သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, May 9, 2013

PostHeaderIcon ကဆုန်လပြည့် ဗုဒ္ဓနေ့

 

 

*ဆုပန်နေ့ လပြည့် နွေကဆုန်*

လေးသင်္ချေကိန်း၊ တသိန်းကပ်ကြုံ၊
သုမေဓာလောင်း၊ ညွန်ပြောင်းဗွက်အုံ၊
ဒီပင်ထံပါး၊ ဝမ်းလျားမှောက်ခုံ၊
ဆုပန်နေ့၊ လပြည့်နွေကဆုန်။***။

*ဖွားမြင်နေ့ ၊ လပြည့်နွေကဆုန်*
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
လုမ္ဗိနီတော၊ သာမောရဂုံ၊
မာယာမယ်ဖျား၊ ပတ္တမြားနှုတ်ငုံ၊
ဖွားမြင်နေ့ လပြည့်နွေကဆုန်။***။

သန္ဓေယူခါ၊ ဆယ်လကြာသော်။
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊
ချမ်းမြေ့စုံစီ၊ လုမ္ဗိနီနှိုက်၊
မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊
နတ်လူအောင်မြို့၊ လမ်းပါကို။ ။

*ဗုဒ္ဓနေ့ လပြည့်နွေကဆုန်*
တရာ့သုံးနှစ်၊ သက္ကရာဇ်ကြုံ၊
ဥရုဝေဠ၊ သာစွရဂုံ၊
မာန်စွယ်ငါးဆင့်၊ နှိမ်နင်းအကုန်၊
ဗုဒ္ဓနေ့၊ လပြည့်နွေကဆုန်။***။

တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊
ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊
မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊
ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊
မငြီးကြည်ဖြူ၊ နေတော်မူလျက်၊
ရန်မြူခပင်း၊ အမှိုက်သင်းကို၊
အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊
ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊
သုံးဘော်လူတို့၊ ငြမ်းပါကို။***။

*ပြန်လည်တွေ့ လပြည့်နွေကဆုန်*
တရာ့လေးနှစ်၊ သက္ကရာဇ်ကြုံ၊
ကပ္ပိလနန်း၊ ကြွမြန်းခိုလှုံ၊
ဗုဒ္ဓ၀င်ဇာတ်၊ ဟောလတ်ဖုံဖုံ၊
ပြန်လည်တွေ့၊ လပြည့်နွေကဆုန်။ ။

*သိမ်းသောနေ့ လပြည့်နွေကဆုန်*
ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ကြုံ၊
မလ္လာမင်းတို့၊ အင်ကြင်းရဂုံ၊
နိဗ္ဗာန်ကြွလို့၊ ဘ၀ဇာတ်ခုံ၊
သိမ်းသောနေ့ ၊ လပြည့်နွေကဆုန်။***။

*တရားနတ်စည်၊ ဆော်ရွန်းလည်က၊
သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊
ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊
သတ္တ၀ါကို၊ ခေမာသောင်သို့၊
ဖေါင်ကူတို့ဖြင့်၊ ဆောင်ပို့ပြီးကာ၊
ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊
စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊
သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊
စံနှိုင်းမယုတ်၊ ကုသိနာရုံ၊
အင်ကြင်းစုံ​နှိုက်၊ ကဆုန်လပြည့်၊
အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊
စံတော်မူသည်၊
ဝှန်းဆူသောင်းလုံးကျော်တယ်ကို။***။

မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာဘုရားခြေတော်ရင်းနှိုက် သဗ္ဗညုတဘုရား
အဖြစ်ကို ရရှိဘို့ရန် ဆုပန်တော်မူခြင်း၊ ၄င်းကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်တော်
မူခြင်း၊ ၄င်းကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင့် ကိလေသပရိနိဗ္ဗာန်စံတော်မူခြင်းတည်းဟူသော သစ္စာလေးပါးနှင့်တကွ အလုံးစုံကုန်သော တရားတော်များကို အကုန်အစင်သိမြင်သော
ဘုရား အဖြစ်သို့ ရောက်ရှိတော်မူခြင်း၊ ၄င်းကဆုန်လပြည့်တွင် ခမည်းတော် သုဒ္ဓေါဒန
မင်းကြီးနှင့်တကွ သာကီဝင်မင်းအပေါင်းတို့အား ဘုရားဖြစ်စဉ် ဗုဒ္ဓ၀င်ကို ဟောတော်
မူခြင်း၊ ၄င်းကဆုန်လပြည့် အင်္ဂါနေ့တွင်ပင် ခန္ဓပရိနိဗ္ဗာန် စံတော်မူခြင်းတည်းဟူသော ပရိနိဗ္ဗာန်စံတော်မူခြင်းတို့ကြောင့် ဒီကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု ရှေးပညာရှင်များက
ခေါ်ဝေါ် သမုတ်ခဲ့ကြပါသည်။
( မင်းလှသားလေး-မှ )

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတနေ့ဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့
(၁) ဘုရားအလောင်းတော်ရသေ့သုမေဓာဟာဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမ
ဘုရား စင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာ ဘုရားထံ နိယတဗျာဒိတ် ခံယူတဲ့နေ့
ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာ
သက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ်
(၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၄)  ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့
ဖြစ်ပြန်တယ်။
ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့
နေ့တနေ့ပါ။
ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်
ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ“ကု” မှ “က”သို့
ပြောင်းလဲ လာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့“ရေ” ဖြစ်ကာ“ဆုန်”ကတော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်)
“ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။
ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ
“ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်
နိုင်ငံသားများကလည်း သီဟိုဠ်သံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး
Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို
“ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်
သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံ
မှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။

(၂) မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထ
မင်းသားအား ဖွားမြင်တော်မူခဲ့သည်။

(၃) မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရား
အလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။

(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျဉ်၌
ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်
နေ့အား (ဗုဒ္ဓ)ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညု တရွှဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူ
ခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် 
ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက်
ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်
တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ
ပြုလုပ် လျက်ရှိကြသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ကောင်းမြတ်သော အစဉ်အလာဖြစ်၍
ကျွန်ုပ်တို့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။ ဤသို့ကြိုဆိုရာမှ ဗုဒ္ဓနေ့ကို အကြောင်းပြု
၍ ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော်ကို အထူးအောက်မေ့ နှလုံးသွင်းလျက် ဗုဒ္ဓတရားတော်ကို
ထာဝစဉ် ပိုမိုကျင့်ကြံအားထုတ် သင့်ကြောင်း ကျွန်ုပ်တို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 
(မင်္ဂလာ)

1 comments:

ဦးဥတ်တမ said...

အောစာအုပ်တင်ပေးပါ။

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...