သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, May 3, 2013

PostHeaderIcon ဆိုင်ရာ ကျင့်ဝတ်များ


"လင့်ကျင့်ဝတ်"
(၁) မိမိမယားအား မထီလေးစား မပြုရခြင်း။
(၂) ရှာဖွေရရှိ သမျှ ဥစ္စာတို့ကို အပ်နှံရခြင်း။
(၃) အခြားမိန်းမနှင့် ဖောက်ပြားကျူးလွန်ရန် မကြံစည် ရခြင်း။
(၄) မိမိမယားအား အဝတ်တန်ဆာ ဝယ်ယူဆင်ယင် ပေးရခြင်း။
(၅) မြတ်နိုးကြင်နာစွာ ဆက်ဆံရခြင်း။
လင်္ကာ..( မထီ မဲ့ကင်း၊ အပ်နှင်း ဥစ္စာ၊ မိစ္ဆာ မမှား၊ 
ဝတ်စား ဆင်ယင်၊ မြတ်နိုးကြင် ၊ ငါးအင် လင်ကျင့်ရာ။)

"မယားကျင့်ဝတ်"
(၁) အိမ်တွင်းမှု ကိစ္စများကို အဆင်ပြေစေရန် စီမံ ပြုလုပ်ရခြင်း။
(၂) လင်ယောက်ျား ရှာဖွေ အပ်နှံသော ဥစ္စာကို ထိန်းသိမ်း စုဆောင်းခြင်း။
(၃) အခြား တပါးသော ယောက်ျားတို့နှင့် မမှားမယွင်း မဖောက်ပြန်ခြင်း။
(၄) နှစ်ဖက် ဆွေမျိုး၊ အိမ်နီးချင်း အလှူခံတို့အား မျှတစွာ ခွဲဝေပေးကမ်း လှူဒါန်းခြင်း။
(၅) အိမ်ထောင်မှု ကိစ္စအားလုံးတွင် မပျင်းမရိ ချစ်ခင်ဖွယ်ဖြစ်အောင် ကြိုးစားခြင်း။
လင်္ကာ...(အိမ်တွင်းမှု လုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြည်ရှောင်၊
 လျော်အောင် ဖြန့်ချိ၊ ပျင်းရိ မမူ၊ ဝတ်ငါးဆူ၊ အိမ်သူ ကျင့်ဝတ်စွာ)

"သခင်ကျင့်ဝတ် (အလုပ်ရှင်)"
(၁) အလုပ်သမားကို ဝ လင်အောင် ကျွေးခြင်း၊
(၂) လုပ်နိုင်သော အလုပ်ပမာဏကိုသာ ပေးအပ်ပြီး သင့်လျော်ချိန်တွင် ပြုလုပ်စေခြင်း၊
(၃) နာဖျား မကျန်းမာသောအခါ ပျောက်ကင်းသည်အထိ ဆေးကုသပေးခြင်း၊
(၄) ထူးခြားသော အစားအစာကို ရရှိတိုင်း ဝေငှပေးခြင်း၊
(၅) ဥပုသ်နေ့၊ ပွဲတော်နေ့၊ အလုပ်ပိတ်ရက်တို့တွင် အနားပေး လွတ်လပ်စေခြင်း၊
လင်္ကာ... (ဝစွာ ကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင် ကုစေ၊ 
ငှဝေ ရသာ၊ အခါကို လွှတ် ၊ အရှင့်ဝတ် ၊ မချွတ် ငါးခုသာ) 

"ကျွန်ကျင့်ဝတ် ငါးပါး''
အိပ်သော် နောက်ကျ၊ ထသော် ကားရှေ့၊ ပေးမှယူအပ်၊
စ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်ငါးချက် ကျွန်ကျင့်ရာ။


"သားသမီးကျင့်ဝတ် ငါးပါး''
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ 
စာင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်ကျင့်ဖွယ် သားတို့တာ။


"မိဘကျင့်ဝတ် ငါးပါး''
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်ဖခင်မယ်တို့တာ။

"တပည့်ကျင့်ဝတ် ငါးပါး''
ညီညာထကြွ၊ ဆုံးမ နာယူ၊ လာမူကိုဆီး၊ ထံနီးလုပ်ကျွေး၊ 
သင်,တွေး,အံရွတ်၊ တပည့်ဝတ်မချွတ် ငါးခုတာ။

"ဆရာ့ကျင့်ဝတ် ငါးပါး''
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ 
သင့်ရာအပ်ဖို့ ဆရာတို့ကျင့်ဖို့ ၀တ်ငါးဖြာ။

"မိတ်ဆွေကျင့်ဝတ် ငါးပါး''
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နူတ်မြွတ်ချိုသာ?
သစ္စာမှန်စေ၊ ၀တ်ငါးထွေကျင့်လေ မိတ်သဟာ။

"ဒါယကာကျင့်ဝတ် ငါးပါး''
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊ ခင်မင်နူတ်ချို၊ လိုလျှင်ဖိတ်ထား၊
တတ်အားလှူစေ၊ ၀တ်ငါးထွေ၊ ပြုလေ ဒါယကာ။

"ရဟန်းကျင့်ဝတ် ခြောက်ပါး''
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊ နာဖူးထပ်မံ၊
နတ်ထံ တင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမူ၊ ခြောက်ခု လွန်သေချာ။

ကျမ်းသိင်္ဂါလ၊ သုတ်ယ်ပြ၊ သုံးဝ မြတ်ဆရာ။ 
ကျင့်ဝတ်မပြေ၊ ပါယ်လေးထွေ၊ လားလေ ရှည်မြင့်ကြာ။ ဤသည့်တ်ကုန်၊ ဆွေမျိုးစုံ ခြောက်ဘုံထက်နတ်ရွာ
လှည်းဘီးပြင်က၊ နားစောင့်ချသို့၊ မိဘနှင့်သား၊ မယားနှင့်လင်၊ 
အရှင်နှင့်ကျွန်၊ ထေရ်မွန်ဒကာ၊ မိတ်သဟာနှင့် ဆရာတပည့်၊ 
တည့်တည့်မချွတ်၊ ကျင့်တ်စုံလင်၊ ဖြူသန့်စင်မူ၊ ရှင်လည်းမကွေ၊
သလည်း မကွာ၊ နတ်ရွာလူ့ပြည်၊ လှည့်လည်အတူ၊ ခံစားမူ၍၊ 
နိဗ္ဗူရွှေပြည်၊ င်အံ့သည်တည့် 
မတည်ကျင့်ဝတ်၊ ချွတ်သူတို့မှာ၊ မလွတ်သာသည် လေးရွာဖိုလုံး လူဖြစ်ရူံး။

"ဥစ္စာပျက်ကြောင်း ခြောက်ပါး''
သေစာသောက်စား၊ လမ်းသွားခါမဲ့၊ ရူငဲ့သဘင်၊ ပျော်ရွှင်အန်လောင်း၊ 
မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကားယိုယွင်း ဥစ္စာ၊ ပျက်ကြောင်းတည်း။

"သေအရက်သောက်ခြင်း အပြစ်ခြောက်ပါး''
ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊ မလုံအင်္ဂါ၊
ပညာနည်းရှား၊ ဤခြောက်ပါးကား၊ သောက်စားသစာ အပြစ်တည်း။

"အခါမဲ့သွားလာခြင်းအပြစ် ခြောက်ပါး''
ကိုယ့်သားမယား၊ တခြားဥစ္စာ၊ လုံရာ မဲ့ရှောင်၊ မကောင်းအရာ၊ 
ရွံရှာလေအပ်၊ ယိုးစွပ်ရောက်မူ၊ ဆင်းရဲစု၊ ခြောက်ခုခါမဲ့ သွားပြစ်တည်း။

"သဘင်ပွဲလမ်းအပြစ် ခြောက်ပါး''
ကခြင်း တလီ၊ သီခြင်းတသီ၊ မူတ်တီးတသင်း၊ ပိန်ဖျင်းတအုပ်၊ လက်ခုပ်တတည်၊ 
အိုးစည်တဖြာ၊ ရှိရာရှာ၍၊ ဥစ္စာပျက်မူ၊ ဤခြောက်ခုကားကြည့်ရူသဘင်အပြစ်တည်း။

"လောင်းတမ်းကစားသူအပြစ် ခြောက်ပါး''
အောင်သူ ရန်ပွား၊ ရူံးသွား စိုးရိမ်၊ စည်းစိမ် လျှာ့ပါး၊ တရားသဘင်၊ 
င်သက်သေ၊ မိတ်ဆွေနှိမ့်ဆို၊ မလိုထိမ်းမြား၊ ဤခြောက်ပါးကား
ပျာ်ပါးကြွအန် အပြစ်တည်း။

"မိတ်ဆွေပျက် ခြောက်ပါး''
ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမူ၊ အတုပြုငြား၊ 
လှည့်စားတယာက်၊ မျက်မှောက်လှည့်ချက်၊ နိုင်ထက်လုယူ၊
ဤသူခြောက်ပါး၊ မိတ်ဖြတ်လားကြောင့်ပျက်ပြား မိတ်ဆွေအပြစ်တည်း။

"ပျင်းရိခြင်းအပြစ် ခြောက်ပါး''
အချမ်းပြင်းဝှမ်၊ အလွန်ပူနိုး၊ မိုးချုပ် လှမော၊ စောလှလွန်းရောင်၊ 
ဆာလောင်ပြင်းပြ၊ မ်းလွန်းထွေ၊ နေကပညာ၊ မပွားရာသည်
 ခြောက်ဖြာပင်းသူ အပြစ်တည်း။

"အကြီးအကဲကျင့်ဝတ် ခြောက်ပါး''
ထကြွ, နိုးကြား, သနား, သည်းခံ၊ ဝေဖန်ကြည့်ရူ၊ 
ဤခြောက်ခုကား၊ ကြီးသူ ကျင့်ရာ တရားတည်း။


"ကိုယ်ကျိုးသာငဲ့သော အဆွေခင်ပွန်းတု လေးယောက်''
လက်ချည်းလာ၍ ဥစ္စာဆောင်သယ်၊ အနည်းငယ်ဖြင့်သာ၊ များစွာလိုရှိ၊
ဘးထိရောက်ခါ၊ ပြုလာတုံဘိ၊ မိမိကျိုးငှာ၊ မှီလာ ပေါင်းယှဉ်၊ 
လေးယောက်စဉ်ကားအညဒတ္ထုဟရတည်း။

"နတ်ဖြင့်သာ ဟန်ဆောင်သော အဆွေခင်ပွန်းတု လေးယောက်''
ရှေ့ဖြစ်စေ့စပ်၊ တထပ်နောက်မှီ၊ ချည်းနှီးသင်္ဂြိုဟ်၊ ပေးလိုစဟန်၊ ပစ္စုပ္ပန်မူ၊
ပညွှန်ပျက်ပြား၊ ဤလေးပါးကား မှတ်သား စီပရမတည်း။

"ချစ်ဖွယ်ကိုသာဆိုတတ်သော အဆွေခင်ပွန်းတု လေးယောက်''
မကောင်းခွင့်ပြု၊ ကောင်းမူကိုလျှင်၊ ဆင်ခြင်မရူ၊ ခွင့်ပြုသည်ပင်၊ 
ရှေ့တွင်ချီးမွှမ်း၊ ဖုံးလွှမ်းကွယ်လျှင်၊ ကဲ့ရဲ့ချင်သည်၊ လေးအင် ပိယဘာဏီတည်း။

"ကျေးဇူးရွက်ဆောင်သော အဆွေခင်ပွန်းစစ် လေးယောက်"
မေ့လျော့စောင့်လာ၊ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက၊
နှစ်ဆဥစ္စာ၊ ချေးပေးလာသည်၊ လေးဖြာ ဥပကာရတည်း။

"ဆင်းရဲမကွာ-ချမ်းသာမပစ်သော အဆွေခင်ပွန်းစစ် လေးယောက်''
လျှို့ဝှက်စကား၊ ကြားစေတုံလျက်၊ သူလျှိုဝှက်၍၊ ဘေးတွေမစွန့်၊ မတွန့်တိုပါ၊
သူ့ကိုညှာလျက်၊ ကိုယ့်သက်စွန့်မြောက်၊ ဤလေးယောက်အား
 မျှလောက် ချမ်းသာ ဆင်းရဲတည်း။

"အကျိုးစီးပွားကို ပြောကြားတတ်သောအဆွေခင်ပွန်းစစ် လေးယောက်''
မကောင်းမြစ်တာ၊ ကေားရာ သွင်းထား၊ မကြား စကောင်း၊ အကြောင်းကြားလာ၊
နတ်ရွာလမ်းပြ၊ ဤလေးကား၊ မည်ရ အတ္ထက္ခာယီတည်း။

"အစဉ်သနားတတ်သော အဆွေခင်ပွန်းစစ် လေးယောက်''
ဥစ္စာခမ်းနား၊ မပွားသမြို့၊ မနှစ်လိုငြား၊ ပွားကရွှင်မြူး၊ ကျေးဇူးမဲ့ကို၊ ဆိုသော်တားမြစ်၊
ကျးဇူးဖြစ်ကို၊ ဆိုသော်ချီးမွမ်း၊ သူတို့တမ်းကား၊ မြိန်ကျွမ်း အနုကမ္ပတည်း။

"အလေးအမြန်ပြုအပ်သော အရပ် ခြောက်မျက်နှာ''
အရှေ့မိဘ၊ တောင်မှဆရာ၊ နောက်မှာမယား၊ မြောက်ကားမိတ်ဆွေ၊ 
အောက်ခြေ ကျွန်များ၊ အထက်ဖျားကား၊ ပုဏ္ဏား, ရဟန်း၊ ခြောက်ယောက်တည်း။

"အလောင်းအလျာသို့ အလိုတော် ခြောက်ပါး''
လောဘ, ဒေါသ၊ မောဟကင်းလို၊ တောင်ခို တဖြာ၊ ဆိတ်ရာငိမ်သက်၊ ၀ဋ်မှထွက်
ခာက်ချက်လာင်းလျာ လိုတော်တည်း။

"မပြတ်ဆင်ခြင်ရာသော တရားငါးပါး''
အိုခြင်းတဖြာ၊ နာခြင်းတထွေ၊ သေခြင်းတခြား၊ ကွဲပြားတတန်၊ ကံလျှင်ဥစ္စာ၊
ဤငါးဖြာကို၊ မကွာနေ့ည၊ ဉာဏ်သက်င်၍ ဆင်ခြင်ကြ။


 


0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...