သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, May 14, 2013

PostHeaderIcon မုန်တိုင်းက မော့မော့ တိုင်းပြည်က လျော့လျော့


 
 

နာမည်မှည့် တွင်၊ “မဟာစင်’’တဲ့

အသင် မလာပါနဲ့ကွယ်။


နှစ်ထောင်နဲ့ ရှစ်၊ နာဂစ်ဖြစ်တော့

အပြစ်မဲ့သူ၊ သိန်းကျော်လူတို့

ကူညီသူမဲ့၊ သေခဲ့ဖူးပြီ။


ရေငန်လွှမ်းတော့၊ တသန်းကျော်လူ

များပြည်သူတို့၊ နူရာ ဝဲစွဲ

အပူ သည်း၍၊ သေကွဲ ရှင်ကွဲ

ကိုယ်ကျိုးနည်းလျှက်၊ လယ်လည်း အိမ်လည်း ဆုံးဖူးပြီ။


အုပ်ချုပ်သူများ၊ ပြည်သူများ၌

တရား မရှိ၊ ကတိမတည်

မညီ စိတ်ထား၊ ဣဿာများတော့

ဘုရား မခင်၊ သံဃာ ကြဉ်၏။


ပြည်ရွာ တခွင်၊ ဤမြေပြင်၌

ငလျင် လှုပ်ပြီး၊ ရေကြီး ရေလျှံ

မီးလောင်ပြန်၏။

တဖန် ပြည်တွင်း၊ စစ်မက်ခင်း၍

အချင်းချင်းသတ်၊ ပြည်သူ ငတ်၏။


နတ်က မကူ၊ လူက ဆူ၍

လူမျိုး ဘာသာ၊ သွေးခွဲတာကြောင့်

ပြည်ရွာ တလွှား၊ ရန်ပွဲများ၌

လုပ်သား ပြည်သူ၊ ရဟန်း လူတို့

အပူလုံးကြွ၊ သေခဲ့ကြ၏။

ရခိုင်မြေတွင်၊ ဘင်္ဂါလီများ

ဝင်ရမ်းကား၍၊ ပြည်ဖွားနေသူ

မွတ်စ်ပြည်သူနှင့်၊ လူနဲ့ ဝါဒ

ရောထွေးရ၏။


ဟိုမှ ဒီမှ၊ တကြွကြွဖြင့်

ငါမှ ငါကွ၊ ဟန်ရေးပြ၍

ပွဲက လန့်တုန်း၊ ဖျာခင်း ဖုံးသည့်

အုန်းအုန်း ကျွက်သံ၊ ပွက်လောညံ၏။


နိုင်ငံတလွှား၊ လယ်ယာများလည်း

ရွာသားက လှူ၊ သူကြီး ယူ၍

ဆူပူအော်သံ၊ အဖန်ဖန်ကြား

နား၌ ခါး၏။


သားရေ ကွင်းမူ၊ လူ ဥပဒေ

ကျင့်သုံး နေ၍၊ ရေပေါ်ဆီများ

တန်ခိုးထွားကာ၊ နင်းပြားတွေသာ

အထိနာ၏။


စာ ကြက်တူရွေး၊ ပညာပေး၍

မွေး ကြီး လူသာ၊ များ၍ လာ၏။


သာသနာတွင်၊ ရှင်ပေါ် လူတက်

ဒိဋ္ဌိဖက်တော့၊ အဖျက် မိစ္ဆာ

ခေါင်းထောင်လာ၍၊ ပြည်ရွာ ပျက်ကြောင်း

အခွင့်ကောင်းကို၊ ချောင်းမြောင်း နေဟန်

တွေ့ရပြန်၏။


နိုင်ငံအတွင်း၊ ဆင်းရဲခြင်းကြောင့်

ငွေတွင်း နက်ကာ၊ တပြည် လာ၍

ငွေရှာ လူသား၊ မြန်မာများလည်း

အားရစွာ မှန်း၊ ပြည်ဝင်ခန်းကို

လှမ်းရင်း နွမ်းသံ၊ ကြားရပြန်၏။


နိုင်ငံ စီးပွား၊ ဖွံ့ဖြိုး ထွားရန်၊

ရေအား လျှပ်စစ်၊ ကျွန်း သစ် ကြေး ဂတ်စ်

တွင်းထွက် ကျောက်များ၊ ပဲ စပါးနှင့်

တောများ တောင်များ၊ လယ်ယာများကို

များစွာ ရောင်းချ၊ လုပ်ခွင့် ရသည့်

ခရိုနီနှင့်၊ ရီ(ရယ်)စား ငိုစား၊ ဘူစွာ များသာ

ဖား ငါး မရှာ၊ ချမ်းသာလာ၏။

မီး မလာလည်း၊ ချမ်းသာဆဲတည်း။


စားမြဲ ထမင်း၊ တနပ် ဆင်း၍

လျှော့ခြင်း ပြုရန်၊ မိန့်မှာ ပြန်လည်း၊

သူ့ထံ ပြည့်မြဲ၊ ချမ်းသာဆဲတည့်။

မွဲသည့် ပြည်သူ၊ ဖွင့်ဟ ပူတော့၊

ဆူလျှင် ပူလျှင်၊ ကူညီပါမည်၊

မြန်မာထုံးစံ၊ မသိရန်ကော…။


ကံဇာတာ မွဲ၊ ဉာဏ်က နည်း၍၊

အစွဲ အပူ၊ တလွဲ ယူသည့်၊

လူသတ္တဝါ၊ အို မြန်မာတို့၊

ကံမှာ ဉာဏ်ကူ၊ ဉာဏ်ဖြင့် ထူပါ၊

ကံ ဟူသမျှ၊ အလုပ် ပြ၍၊

အကြောင်းကို ပြင်၊ အကျိုး ထင်အောင်၊

သင် ငါ သူ တွဲ၊ ခေတ်ဆိုး ဝဲ ကို၊

လက်မြဲ ညီစွာ၊ ကူးခတ်ပါသော်၊

ရေထန်သည့် ဝဲ ၊ ခေတ်ဆိုးထဲမှ၊

မလွဲ မသွေ၊ လွတ်နိုင်ပေ၏။

လေထန် လေရိုင်း၊ ရေငန် လှိုင်းများ၊

တို့တိုင်းပြည်ထဲ လာတော့မည်။


ကျော်မိုး (စကားဝါမြေ)



0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...