သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, May 6, 2013

PostHeaderIcon ကျောက်ဆင်းတုတော် ကိုးကွယ်မှု



 
ဗုဒ္ဓဘာသာဝင်များ သိစေဖို့ရန်

၁၉၆၆ ခုနှစ်ခန့်က အဖြစ်အပျက်တစ်ခုကို သွားသတိရမိ၏။ စာရေးသူနှင့် အသက်ချင်း သိပ်
မကွာသော မိတ်ဆွေသဟာယကလည်းဖြစ် စာရေးသူထံ စာဝါများလိုက်ဖူးသဖြင့် တပည့်
လည်းဖြစ်ခဲ့ဖူးသော ဦးအာဒိစ္စ အမည်ရှိ ရဟန်း တပါးက...
 'ဦးဇ၀န တပည့်တော် ဦးလေးအိမ်မှာ ကျောက်ဆင်းတု တဆူ ရောက်နေတယ်ဘုရား။ 

မန္တလေးက ပင့်လာတာတဲ့။ အဲဒါ ဘုန်းကြီးကျောင်းပို့ခိုင်းရဦးမယ်။ ကျောက်ဆင်းတုကို
အိမ်မှာ မကိုးကွယ် ကောင်းဘူးဆိုတာ သူတို့ မသိကြဘူး '
 ' အလို ကျောက်ဆင်းတု အိမ်မှာ ကိုးကွယ်တော့ ဘာဖြစ်လို့တုံး ဦးအာဒိစ္စရဲ့...'

သူက အံ့သြသော မျက်လုံးဖြင့် ကျွန်ုပ်ကို လှမ်းကြည့်ကာ လူကို ခိုက်တတ်တယ်ဆိုတာ ဦး
ဇဝန မကြားဖူးဘူးလား ဟု မေး၏...
ကျွန်ုပ်က   'ကြားဖူးသားပဲ။ ဒါပေမဲ့ ကြားတိုင်း ယုံစရာ မလိုဘူးလေ။ ယုတ္တိ ရှိ မရှိ စဉ်းစား
ဝေဖန်ပြီးမှ ယုံရမှာပေါ့'
' ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့ဆိုတဲ့ စကားရှိတယ် ဦးဇဝနက ရှေးထုံးကို
ပယ်မလို့လား.'        
 ' ဒီစကားပုံက ကောင်းတဲ့ အကျိုးပြုတဲ့ ရှေးထုံးကိုသာ မပယ်နဲ့လို့ ခိုင်းတာ။ မကောင်းတဲ့
လူ့လောကကို ကောင်းကျိုး မပြုတဲ့ ရှေးထုံးတွေကိုတော့ ရဲရဲဝံ့ဝံ့ ပယ်ပစ်ရမယ်။ ပုဂံပြည်မှာ
အရင်တုန်းက ဗေဒင်ဟော ဓါတ်ရိုက် ဆေးကု ပန်းဦးပန်နေတဲ့ အရည်းကြီးတွေကို ကိုး
ကွယ်ခဲ့ကြတယ်။ ဒါရှေးထုံးပဲ မြန်မာပြည်မှာ သူတို့ တွင်ကျယ်နေတာ နှစ်ပေါင်းအကြာကြီးပဲ
ဒီလို မကောင်းတဲ့ ရှေးထုံးကြီးက ရှင်အရဟံကို ဆရာတင်ပြီး အနော်ရထာမင်းကြီးက ရဲဝံ့စွာ
ဖယ်ရှားပစ်ခဲ့လို့ မြန်မာပြည်သား အားလုံး အခုလို စစ်မှန်ကောင်းမွန်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာ
သာကို ကြည်ညို ကိုးကွယ်ခွင့် ရနေကြတာ မဟုတ်ဘူးလား '
             ' ဒါတော့ဟုတ်တာပေါ့..'

' ဒါတင်မကပါဘူး မကောင်းတဲ့ ရှေးထုံးမှန်ရင် ဘယ်နေရာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ပယ်ရှား
ပစ်ရင် ဟုတ်တာ ကောင်းတာချည်းပဲ။ အိန္ဒိယနိုင်ငံမှာဆိုရင် အရင်တုန်းက လင်သေလို့ မီးရှို့
နေပြီဆိုရင် မယားက အဲဒီမီးပုံထဲကို ခုန်ချပြီး သေရတယ်။ ကျန်မနေရစ်ရဘူး။ မိန်းမတွေကို
လူရာမသွင်းဘဲ ကြဉ်ထားတာပေါ့။ တကယ်လို့ မီးပုံထဲ ခုန်မချဘဲ ကျန်ရစ်ခဲ့တဲ့ မိန်းမဆိုရင်
လည်း နှစ်ဖက်ဆွေမျိုး အပါအ၀င် ပတ်ဝန်းကျင် တခုလုံးက မိန်းမပျက်လို့ သဘောထားပြီး
အပေါင်းအသင်း မလုပ်ပဲ ၀ိုင်းကြဉ်လိုက်ကြတယ်...'
  ' တော်တော်ရက်စက်ပြီး လူမဆန်တဲ့ အလေ့အထကြီးပါလား..'
 ' အဲဒါ ဦးအာဒိစ္စ ပြောတဲ့ ရှေးထုံးပဲလေ။ ဗုဒ္ဓပွင့်တော်မူလာပြီးတဲ့နောက် လူသားမှန်သမျှ 

မဟာကုသိုလ်(ကြီးမားသောကုသိုလ်) စိတ်ကြောင့် ဖြစ်တာ ချည်းမို့ ယောက်ကျားနဲ့ မိန်းမ
အတူတူသာဖြစ်သည်။ မည်သူက မည်သူထက် မြတ်သည် ယုတ်သည် မရှိလို့ ပြတ်ပြတ်
သားသား ပောာတော်မူခဲ့တာကြောင့် အခုဆိုရင် အဲဒီအလေ့အထကြီး ပျောက်သလောက်
ဖြစ်နေပါပီ။ 
အာဖရိကတိုက်ထဲက မှတ်တာပဲ ကျွန်းနိုင်ငံလေးတခု အကြောင်း ဖတ်ရသေးတယ်။ အဲဒီနိုင်ငံ
ရဲ့ အလေ့အထက မိဘတွေကို အိုမင်းချိနဲ့ နေတဲ့အထိ မထားကြဘူး။ အိုမင်း ချိနဲ့မှ
သေသွားရင် နောက်ဘ၀မှာလည်း အိုမင်း ချိနဲ့ နေမယ်လို့ အယူရှိခဲ့ကြတယ်...'
   ' ဟင် အဲဒီတော့ မိဘတွေကို ဘာလုပ်ပစ်ကြသလဲ..'

'ဘာလုပ်ပစ်ရမလဲ အသက်ခြောက်ဆယ် အရွယ်လောက် ရောက်ပြီဆိုတာနဲ့ သားဖြစ်သူက
တောင်းထဲ ထည့် ထမ်းသွားပြီး တောနက်ထဲမှာ ရှိတဲ့ ဧရာမ ချောက်နက်ကြီးထဲ ပစ်ချပြီး
သတ်ပစ်လိုက်တာပေါ့...'
  'ရက်စက်လိုက်တာဘုရား ဒီလိုဆိုတော့ သူတို့ တနိုင်ငံလုံး ပဉ္ဇာနန္တရိယကံ ထိုက်နေကြ

တာပေါ့ဘုရား..'
  ' ဒါကြောင့် လူ့လောကကို ကောင်းကျိုးမပြုတဲ့ ရှေးထုံးမျိုးကျတော့ ပယ်ရမယ်လို့

 ပြောတာပေါ့ အခုတော့ အဲဒီအယူအဆကြီး ပျောက်စပြုနေပြီလို့ သိရပါတယ်။ ဒီနိုင်ငံ
နဲ့ ဆက်စပ်မှု ရှိနေတဲ့ ဖြစ်ရပ်ကလေးနှစ်ခု  တပည့်တော် ဖတ်ဖူးထားတယ်။ ကြေကွဲ
စရာလည်းကောင်း သင်ခန်းစာ ရစရာလည်းကောင်းတယ်...'
    မြန်မြန်ပြောပါဘုရား...
 ' ဟော တော်တော် စိတ်ဝင်စားနေပြီထင်တယ်။ ပထမတခုက သားတယောက်ဟာ မိခင်

အိုကို စောစောကလို ချောက်ထဲပစ်ချပြီး သတ်ရအောင် တောင်းထဲ ထည့်ပြီး ထမ်းလာ
တယ်။ ဒီလိုနေရာမျိုးဟာ အနှစ်ငါးဆယ် တရာ နေမှ တခေါက်လောက် သွားကြတာဆို
တော့ လမ်းရယ်မရှိဘူး။ တောတိုးပြီး ရမ်းသမ်း သွားကြရတာပဲ။တချို့ အပြန်ကျမှ လမ်း
ပျောက် မျက်စိလည်လို့ အစာရေစာ ငတ်ပြီး တောထဲမှာ သေသွားကြတဲ့ သားသမီးတွေ
လည်းရှိတယ်။ မိဘ သွားသတ်ရင်းနဲ့ ကိုယ်ပါ သေသွားကြရတာပေါ့။ ဒီ အဖြစ်တွေကို 
ကြားဖူးတဲ့ တောင်းထဲက မိခင်အိုဟာ လက်လှမ်းမီသမျှ သစ်ခက်တွေကို ချိုးယူပြီး ပေ
တရာမှာ တချောင်းနှုန်း တချောင်းနှုန်းနဲ့ တလမ်းလုံး ပစ်ချလာခဲ့တယ်။  မိခင်ကို သတ်ဖို့
ဇောတခုသာ ရှိတဲ့ သားကတော့ ဒါတွေကို မသိရှာဘူး။ ရှေ့ကိုသာ စွတ်သွားနေတာပေါ့။
ဒီလိုနဲ့ ချောက်ကမ်းပါးကို ရောက်တော့ ပစ်မချမီမှာ မိခင်ကို နောက်ဆုံးအနေနဲ့ ဘာမှာခဲ့
ချင်သလဲလို့မေးတော့ သားအပြန်မှာ မျက်စိလည် လမ်းမှားမှာ စိုးလို့ လမ်းတလျှောက်လုံး
ပေတရာ တရာမှာ ဒုတ်တချောင်းနှုန်း ချထားရစ်ခဲ့တယ်။ဒီဒုတ်ချောင်းလေးတွေကို ကြည့်ပြီး
အိမ်ကို အရောက်ပြန်ပါတဲ့။ အဲဒီမှာတင် သားဖြစ်သူက မိဘမေတ္တာကို နားလည်သွားပြီး
မသတ်တော့ပဲ အိမ်ကို ပြန်ခေါ်လာခဲ့သတဲ့..'။
  ' မိဘမေတ္တာက အံ့သြစရာပါလား ဘုရား....'
 

 'အံ့သြစရာပေါ့။ နောက်တခုကလည်း ဒီပုံစံပဲ သားဖြစ်သူက ဖခင်ကို သတ်ရအောင် တောင်း
ထဲ ထည့် ထမ်းလာခဲ့တယ်။ ဒီအချိန်မှာ သတ်မဲ့သူရဲ့ သားငယ်တယောက်ဟာ မသိမသာ
နောက်က လိုက်သွားသတဲ့။ သူ့အဖေက မလိုက်စေချင်မှန်းသိလို့ မသိအောင် လိုက်သွားတာ
ပေါ့။ သူ့ အဘိုးကို သတ်မယ်ဆိုတာတော့ သူက မသိရှာပါဘူး။ ချောက်ကြီးနား ရောက်လို့ 
အဘိုးဖြစ်သူကို ပစ်ချမယ်လုပ်တဲ့အခါကျတော့ ကလေးငယ်ဟာ ဖခင် ရှေ့ပြေးလာပြီး..
အဖေ ဒါဘာလုပ်တာလဲလို့ အတင်းမေးသတဲ့ အဲဒီအခါ သူ့အဖေက  တို့နိုင်ငံရဲ့ ထုံးစံအတိုင်း
တအား မအိုခင်  မင်းအဘိုးကို သတ်တာလို့ ဖြေသတဲ့..။  ဒီတော့ သားငယ်က    တခွန်း
ပြန်ပြောလိုက်သတဲ့။  အဲဒီစကားကြောင့် သူဟာ သူ့အဖေကို မသတ်ဖြစ်တော့ပဲ အိမ်ကို
ပြန်ခေါ်လာခဲ့ သတဲ့...။ သူ့ သားလေးပြောတဲ့ စကားက .. 
ကျွန်တော် ကြီးလာရင်လည်း အဖေ့ကို ဒီလိုပဲ ပြန်သတ်ရမယ်ဆိုတာ နားလည်သွားပြီတဲ့....'
   

'ကဲ ကျောက်ဆင်းတု အကြောင်းဆက်ပါဦးဘုရား...'
 ' ဆက်ရရင် ကျောက်ဆင်းတုကို လူပုဂ္ဂိုလ်တွေ မကိုးကွယ်ကောင်းဘူး။ ကိုးကွယ်ရင် ခိုက်

မယ် ဆိုတဲ့ စကားဟာ ဘယ်ဘုရားဟော ကျမ်းဂန်မှာမှ မရှိဘူး။ ဒါကြောင့် ကျမ်းဂန်လွတ်
ထင်ရာပြောကြတဲ့ စကားဖြစ်လို့ ဘာမှ အလေးထားစရာ မလိုဘူး။ ဒါက ပထမသုံးသပ်ချက်
ပေါ့။ ... ဒုတိယ သုံးသပ်ချက်က   ကျောက်ဖြစ်စေ ကြေးဖြစ်စေ သစ်သားဖြစ်စေ ဘယ်
ဆင်းတုပဲ ကိုးကွယ်ကိုးကွယ်  ကြည်ညိုတဲ့ သဒ္ဓါစိတ်နဲ့ ကိုးကွယ်ကြတာချည်းပဲ ...  
ကဲ ဦးအာဒိစ္စ ဖြေစမ်းပါ။ ကြည်ညိုတဲ့ သဒ္ဓါစိတ်ဟာ ကုသိုလ်လား...
အကုသိုလ်လား....'
  ' ကုသိုလ်ပေါ့ ဘုရား ...'  
  ' ကုသိုလ်ဆို ကောင်းကျိုးပေးမလား ဆိုးကျိုးပေးမလား'
  ' ကောင်းကျိုးပဲ ပေးမှာပေါ့ ဘုရား'
   ' ဒါဆို ရှင်းနေပြီပဲ။ ဒီလောက် ရှင်းနေတာကို ရှုပ်သွားအောင်  ကျောက်ဆင်းတုကို ကိုး

ကွယ်ရင် ခိုက်မယ်ဆိုတဲ့ စကားကို ဘယ်သူတွေ ထွင်လိုက်တာလဲ ဆိုတာကို စဉ်းစားရမယ်။
ဦးအာဒိစ္စ  စဉ်းစား မကြည့်ဖူးဘူးလား...'။
   ' မစဉ်းစားဖူးဘူး ဘုရား..'
   ' အဲဒီလို မစဉ်းစားတဲ့ အတွက်ကြောင့် သာသနာကို ဖြိုဖျက်ချင်တဲ့ သူတွေရဲ့ သပ်လျှို

သွေးခွဲ စကားကို ဦးအာဒိစ္စ ယုံမိတာပေါ့...'
  'သာသနာကို ဖြိုဖျက်ချင်သူတွေရဲ့ သပ်လျှို သွေးခွဲစကား ဟုတ်လား ဘုရား'
  ' ဟုတ်တယ်..။ ဗုဒ္ဓဘာသာကို  ဖျက်ဆီးချင်တဲ့ သူတွေက ပြောင်ပြောင်တင်းတင်း ဖျက်ဆီး

လို့ မရမှန်း သိတော့ ပရိယာယ်နည်းနဲ့ ဗုဒ္ဓကို မကိုးကွယ်ဖြစ်အောင် လှန့်လုံး သွင်းပေးလိုက်
တာပဲ။ ဒါကို အတွေးအခေါ် မရှိတဲ့  ဗုဒ္ဓဘာသာဝင် အချို့က ယုံကြည်လက်ခံပြီး ထပ်ဆင့်
ဝါဒဖြန့်ရာကနေ လူပုဂ္ဂိုလ်တွေ ကျောက်ဆင်းတု မကိုးကွယ်ရ ဆိုတဲ့ ဝါဒက ခေတ်စား
လာတာပဲ...'၊
  ' ဒါဆိုရင် တပည့်တော်တောင် အတွေးအခေါ်မရှိတဲ့သူ ဖြစ်နေပြီပေါ့ ဘုရား
  အမှန်ပဲပေါ့.. ဦးအာဒိစ္စတို့လို ဘာသာရေးခေါင်းဆောင် ရဟန်းတော်(အချို့)ကိုယ်တိုင်က

အမြင်မရှင်းမှတော့ စာပေ ဘာမှ မရှိတဲ့ ဒကာဒကာမတွေ အယူအဆ မှားမှာကတော့ ပြော
စရာမရှိတော့ဘူး...'
    ယာဒိသံ ဝပ္ပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။
    ကလျာဏ ကာရီ ကလျာဏံ၊ ပါပကာရီ စ ပါပကံ။
  ချိုသော မျိုးစေ့ကို စိုက်ပျိုးသောသူသည် ချိုသော အသီးကို စားရ၏ ။ ခါးသော မျိုးစေ့ကို

စိုက်ပျိုးသောသူသည် ခါးသောအသီးကို စားရ၏ ။ ထို့အတူ ကောင်းသော ကုသိုလ်အမှုကို
ပြုလေ့ရှိသောသူသည် ကောင်းသော အကျိုးကို ခံစားရ၏ ။  မကောင်းသော အကုသိုလ်အမှု
ကို  ပြုလေ့ရှိသောသူသည် မကောင်းသော အကျိုးကို ခံစားရ၏''

(ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အတွေးမှား အမြင်မှားတွေ ပပျောက်စေဖို့အတွက် ရည်

ရွယ်ပြီး ဒီပို့စ်လေးကို ထေရဝါဒမှတ်ကျောက် မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်ရဲ့ စာအုပ်
ကနေ ရိုက်ကူး တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အထင်မှားမှုများ
ပပျောက်ပါစေ...

စေတနာ ကောင်းရင် ကံကောင်းမယ်။ စေတနာ ဆိုးရင် ကံဆိုးမယ်။ ကိုယ်က ကောင်းမြတ်
တဲ့ စိတ်ထားနဲ့ လောကရဲ့အမြတ်ဆုံး ပုဂ္ဂိုလ်ကို ကိုးကွယ်တာ။ လောကအကျိုးကို လမ်း
ညွှန်ပြခဲ့တဲ့ မြတ်ဘုရားကို ကိုးကွယ်တာ။ ပုံတော်က အဓိက မကျဘူး။ မြတ်ဘုရားရဲ့သတ္တ
ဝါအများ အပေါ်မှာ ထားရှိခဲ့... ကျင့်ဆောင်တော်မူခဲ့...လမ်းညွှန်ဟောကြားတော်မူခဲ့တဲ့
တရားများ.. ဂုဏ်တော်များကို အာရုံပြုဖို့က အဓိကဖြစ်တဲ့အတွက်... ပုံတော်က ဘာပုံ
တော်ပဲဖြစ်ဖြစ် အရေးမကြီးပဲ  ကိုးကွယ်သူ ထားရှိတဲ့ စိတ်စေတနာကသာ အဓိက အရေး
ကြီးတာပါ ဆိုတာ သိစေချင်ပါတယ်။ ပုံတော်ကို မြင်လိုက်တာနဲ့ စိတ်ထဲမှာ ကြည်နူးပြီး
ကြည်ညို သဒ္ဓါစိတ်များ တိုးပွားအောင် သပ္ပါယ်နေဖို့တော့ လိုတာပေါ့... မြတ်ဘုရားက
အတုမရှိတဲ့ ရုပ်အဆင်း ပိုင်ရှင်လေဗျာ...    တိုးတိုး... )


0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...