သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, May 9, 2013

PostHeaderIcon ကဆုန်လ၌ ကြုံရသော - ဗုဒ္ဓနေ့ ပွဲတော်


ဦးအောင်ကြီးသည် သက္ကရာဇ် ၁၀၇၆ - မှ ၁၀၉၅ - အတွင်း အင်းဝပြည် တနင်္ဂနွေ
မင်းခေါ် သီရိပဝရ မဟာဓမ္မရာဇမင်း လက်ထက် ထင်ရှားသော စာဆိုတော်ကြီး
တဦး ဖြစ်၏၊ ထိုအချိန် အခါက ဤကဆုန်လတွင် ညောင်ရေသဘင်ပွဲ အကြီးအကျယ်
ဆင်နွဲမြဲဖြစ်ရာ ယခုခေတ်ကဲ့သို့ ကဆုန်လပြည့်နေ့တွင် သာမဟုတ်၊ လပြည့်ကျော် (၈) ရက်နေ့၌ပါ ညောင်ရေ သွန်းရကြောင်း လောကဗျူဟာ အင်ရုံ စာတမ်းတွင် ဖော်ပြထား
လေသည်၊ ကဆုန် လကွယ်နေ့တွင်မူ - ရေချမ်းအိုး အလှူတော်ဟူ၍ (ဇရပ်တန်ဆောင်း
ကျောင်းကန် ဘုရားများသို့ ရေချမ်းအိုးများ ထမ်းရွက်၍ ပို့လှူခြင်း) သီးခြား အလှူတမျိုး
ရှိသေးကြောင်း ယင်းစာတမ်းတွင် ဖတ်ရှုရပေသည်။
ညောင်ရေသွန်းရာ၌ ကဆုန်လသည် ရေပြတ်သော လဖြစ်၍ ဘာသာရေး ထုံးတမ်း အရ ဗောဓိညောင်တော် ညှိုးနွမ်းမည်စိုး၍ ရေသွန်းရခြင်း အစဉ်အလာ မှတ်သားကြ

သော်လည်း ထို လောကဗျူဟာ အင်ရုံ စာတမ်းတွင်မူ ထူးခြားသော မှတ်ချက် တရပ်
ကို တွေ့ရ၏။
ပတ္တမြားစေတီ ရေသွန်းရာမှာ ရမည်းသင်း မင်းတရား လက်ထက်တွင် ကဆုန်လ မိုးမ

ရွာ၍ အိမ်မက်ရာတွင် ပတ္တမြားစေတီဘုရား ညောင်ရေသွန်းကို စီရင်၍ သွန်းရာတွင်
အပြန်ကို မိုးသည်းစွာ ရွာသည်၊ သည်နှစ်ကစ၍ ပတ္တမြားစေတီ ဘုရားညောင်ရေကို
သွန်းရသည်။(၎င်း ကျမ်း ၃၀၀) ။
ဤ မှတ်တမ်း အရဆိုသော် ညောင်ရေ သွန်းခြင်းကြောင့် မိုးရွာကြောင်း၊ မိုးရွာရန်

အစဉ်အမြဲ ညောင်ရေ သွန်းရကြောင်း သိရ၏၊ လယ်ယာ စိုက်ပျိုးရေး နိုင်ငံ ဖြစ်
သော မြန်မာနိုင်ငံ အတွက် အထက်ပါ မှတ်တမ်း အရဆိုက ညောင်ရေ သွန်းခြင်း
သည် ဘာသာရေးအတွက်သာ မဟုတ်၊ တိုင်းပြည် ဝပြော သာယာရေးပါ အကျုံး
ဝင်ကြောင်း မှတ်သားသင့်ပေသည်။
ညောင်ရေ သွန်းခြင်း အပြင် ဗုဒ္ဓနေ့ သရုပ်ဖော်မှု ကိစ္စတရပ် ရှိပေသေးသည်၊

ထိုကိစ္စကား ဗုဒ္ဓရုပ်ပွားတော်များအား အနေကဇာ တင်ခြင်း ကိစ္စပေတည်း။ အနေ
ကဇာတင် ဟူသည်မှာ ဗုဒ္ဓ ရုပ်ပွားတော် ဥဒ္ဒိဿစေတီ စသည်အား အနေကဇာတိ
သံသာရံ - စသော ပထမ ဗုဒ္ဓဝစန ဂါထာတော်တို့ဖြင့် ရွတ်ဆို ရင့်ကျူး၍ အထူး
တလည် အမွန်းတင်ကာ ဗုဒ္ဓါဘိသေက မင်္ဂလာသဘင် ဆင်ယင်ခြင်းပင် ဖြစ်၏။
 

ကဆုန် လပြည့်နေတွင် လူတွင် ထင်ရှား ဘုရားအဖြစ်သို့ ရောက်တော်မူသော
မြတ်စွာဘုရား ကိုယ်တော်မြတ်သည် ဝမ်းမြောက် ယိုဖိတ် ကြည်နူးစိတ်ဖြင့် မျို
သိပ်၍ မထားဘဲ ဘဝများစွာက ခန္ဓာအိမ်များကို ပြုလုပ်ဖန်တီးလာခဲ့သော တဏှာ
လက်သမားကြီးအား “သင့် အကြောင်းကို ငါ သိရပြီ၊ ငါ၏ ခန္ဓာအိမ်ကို သင် မပြုလုပ်
ရတော့ပြီ ” စသည်ဖြင့် (စိတ်တော်ဖြင့်) ရွတ်ဆို ပြောကြား ကြုံးဝါး ကျူးရင့် လိုက်
သော ဥဒါန်း ဂါထာတော်ကြီးပင်ဖြစ်၏၊ ထို့နောက် “ ယဒါ ဟဝေ ပါတု ဘဝန္တိဓမ္မာ”
စသော သုံးဂါထာကို နှုတ်ဖြင့် ထုတ်ဖော်၍ ရှေးဦးစွာ ရွတ်ဆိုတော်မူခဲ့ပြန်၏။
ထို ပထမ ဗုဒ္ဓဝစန ဥဒါန်းဂါထာများအပြင် ပဋိလုံ၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်

တို့နှင့် ပုဗ္ဗဏှသုတ္တန်များကို စုပေါင်း၍ အနေကဇာတင် ပါဠိအစဉ်ပြုလုပ်ကာ
ဥဒ္ဒိဿ စေတီတို့အား ဤအနေကဇာတင်ခြင်း အစဉ်အလာ ပြုခဲ့ကြပေသည်။
(အနေကဇာတင်ခြင်းနှင့် စပ်၍ ကြားဖြတ် ရေးသားလိုသည်မှာ အချို့က ဗုဒ္ဓ
ရုပ်ပွားတော်များမှာ အနေကဇာတင်မှသာ ဘုရားဟု အသိအမှတ် ပြုထိုက်သည်၊
အနေကဇာ မတင်ရသေးလျှင် ဘုရားမဟုတ်သေးကြောင်း မှတ်ယူစွဲပိုက် ထားကြ
လေသည်၊ အမှန်မှာ အနေကဇာတင်ခြင်း မတင်ခြင်းသည် ဘုရား ကိုးကွယ်ခြင်း
နှင့် မည်သို့မျှ မသက်ဆိုင်ချေ၊ မြတ်စွာဘုရား၏ ရုပ်ပုံတော် ပီသလျှင်ပင် ဥဒ္ဒိဿ
စေတီတော် အနေဖြင့် ပူဇော်ထိုက်နေပေပြီ၊ အနေကဇာတင်ခြင်းမှာ အမွှန်းတင်
ခြင်းသာဖြစ်၍ လုပ်သင့် လုပ်ထိုက်သော ကောင်းမှု ကိစ္စရပ်တခု ဖြစ်သည့်တိုင်
အနေကဇာ မတင်ဘဲလည်း ရုပ်ပွားတော်အား ကိုးကွယ် ပူဇော်ထိုက်သည်သာ
ဖြစ်လေသည်။
ဤ အနေကဇာတင်ခြင်း အစဉ်အလာသည် သမိုင်းကြောင်း အရဆိုသော်

ကြာမြင့်လှသေးသည် မဟုတ်ချေ၊ ၉၂၁ - ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်သော
ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) မင်းတရားကြီးသည် ၉၂၆ - ခုနှစ်တွင်
ဇင်းမယ်ကို သိမ်းယူ အုပ်စိုးတော်မူခဲ့သည်။ ထိုသိမ်းယူစ အချိန်က ဇင်းမယ်
မဟာဒေဝီအား မြို့စားအဖြစ် ထားခဲ့သေးသော်လည်း ၉၄၁ - ခုတွင် သားတော်
နော်ရထာစော အား ဇင်းမယ်ကိုပေး၍ မင်းပြုစေခဲ့သည်၊ ဇင်းမယ်ဘုရင် နော်ရထာ
စောသည် ဇင်းမယ်ကို မင်းပြုရာ၌ ဗုဒ္ဓသာသနာတော်ကိုပါ ပြုစု တိုးတက်စေခဲ့ရာ
ဇင်းမယ် ရိုးရာဖြစ်သော ဂြိုလ်ကြီးကိုးလုံး ပူဇော်သော အလေ့အထကို သာသနာပြု
ဆရာတော်များနှင့် တိုင်ပင်၍ ဘုရားကိုးဆူ ပူဇော်သော အလေ့သို့ ပြောင်း၍ ပေးခဲ့
သည်၊ ထို့ပြင် ဘုရား ကိုးဆူအား အမွန်းတင် ရွတ်ဆိုရာ၌ အနေကဇာတိ သံသာရံ 
စသော ဂါထာများဖြင့် အမွှန်းတင်၍ အနေကဇာတင် အစီအစဉ်များကိုပါ စီစဉ်
ခဲ့လေသည်။
ထိုအခါမှစ၍ ဘုရားကိုဆူ ပူဇော်ခြင်း၊ ဘုရားအနေကဇာတင်ခြင်းကိစ္စများ ဖြစ်ပေါ်

လာပြီး ကောင်းသော ကိစ္စများ ဖြစ်သည့်အတိုင်း ဇင်းမယ်မှာ သာမက မြန်မာနိုင်ငံ
သို့ပင် ရောက်ရှိ ပြန့်နှံ့၍ လာခဲ့လေသည်။
ဗုဒ္ဓနေ့နှင့် အနေကဇာတင်
ဤ အနေကဇာတင် ကိစ္စများကို မြန်မာနိုင်ငံ၌ ဥဒ္ဒိဿစေတီတော် စတင် ကိုးကွယ်ရာ၌

သာ အပြု များကြသော်လည်း အခြား ထေရဝါဒ နိုင်ငံတို့၌ကား ကဆုန်လပြည့် ဗုဒ္ဓနေ့၌
စေတီတော်များ ရှေ့၌ ဖြစ်စေ၊ ဗုဒ္ဓနေ့ ဘဘင် ဆင်ယင်ရာ ဌာနတိုင်း၌ ဖြစ်စေ ရွတ်ဆို
ပူဇော်ကြမြဲ ဖြစ်၏၊ ကျွန်ုပ်တို့ မြန်မာနိုင်ငံ၌လည်း ဤ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပရာ
နေရာတိုင်း၌ ဥဒ္ဒိဿ စေတီတော်များကို ရှေ့ရောက် ပင့်ဆောင်၍ ဖြစ်စေ၊ ရည်မှန်း၍
ဖြစ်စေ ရွတ်ဆို ကျင်းပသင့်ကြပေသည်၊ လူပုဂ္ဂိုလ်များအနေဖြင့် မရွတ်လိုကလည်း သံဃာ
တော်များအား ပင့်ဖိတ်၍ ဗုဒ္ဓါ ဘိသေက ပွဲသဘင်များ ဆင်ယင် ကျင်းပသင့်ပေသတည်း။


ဆု - ဖွား - ပွင့် - စံ၊ ဤလေးတန်၊ မှတ်ရန် ကဆုန်လ။

(ရဝေထွန်း)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...