သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, May 27, 2013

PostHeaderIcon “ဘဝ သံသရာ”





ဘဝသံသရာ (တဲ့) ရှည်လျား ထွေပြား မနေ မနား တသွားထဲ သွားကြတာ။

ခရီးပန်းတိုင် မရောက်မချင်း တယောက်ဆင်း တယောက်တက် ဆက်လက် ထွက်ခွာလာ။

လောဘရယ် ဒေါသရယ် မောဟရယ် အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊

ပျော်လိုက် ရွှင်လိုက် ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ဖောက်လွဲ ဖောက်ပြန်

အကြောင်းကံ ကမ္မဿကာ။

တွေ့ကြုံ ဆုံကွဲ ခရီးခဲ ဝမ်းနည်း ဝမ်းသာ ဝိပ္ပလ္လာ၊

ဖြစ်ချင်တာလဲ မဖြစ်ရပါ။ မဖြစ်ချင်တာလဲ ဖြစ်ရမှာ၊

အော် ဖြစ်ချင်တာတွေလဲ မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလဲ ဖြစ်ရမှာ။

ဟင် .. သုံးဆဲ့တဘုံ ဝဋ်အတွင်း ရောက်တော့ ကရွတ် ကင်း လျှောက်တဲ့ တေဘုမ္မာ

အဲဒါ အဲဒါ အဲဒါ ဘဝ သံသရာ…။

ဘဝသံသရာ… ရှည်လျား ထွေပြား မနေမနား တသွားထဲ သွားကြတာ… ဘဝဆိုတာ သတ္တဝါတဦးရဲ့
ဇာတိက အစ မရဏအထိ အဲဒီ ကာလလေးလို့ သိကြရပါတယ်။ အဲဒီဘဝဟာ တဘဝတည်းနဲ့
ပြီးသွားကြသလား…။ ဘဝပေါင်းများစွာ ရွှေ့လျားနေရတဲ့အတွက် 
သံသရာရယ်လို့ ဘုရားဟောတော်မူခဲ့ပါတယ်။ 

အဲသလို ဘဝသံသရာမှာ ဒီဘဝ ဒီခန္ဓာ ဒီရုပ်၊ ဟိုဘဝ ဟိုခန္ဓာ ဟိုရုပ်၊
ဗြဟ္မာ့ပြည် တဝင်းဝင်း၊ ဝက်စားကျင်း တရှုပ်ရှုပ်၊ ကမ္မဆိုတဲ့ စက် ခလုပ်ကြောင့် 
အရုပ်များ လှမ်းသလို လှမ်းနေကြရတာက…
ခရီးပန်းတိုင် မရောက်မချင်း တယောက်ဆင်း တယောက်တက် 
ဆက်လက် ထွက်ခွာလာ….။ 

အဲသလို သံသရာ မဆုံးမချင်း သွားကြရ လာကြရတာ…ဘယ်သူတွေရဲ့ပယောဂပါလဲ….
 စဉ်းစားကြည့်လိုက်တော့ ….
အော် လောဘရယ်… ဒေါသရယ်… မောဟရယ်… အဝိဇ္ဇာပစ္စယာ သင်္ခါရာ…တဲ့… 
အရင်းစစ်လိုက်တော့…  အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဆိုတဲ့အတိုင်း… 
စုံလုံး ကဏ်းတဲ့ အဝိဇ္ဇာကြောင့် သင်္ခါရဆိုတဲ့ ပြုပြင်တာတွေ…စီမံတာတွေ ခံနေကြရတာပါပဲ…။
ဒါကို ဘဝတိုင်း ဘဝတိုင်း…
ကောင်းတာလေးတွေ့တော့ ပျော်လိုက်ကြ… 
ယူချင်စရာလေးတွေ့တော့ ရွှင်လိုက်ကြ… 
ဒုက္ခဆင်းရဲတွေ့တော့ ငိုလိုက်ကြ… 
ကိုယ်လိုချင်တာရတော့ ရယ်လိုက်ကြ… 
ဒါပေမယ့် ဘယ်ဟာမှ မမြဲကြပါဘူး…။
တွေ့တယ်… ကြုံတယ်… ဆုံတယ်… ကွဲတယ်… 
ဝမ်းနည်း ဝမ်းသာ ဝိပ္ပလ္လာသ တရားတွေမို့…
ဖြစ်ချင်တာလဲ ဖြစ်ချင်မှ ဖြစ်ကြမယ်…၊
 မဖြစ်ချင်ပါဘူးဆိုလဲ မဖြစ်ချင်ပဲ ဖြစ်ကြရမယ်…၊ 
အဲသလို တေဘူမက ဝဋ်ဒုက္ခဆိုတဲ့ သုံးဆဲ့ တဘုံက လွတ်ကင်းအောင် …
ဇွတ်အတင်း ထွက်နိုင်ကြဖို့ကလဲ … 
သန်းခေါင် လကွယ် တောအုပ်လယ် လမ်းမှားနေကြရတဲ့ ခရီးသွားများသဖွယ်… 
ကရွတ်ပေါ် ကင်းများ လျှောက်သလို… ဝိုင်းကြီး ပတ်လည် 
ဘဝ မဆုံးပဲနဲ့ ဒုက္ခတုံးကြီး ရင်ဝယ် ပိုက်နေကြရတဲ့အတွက်… 
ဒုက္ခသစ္စာ… သမုဒယသစ္စာ… နိရောဓသစ္စာ… မဂ္ဂသစ္စာတွေ ရင်ဝယ်  ပိုက်နိုင်အောင်…
 ကြိုးစားကြဖို့… 
သုံးဆဲ့ တဘုံ ဝဋ်အတွင်း ရောက်တော့ … ကရွတ် ကင်း လျှောက်တဲ့ တေဘုမ္မာ …. 
အဲဒါ … အဲဒါ… အဲဒါ  … ဘဝ သံသရာ…..။
  ( ဆရာကြီး ဘဘ ဦးသုခ )


 ( နွေနှင်းမိုး.. အသံဖိုင်ဖြည်သည်) 
28,5,2013

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...