သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, May 19, 2013

PostHeaderIcon ရှုတိုင်း ယဉ်တဲ့ ဝတ်စုံရှင်





မြန်မာ့ယဉ်ကျေးမှု အဆင်စုံ
ဘယ်သူခြုံ ဆင်မြန်းစေတော့
တင့်ဆန်းလျှက် အကုန်။

ရှုတိုင်းရယ် ယဉ်
တုနှိုင်း ဘယ်မမြင်လို့
အသွင်မှာ ဘဝင်အေးစေပြီး
မြင်သူငေး ငေးစင်းသွားမယ်
ဒို့ သွေးချင်းသား ဝတ်စုံ။

ဒီဝတ်စုံ တူဆင်မြန်းရင်ဖြင့်
ခေတ်ဆန်းတွင် အယဉ်ဆင့်လို့
တင့်လှပေါ့ မယ့်ကညာ
စွဲမက်ဖွယ်ရာ။

ရေးဖွဲ့ မကုန်ပါဘု
ဆေးချဲ့မှုံမယ့် ပန်းချီဆရာရယ်
မမီပါ ဒီဆင်မြန်းမှုကို
သင် လှမ်းတု ယှဉ်စေဦးတော့
ဝသုန်မြေ ဒီတလွှားမှာ ရှာခါမှ ရှားပေပေါ့

မြသားနှစ် ကျောက်အသွင်လို
အနောက်ခွင် မယ် တသိုက်တောင်မှ
ဟယ် ကြိုက်လှချည့် ယဉ်ပုံဆန်းကို
မြင်ရုံ လှမ်း ဆွတ်ချူချင်သလိုပ
ထွဋ်အငူ ရေစင် စမ်းမြအသွင်မို့
ရွှေပင် နန်းက မယ့်သခင်လို
တကယ့် ပင်ကိုယ် လှပုံ ထူးပြီထင့်
မြငုံအထူး မချယ်သ သော်လဲ
မယ်ပပ ရှုံးနိုင်လောက်ရယ်မို့
အပြုံးဆိုင် ယဉ်တကိုယ် အလှကြက်သရေတိုးပြီး
တဘဝ မက်မပြေ အသည်းဆိုင်များကို
မခွဲနိုင် မြဲခိုင်ထား တွယ်ရစ်နိုင်သမို့

( မြန်မာမလေးတို့ရေ)

မပြယ်အချစ် မလယ် အသစ်နဲ့
တကယ်အချစ်က ပယ် မပစ်သွားအောင်လို့
တနယ်က အသစ်တွေ ဝယ်စရာ မလိုပါဘူး
တကယ်သာ ပို အယဉ်ဆန်း အမြင်ဆန်း အသွင်ဆန်းချင်ရင်တော့
(အိုကွယ်)... ဆင်မြန်းလိုက်ပေါ့ ဒို့ ဝတ်စုံကိုသာ။

( နွေနှင်းမိုး ) 19.5.2013

 

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...