သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, May 23, 2013

PostHeaderIcon ဧည့်သည်




"ဧည့်သည်"
•••••••••••

လာတုန်းကလည်း
တယောက်တည်းနော်၊
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး
ဥစ္စာချည်းနှီး၊ တကိုယ်တည်း။

ပြန်သွားတော့လည်း
တယောက်တည်းနော်၊
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး၊ တကိုယ်တည်း။

လာပြီးတော့ နား၊ မသွားသေးခင်၊
ချိန်လေးတွင်မှ၊ ဝန်းကျင် ယှက်နွယ်၊
နှောင်ကြိုး သွယ်ခဲ့။

ပြုံရယ် မဲ့ငို၊ ချစ်မုန်း ပိုကြ
မလိုဒေါသ၊ လိုလောဘနှင့်
ဘဝရိပ်မြုံ၊ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ်၊ လက်တွဲဖြုတ်ကာ
သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ချည်းပါတကား။

ငါသည်ပင်မှ
ခေါ်သူ မရှိ၊ ရောက်လာမိစဉ်
နှင်သူ မရှိ၊  ပြန်ဖို့ ရှိ၏။
ငါနေသည့် အိမ်၊ ငါ၏ အိမ် ဟု
ငါ့အိမ်မှာထား၊ ငါ့မယားနှင့်
ငါ့လင်သားနှင့်၊ ငါ့သားသမီး
ငါ့ပစ္စည်း ဟု၊ ယူသည့် စိတ်စွဲ
အမှတ် လွဲခဲ့။
အမှန်မှာမူ
ငါလာသောခါ၊ လက်ဗလာတည်း၊
ပြန်ရပါလျှင်၊ လက်ချည်းပင်တည်း၊
ငါ့တွင် ကိုယ်ပိုင် မရှိပါတကား။

လာသူလာလည်း၊ လာစမ်းပါစေ
မဆီးလေနှင့်၊
သွားသူသွားလည်း၊ သွားစမ်းပါစေ
မတားလေနှင့်၊
တို့တတွေမှာ၊ သဘာဝလျှင်
အမိရင်ဝယ်
ထွက်ဝင် ခိုနား၊ ခရီးသွားသည့်
ဧည့်သည်တွေချည်းပါတကား...။

မင်းကွန်း တိပိဋကဆရာတော်ဘုရားကြီး

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...