖုတွေစားရုံနဲ့ မီးမလွတ်ဘူးနော်..။

အရူး မီးဝိုင်း
လောဘမီး ၊ဒေါသမီး၊ သောကပရိဒေဝမီး ဆိုတဲ့ မီး ၁၁ပါး ဝိုင်းအလောင် ခံနေရတာ။

မှန်လိုက်တာ ဆရာတော် မီးလွတ်စားပြီး ကျောင်းကန် ပစ္စည်း ဥစ္စာ ရာထူး ဘွဲ့ထူး
ဂုဏ်ထူးများကို ခင်တွယ် မက်မောနေ လက်ခံနေသေးတယ်ဆိုရင် မီးတွေ လောင်
နေတာနဲ့ အတူတူပဲဖြစ်ပါတယ်။ ဒီလို အကုသိုလ်မီးတွေကို အဝင်မခံနိုင်အောင်
ရှောင်တိမ်းနိုင်မှသာ မီးကလွတ်မှာပါ။
အပြင်မီးတွေထက် စာရင် အတွင်းမီးဖြစ်တဲ့ လောဘ ဒေါသ မာန်မာနစတဲ့ အကု
သိုလ် မီးများ၊ နေထိုင် စားသောက် သွားလာမှုစတဲ့ ဘယ်နေမှာပဲ ဖြစ်ဖြစ် ရောင့်ရဲ
တင်းတိမ်နိုင်မှု၊ သည်းခံနိုင်မှုများနဲ့ ပြည့်ဝစေပြီး လာဘသက္ကာရနဲ့ ဂုဏ်ပကာသန
နောက်လိုမှုဆိုတဲ့ အလို ရမက်ကြီးမှုများ၊ စားဖို့ နေဖို့ ရဖို့၊ ဟိုအတွက် ဒီအအတွက်
ပူပင် ကြောင့်ကြမှုများ ဆိုတဲ့ လောဘဦးစီးတဲ့ အကုသိုလ်များ၊ ကုလခေါ်တဲ့ ဒကာ
ဒကာမ အသိုင်းအဝိုင်းများမှုအတွက် အားထုတ်တဲ့ လောဘစည်များ၊ အပြင် အာရုံ
၆-ပါးကို မိမိစိတ်ထဲကို အဝင် မခံပဲ...ကိုယ်နဲ့ လုပ်ချင်တိုင်း မလုပ်ပဲ... နှုတ်နဲ့ ပြောချင်
တိုင်း မပြောပဲ...စိတ်နဲ့ ကြံချင်တိုင်း မကြံပဲ... ထိန်းချုပ်ပြီးတော့....
အဲဒီ ကိုယ်နှုတ်စိတ် ကို စောင့်ထိန်းနိုင်မှုကသာလျှင် မီးက လွတ်အောင် လုပ်ဆောင်ရာ
ရောက်ပါသည်။ မီးလွတ်စားတယ်ဆိုတိုင်း မီးတွေအောက်က မလွတ်နိုင်ပဲ မီးတွေ ဝိုင်း
နေဦးမှာ ဖြစ်ပြီး အကုသိုလ်မီးများနဲ့ ကင်းနိုင်မှသာ မီးက လွတ်မယ်ဆိုတာ ဆရာတော်
ရဲ့ဆုံးမ စကားကို စဉ်းစားမိရင်း ဆက်စပ် တွေးတောမိလိုက်ပါသည်ဘုရား....။

     (ပို့စ်တင်သူ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...