ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Thursday, May 30, 2013
“ကြောက်၍ပင် တောထဲ၌ နေပါသည်“
5:57 AM |
Posted by
တိုးတိုး |
Edit Post
ရွှေဥမင်နှင့် တောင်ဖီလာ ပုဂ္ဂိုလ်ကျော်
အင်းဝခေတ်စာမျက်နှာတွေကို လှန်လိုက်ရင်
လုံးဝချန်လှပ်လို့မရတဲ့ ရွှေစကားနှစ်ခွန်းရှိပါ
တယ်။ အဲဒါတွေကတော့
တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင် ဆရာတော်တို့ရဲ့ စကားနှစ်
ခွန်းပါ။
ဒီစကားနှစ်ခွန်းရဲ့ မြစ်ဖျားခံရာကို ကြည့်လိုက်တော့....။
တောင်ဖီလာဆရာတော်နဲ့
ရွှေဥမင်ဆရာတော်ဆိုတာ အင်းဝခေတ် သာလွန်မင်းတရား လက်ထက်မှာ
ပေါ်ထွန်းခဲ့တဲ့ ဆရာတော်တွေပါ။ အဲဒီခေတ်ကာလက ပစ္စုပ္ပန်အနေအထား အရ
တောင်ဖီလာဆရာတော်က မြို့မှာ သီတင်းသုံးတဲ့ဆရာတေ်။ မင်းကိုးကွယ်တဲ့ ဆရာ
တော်၊
ရွှေဥမင်ဆရာတော်က တောထဲမှာ ကပ္ပိသူတော်တယောက် ကိုသာ အဖော်ပြုပြီး
သတင်းသုံးနေတဲ့ ဆရာတော်။ ဒါပေမယ့် ဆရာတော်နှစ်ပါးလုံး
ပါရမီဗီဇ အခံတွေ တူနေကြ
တော့ လျှောက်လှမ်းနေတဲ့ ခြေလှမ်းနှစ်စုံဟာ
တခုတည်းသော ပန်းတိုင်ဆီကိုသာ ဦးတည်
နေပါတယ်။ ဦးတည်ချက်
ပန်းတိုင်မှန်ရင် လုပ်ဆောင်ချက်လဲ မှန်ကြတာ လောကဓမ္မတာပါ။
တနေ့မှာ
(သက္ကရာဇ်အားဖြင့် တထောင်ပြည့်နှစ်တွင်) သာလွန်မင်းတရားဆီကို နှစ်ပေါင်း
များစွာ ပျောက်ကွယ်နေတဲ့ မန်းစက်တော်ရာ
နှစ်ဆူကို ရှာဖွေပေးဖို့ စာသွင်းလျှောက်ထား
ကြပါတယ်။ မင်းကြီးလဲ
သဘောကျတာနဲ့ ကြည်ညိုရင်းစွဲရှိတဲ့ တောင်ဖီလာဆရာတော်အပါ
အ၀င်
အနန္တဓဇဆရာတော်၊ အရိယာလင်္ကာရဆရာတော်၊ တိလောကာလင်္ကာရ ဆရာတော်
လေးပါးနှင့်အတူ မန်းစက်တော်ရာ နှစ်ဆူရှာဖို့ အင်းဝနေပြည်တော်ကနေ
မင်းဘူးကိုကြွခဲ့ကြ
ပါတယ်။ ဒီလိုနဲ့ တတောဝင် တတောင်ထွက် ရှာလိုက်ကြတာ တတောဝင် တတောင်ထွက်
သက်တုံ တက်တုံနဲ့ ရက်တွေလဲ ကုန်လွန်နေပါပြီ။ ဘာသဲလွန်စမှ မရဘူးဖြစ်နေပါတယ်။
ရှာ
လိုက်နားလိုက် စက်တော်ရာအနီး မရှက်ရွာရောက်တော့ အနားယူရင်းက တညတာ
နားနေ
ကျိန်းစက်ဖို့ စီစဉ်ကြပါတယ်။
အဲဒီညမှာပဲ
တောင်ဖီလာဆရာတော် အိပ်မက် မြင်မက်တော်မူပါတယ်။ အိပ်မက်ထဲမှာ
လူတယောက်က
ခွေးနက်ကြီးတကောင်နဲ့ ဆရာတော်ထံကို လာပြီး “ဘုန်းကြီးတို့ လာကြ
သည်မှာ
အန္တရာယ်ကြီးလှပါသည်။ တောလည်းနက် သားရဲတိရစ္ဆာန်လဲ ထူပြောလှပါတယ်။
အဘယ်ကြောင့် ကြွလာရသနည်း “ လို့မေးပါတယ်။ ဆရာတော်ကလဲ “ရှေးမင်းတို့
သွား
ရောက် ပူဇော်လေ့ရှိတဲ့ စက်တော်ရာ နှစ်ဆူရှိကြောင်း၊ စာပေမှာ ရာဇ၀င်ကြောင်းရှိ၍
ရှာ
ဖွေရန် ကြွလာကြကြောင်း” ပြန်အမိန့်ရှိလိုက်ပါတယ်။
ဒီတော့ခွေးနက်ကြီးနဲ့လူက “ဤသို့ ဆိုလျှင် ခွေးနက်ကြီးဝင်ရာ တောသို့
နောက်ကလိုက်လျှင် တွေ့ပါလိမ့်မည်”လို့ ပြန်လျှောက်
ပါတယ်။ စကားဆုံးတော့
ဆရာတော်လည်း တခါတည်း နိုးသွားပါတယ်။ အဖော်သုံးပါးကို
လည်း
အိပ်မက်အကြောင်းပြောပြရာ ဗာရာဏသီပြည် သာသနာညှိုးနွမ်းချိန်တွင် ဝိသကြုံ
နတ်သားက ခွေးနက်ယောင်ဆောင်၍ ဆင်ခြင်တောမူလျှက် နောက်တနေ့ မနက်မိုးလင်း
တော့
အိမ်မက်အတိုင်းလိုက်ရှာကြပါတယ်။
ခွေးနက်ကြီးတကောင်က ဆရာတော်တို့ရဲ့ရှေ့က
သွားနေတာကို မြင်တာနဲ့ ခွေးနက်ကြီး
နောက်လိုက်ခဲ့ကြရာ စက်တော်ရာနေရာရောက်တော့
ပျောက်သွားပါတယ်။ မန်းချောင်း
နဖူးအရောက်မှာ နတ်ဘီလူးတယောက်က
ကိုယ်ထင်ရှားပြပြီး မေးမြန်းပြောဆိုပြီး၍ စက်
တော်ရာနှစ်ဆူကို လိုက်လံ ညွှန်ပြပါတယ်။
တောင်ဖီလာဆရာတော်တို့လည်း
စက်တော်ရာနှစ်ဆူတွေ့ပြီဆိုတော့ တောင်ပေါ်မှာပဲ
ကျိန်းစက်ကြပါတယ်။
တောင်ဖီလာဆရာတော်ကတော့ ပဋ္ဌာန်းဒေသနာနဲ့ ရွတ်ဖတ်ပြီး
ပူဇော်ရာ နတ်များ တရားနာ လာကြသည်။ အနီးရှိ နတ်ကြီးအား "အသင် မည်သူနည်း'
''သောတာပန် နတ်ကြီးပါ" ဟု လျှောက်၏။ ''ဘုရားရှင်ကို မီသလား"မေးရာ "မီပါသည်"
ဟု ဆို၍ "ငါရွတ်သော ပဌာန်းသည် ဘုရားဟောနှင့် ညီညွတ်၏လော'' ဟု မေးတော်မူ
သည်။ " ပုပ်လှသော ငါးပိကို ဖက်နှင့် အထပ်ထပ် ထုတ်လျှင် အပေါ်ဆုံး ဖက်နံ့နှင့် တူပေ
၏''ဟု လျှောက်၍ " သင့်ကိုသင် သောတာပန် ဆိုပြီးတကား သင့်နှုတ်ထွက် ယုတ်ညံ့လှ၏၊
ငါရွတ်သော ပဌာန်းသည် ဘုရားဟောနှင့် ညီ၏။ ငါ့စကား မမှန်လျှင် ငါ့ဦးခေါင်းထက် မိုးကြိုး
စက်သွား ရောက်စေသတည်း'' အဓိဋ္ဌာန်တော်မူ၏။ ထိုအခါ နတ်က..
"ကျွန်ုပ်လည်း သောတာပန်နတ် ဟုတ်ပါသည်၊ ဘုန်းကြီးရဲ့ပဌာန်းဒေသနာလည်း ဘုရား
ဟောနဲ့ ညီပါသည်။ မဆုတ်မနစ် အားထုတ်စေလိုသော ဆန္ဒဖြင့် လျှောက်မိသည်ကို ခွင့်
လွှတ်ပါဘိ'' ဟု လျှောက်၍ ပျောက်ကွယ်သွားလေသည်။
ထို့နောက် ဆရာတော်က စက်တော်ရာကို ပံ့သကူသင်္ကန်းနဲ့ လွှမ်းအုပ်ပြီး “ငါသည် ဘုရားဖြစ်
မည် ဧကန်မှန်လျှင် ဤသင်္ကန်း၌ တစ်ရာ့ရှစ်ကွက် စက်လက္ခဏများ ထင်စေသတည်း” ဆိုပြီး
အဓိဋ္ဌာန်လိုက်၏။ သင်္ကန်းတော်ဟာ ကြိုးကြာရုပ်ကဲ့သို့
ကုန်းကွထလာသည်ကို မြင်ရ၏။ ကြိုး
လည်းကြိုးစား ကြာလည်းကြာဦးမယ်ဆိုတဲ့
အမှန်နိမိတ်ဖတ်တော်မူ၏။ စက်တော်ရာ နှစ်ဆူကို
ချည်မျှင်ဖြင့် တိုက်တာ၍ ယူလာပြီးလျှင် ဘုရင်အား ကိုးကွယ်စေသည်။
(ဒါကတော့ စက်တော်ရာနဲ့ တောင်ဖီလာဆရာတော်ရဲ့
ကျေးဇူးရယ်၊ မြန်မာပြည်သား ဘုရား
ဆုပန် ဆရာတော်တပါးရဲ့
ပုံရိပ်တစိတ်တဒေသရယ်ကို ကြည်ညိုစေချင်သိစေချင်လို့ပါ။)
တောင်ဖီလာဆရာတော်ဟာ
စက်တော်ရာကအပြန် ရွှေဥမင်ဆရာတော်ထံ ဝင်ရောက်ဖူး
တွေ့ပုံမှာ ရာဇဝင်တွင်မယ့် စကားနှစ်ခွန်း ကျန်ရစ်စေခဲ့ပါသည်။
ရွှေဥမင်ဆရာတော်သည် ပခန်းကြီးမြို့၌ လူသူတော် ကပ္ပိယတဦးနှင့်သာ နေတော်မူလေ့
ရှိသည်။ ရွှေဥမင်ကား မြို့မြောက်ဘက်၌ ရှိသည်။ သာလွန်မင်းတရား လက်ထက် ပခန်းသာ
ဂရ ဝါကျဥမင်ဝယ် သီတင်းသုံးနေသော ဇမ္ဗုဓဇအမည်တော်ရှိသော ဝိနည်းငါးကျမ်း ပါဠိအ
ဋ္ဌကတာ နိဿယ စီရင်သော ရွှေဥမင် ဆရာတော်ဘုရားထံ သာလွန်မင်းတရားဆရာတော်
တောင်ဖီလာကျော်ဘုရားသည် ရွှေဥမင်ဆရာတော်ကို ဖူးရုံသက်သက်မဟုတ်ပဲ အခြား
ရည်ရွယ်ချက်တခုလည်းရှိသည်။ အဲဒါကတော့ မိမိရေးသားပြုစုထားတဲ့
ဝိနည်းငါးကျမ်း
ပါဠိအဋ္ဌကထာ နိဿယနဲ့၊ ရွှေဥမင်ဆရာတော် စီရင်ပြုစုရေးသားထားတဲ့
ဝိနည်းငါးကျမ်း ပါဠိအဌကထာနိဿယတို့ကို တိုက်ဆိုင်ကြည့်ချင်လို့ပဲဖြစ်သည်။
မင်းဆရာတော်
ကြွလာတယ်ဆိုတော့ သိတဲ့အတိုင်းပါပဲ။ နောက်ကခြွေရံပရိသတ်တွေ
လှူဖွယ်ပစ္စည်းဝတ္တုတွေ အပြည့်ပါပဲ။ ရွှေဥမင်ဆရာတော်က အလုပ်အကျွေး
ကပ္ပိယ လူ သူတော်တယောက်ပဲရှိပါတယ်။ ဘာအသုံးအဆောင် ပစ္စည်းဝတ္တုမှလည်း မရှိပါဘူး။
ပစ္စည်းဝတ္တု ဘယ်လောက်ခေါင်းပါးသလဲဆိုရင် မင်းဆရာနဲ့ ပရိသတ်အတွက်
နေရာ
ထိုင်ခင်း ပေးစရာမရှိလို့ သားရေနွယ် (စမ္ပခဏ်)အခင်လေးကို
ဖုန်ခါပြီးနေရာထိုင်ခင်းပေး
ရတာပါ။ အဲဒီလောက်အထိ ပစ္စည်းဝတ္တုတွေ
ခေါင်းပါးတာပါ။
ပညာရှိနှစ်ပါး ချစ်ခင်ရင်းနှီးစွာ (သာရဏီယ) အောက်မေ့ဖွယ် နှုတ်ဆက်စကားများ ပြော
ဆိုကြပြီး ရွှေဥမင်ဆရာတော်ရဲ့
လက်ရှိအနေအထားအရ တောထဲမှာ ပရိသတ်မရှိတဲ့
အတွက် ပစ္စည်းဝတ္တု
ခေါင်းပါးပုံကို ကြည့်ပြီး တောင်ဖီလာဆရာတော်က...
“အရှင်ဘုရား တောထဲ၌
ပရိသတ်အခြွေအရံနည်းသည်၊ ကြောက်တော်မမူလော့” လို့
မေးလျှောက်လာသည်ကို ...
ရွှေဥမင်ဆရာတော်က “ကြောက်၍ပင် တောထဲ၌ ပရိသတ်အနည်းနှင့် နေပါသည်”
လို့
ပြန်မိန့်လျှောက်ပါတယ်။
မထင်မှတ်တဲ့စကားကို
ကြားလိုက်ရတော့ တောင်ဖီလာဆရာတော်က တော်တော်လေးကို တုန်လှုပ်သွားပါတယ်။
ပါရမီအခြေခံရှိပြီးသားဆိုတော့ ဒီစကားနဲ့ တန်ပြန်အတွေးတခု ၀င်
လာပါတယ်။
အဲဒါကတော့ “သြော် ငါကတော့ မကြောက်တတ်သူ ဖြစ်ခဲ့ပြီ” ဆိုတဲ့ တန်ပြန် အတွေးက နှလုံးသားထဲ သိလာခဲ့သည်။
ယင်းနောက် တောင်ဖီလာဆရာတော်က သူ့မှာပါလာတဲ့ လက်ဆောင်ပစ္စည်းတွေထဲက နှစ်
ထပ်သင်္ကန်းကြီးကို
ကိုယ်တိုင် ကိုင်ပြီး “သင်္ကန်းပါဘုရား.. အရှင်မဟာကဿပကို ဘုရားရှင်
ကပ်လှူသော (ဒုကုဋ်)
နှစ်ထပ်သင်္ကန်းကြီးကဲ့သို့ မွန်မြတ်သော မင်းဧကရာဇ်လှူ၍ ရသော
ပစ္စည်းပါဘုရား။
သံသရာကို ချီးမြှောက်သဖြင့် သုံးဆောင်တော်မူပါလို့” ပြောဆိုပြီး
လှူဒါန်း သည်ကို ရွှေဥမင်ဆရာတော်ကလည်း ကိုယ်တိုင်လက်နှစ်ဖက်နဲ့ ခံယူပြီး သင်္ကန်းကို အောက်
မချသေးပဲ သင်္ကန်းကို
အပေါ်မြှောက်လိုက်ပြီး “သာဓု၊ သာဓု၊ ဤသင်္ကန်းကို ရွှေစည်းခုံဘုရား
အား လှူပါ၏”
လို့ဆိုပြီး အောက်ချထားလိုက်သည်။ နောက်တောင်ဖီလာ ဆရာတော်က
ပါ
လာတဲ့ ပစ္စည်းများကို တခုချင်း လှူပါတယ်။ ပစ္စည်းတခု လှူတိုင်း
ရွှေဥမင်ဆရာတော်က “ဤပစ္စည်းကို ရွှေစည်းခုံဘုရားအား လှူဒါန်းပါ၏”
လို့ပဲ ဆိုပြီး ဘေးကို ချထားလိုက်ပါတယ်။
“ရွှေဥမင်ဆရာတော်ရဲ့
အပြုအမူကိုကြည့်ပြီး တောင်ဖီလာဆရာတော်က ဒီလိုတွေးပါတယ်။
’သြော် .. ငါ့ကား
မင်းဆရာဖြစ်၍ ငါ့ပစ္စည်းဝတ္တုတို့၌ ရွံရှာသဖြင့် (ဝိနည်းသံသယရှိ၍) ဤသို့
ပြုချေသည်”ဟု နှလုံး ပိုက်တော်မူသည်။ စိတ်ခုခြင်းတော့ မရှိပေ။
ရွှေဥမင် ဆရာတော်၏ တုန့်ပြန် ပူဇော်မှု
“ရွှေဥမင်ဆရာတော်ရဲ့
သဘောကတော့ ထိုသို့မဟုတ်ပေ။ ရွှေဥမင်ဆရာတော်ရဲ့သဘော
က “ဤအရှင်မြတ်သည်
မင်းဧကရာဇ် ဆရာတော်ဖြစ်လျှက် ကိုယ်တိုင် ငါ့ထံသို့ လာရောက်၍
ပူဇော်သက္ကာရများနှင့် ငါ့အားပူဇော်ပေသည်။ ငါကား သူကဲ့သိုပူဇော်ရန်
ပစ္စည်းဝတ္တုမရှိသော
ကြောင့် သူ့အားပူဇော်မရ။ ထိုအရှင်မြတ်အား ပစ္စည်းပရိသတ်ခြွေရံတို့ကို စွန့်၍ တော၌နေစေ
တော်မူခြင်း အကျိုးငှာ (အနုသာသနီ) မြတ်သော
ဆုံးမစကားဖြင့် ပူဇော်အံ့။ နောက်တခုက အလွန်ရခဲ့လှစွာသော ရဟန်းအဖြစ်ကို
ရပါလျှက် မင်းဆရာတော်အခေါ်ခံ၍ နေခြင်းသည် အ
ကျိုးမရှိ၊ အကျိုးရှိရာကို ရှာစေအံ့” အဲဒီလို နှလုံးသွင်းနဲ့ ပြုမူပြောဆိုခဲ့ခြင်းဖြစ်သည်။
(မြင့်မြတ်သော တုန့်ပြန်မှုပင်တည်း။)
ထို့နောက်တော့ တောင်ဖီလာဆရာတော်က မိမိရေးသားထားတဲ့ ၀ိနည်းငါးကျမ်း ပါဠိအဋ္ဌ
ကထာနိဿယနဲ့ ရွှေဥမင်ဆရာတော် ရေးသားထားတဲ့ ၀ိနည်းငါးကျမ်း ပါဠိအဋ္ဌကထာနိဿ
ယကို
တိုက်ဆိုင်ကြည်လိုကြောင်း လျှောက်ထားပါတယ်။ ရွှေဥမင်ဆရာတော်ကလည်း
မိမိ
ရေးသားထားတဲ့ ပါဠိအဋ္ဌကထာနိဿယကို ချက်ချင်းပဲ ထုတ်ပြပါတယ်။
တောင်ဖီလာ ဆရာ
တော်က ရွှေဥမင်ဆရာတော်ရဲ့ နိဿယကို စိတ်ကျေနပ်သည်အထိ
ကြည့်ရှုပြီးတော့ ....
“ငါရေးသားသည့် နိဿယသည် ကျယ်လွန်းသည်၊
ရွှေဥမင်ဆရာတော် နိဿယသည် ကျဉ်း သည်၊ ရွှေဥမင်ဆရာတော်နိဿယသည်ပင်
နောင်စာသင်သားတို့အတွက် အားကိုးရာဖြစ်
လောက်ပြီ၊ နှစ်နည်းရှိသဖြင့် လောက၀ယ်
ဘုရားနှစ်ဆူ ပွင့်သော် သတ္တ၀ါတို့၌ သူ့ဘုရား
သာသည် ငါ့ဘုရားသာသည်
အငြင်းခုံသာဖြစ်၍ အကျိုးမရှိသကဲ့သို့ ရှိပေတော့မည်”
အဲဒီ
လို နှလုံးပိုက်ပြီး မိမိကိုယ်တိုင်ရေသားထားတဲ့ နိဿယတွေကို
ရွှေစည်းခုံစေတီရင်ပြင်
မှာ မီးပူဇော်လိုက်ပါတယ်။ ပြီးမှ ပြန်ကြွသွားပါတယ်။
ရှေးရှေးဆရာတော်ကြီးတွေဟာ
ဘာစာမူခ ဘာလာဘသက္ကာရမှ မျှော်လင့်ချက်မထားဘဲ ကျမ်းပေါင်းများစွာကို
တကယ့်သဒ္ဓါနှလုံးသားစစ်စစ်နဲ့ ရေးသွားတာပါ။ အဲဒီခေတ်ကာလက
ဘောလ်ပင်တွေ၊
စာရွက်တွေ၊ လျှပ်စစ်မီးတွေမပေါ်သေးတော့ ပေရွက်မှာ ကညစ်တံနဲ့
မီးခွက်ထွန်းပြီး ခဲရာခဲဆစ်ရေးခဲ့ကြရတာပါ။ ဒါတင်မကသေးဘဲ ကျမ်းချင်းတူလို့
ကိုယ်ရဲ့
ကျမ်းစာက အားနည်းချက်ရှိနေရင်လည်း မီးပူဇော်ပစ်ဖို့
ဝန်မလေးကြပါဘူး။ ဒါတွေကတော့
စာရေးတဲ့ အခါတိုင်း တွေးရမယ့်အတွေးတွေလို့
နားလည်ထားမိပါတယ်။
အလုပ်အကျွေး ကပ္ပိယသူတော်က သူ့ဆရာတော်ရဲ့ အပြုအမူတွေကို အားမလို အားမရဖြစ်
နေဟန်တူပါတယ်။ ဒါကြောင့် တောင်ဖီလာဆရာတော်ပြန်ကြွသွားတော့ ရွှေဥမင်ဆရာတော်
အနားကပ်ပြီး ဘုန်းကြိးတို့ ၀ိနည်းမှာ
သဒ္ဓါ၍ လှူသောပစ္စည်းကို မသုံးဆောင်ဘဲ သူတပါးကို မပေးအပ်၊
ပေးသော်သူ့သဒ္ဓါတရားကို ဖျက်ဆီးသည်မည်ရကား
သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်အာ
ပါတ်သင့်သည် မဟုတ်ပါလော။ အဘယ်ကြောင့် မင်းဆရာ
ကိုယ်တိုင်လာ၍ လှူသည့်ပစ္စည်း
ကို အားပါးမနာ သူရှေ့တွင် ရွှေစည်းခုံကို
လှူဘိသနည်း။ မသင့်လော့၊ မငဲ့ညှာရာ မရောက်သ
လောလို့ အပြစ်တင်ဟန်နဲ့ လျှောက်ပါတယ်။
ဒီတော့
ရွှေဥမင်ဆရာတော်က “သူတော် ငါစောင့်၏။ သူတော့် ဆရာတော်ကို ငါဆုံးမလိုက်
သည်။
ဒီက အပြန် စစ်ကိုင်းလေးထပ်ကြီး သူနေသောကျောင်းတော်ကို သူတော့်ဆရာတော် ဝင်ဝံ့ပေလျှင် လောက၀ယ် အာဂယောက်ျားပဲ” လို့ ပြန်အမိန့်ရှိလိုက်ပါတယ်။
မကြာခင်မှာ
ရွှေဥမင်ဆရာတော်နဲ့ ကပ္ပိယသူတော်ထံကို သတင်းရောက်လာပါတယ်။
အဲဒါ
ကတော့“တောင်ဖီလာဆရာတော် ရွှေဥမင်ဆရာတော်ဆီကအပြန် မြို့နေ မင်းဆရာအဖြစ်
ကို ရှက်ရွံ့လို့ စစ်ကိုင်းတောင် မင်းဝံတောင်ရိုး အရှေ့ချောက်ကြား
တောင်ဖီလာတောရမှာ
အရညကင် တောရဆောက်တည်သွားကြောင်း” ဆိုတာပါပဲ။
ရွှေဥမင် ဆရာတော်တို့ ဆရာတပည့်အဖြစ်ကိုဖြင့် ပုံဖော်တွေးလိုက်ရင် ခေါင်းတညိတ်ညိတ်
ဖြစ်နေမလား? ကြည်နူးတဲ့ အပြုံးနဲ့ တဦးနဲ့တဦး ကြည့်နေကြမလား ဆိုတာပါပဲ...။
ဓမ္မာစရိယ ဦးဌေးလှိုင်၊ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများမှ.... ထုတ်ယူသည်( နွေနှင်းမိုး)
ဓမ္မာစရိယ ဦးဌေးလှိုင်၊ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများမှ.... ထုတ်ယူသည်( နွေနှင်းမိုး)
(သက်တော် ၆၀.ပြည့်၊ သက္ကရာဇ် တထောင်ပြည့်၊ တပေါင်းလပြည့်ဖြစ်သည်။)
Labels:
ဘာသာရေး
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
May
(81)
- သူတပါး မထိခိုက်စေနဲ့
- သြဝါဒ
- “ကြောက်၍ပင် တောထဲ၌ နေပါသည်“
- တောင်ဖီလာဆရာတော်၏ သီလဂုဏ်
- မိမိကိုယ်ကို အနိုင်ယူနည်း
- “ဘဝ သံသရာ”
- အားကိုးစရာ အစစ်
- အပျို ...
- ငှက်သိုက်
- မျက်နှာ ပေါင်းတင်နည်းများ
- နှာခေါင်း သွေးယိုခဲ့လျှင်
- ဖိုးတောင်သူ ဘွဲ့
- ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ဗောဓိသမိုင်း
- ဧည့်သည်
- မြန်မာ့ ကြွေးကြော်သံ
- ညို
- ထုံအတဲ့မိန်းမနဲ့ ထက်မြက်တဲ့မိန်းမ
- မိဘကို လှုပ်နှိုးတဲ့ သားသားမီးမီးတို့ရဲ့စကား
- ဘီလ်ဂိတ်နဲ့ စားပွဲထိုး
- အောင်မြင်သူနဲ့ ရှုံးနိမ့်သူ
- မယားကောင်း မယားမြတ်
- အချစ်စစ်
- စဉ်းစားပေးပါ
- ယမမင်းရဲ့ ဆုတောင်း "၅" ချက်
- လင်ကွန်း၏ "မ" ၁၀ လုံး
- “တောမြိုင်ခြေလမ်း”
- ပုတီးသွယ်
- ရှုတိုင်း ယဉ်တဲ့ ဝတ်စုံရှင်
- တန်ဖိုးသိမှ တန်ဖိုး ရှိတာပါ
- ရွာသာယာသို့ အမှတ်တရ
- မုန်တိုင်းက မော့မော့ တိုင်းပြည်က လျော့လျော့
- အမှတ်တရ ဗိုလ်ချုပ်
- အောင်ဆန်းပေးတဲ့ မြန်မာပြည်
- အောင်ဆန်းပေးတဲ့ မြန်မာပြည်
- အောင်ဆန်းပေးတဲ့ မြန်မာပြည်
- အောင်ဆန်းပေးတဲ့ မြန်မာပြည်
- အောင်ဆန်းပေးတဲ့ မြန်မာပြည်
- (ဗိုလ်)အောင်ဆန်းပေးတဲ့ မြန်မာပြည်
- အနိုင် မခံ
- Facebook colour
- Memory Stick အတု၊ အစစ်
- ရေးချင်ရင် ထည့်ရေး
- ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်တာ
- Notepad မှာ မြန်မာစာ မမြင်ရင်
- နက် မြန် ချင်ရင်
- FB post တွေကို မမြင်ချင်ရင်
- ပျံနေတဲ့ ငှက်
- အမျိုးသမီးများထက် အမျိုးသားများ သက်တမ်း ပိုတိုစေသေ...
- ကျေးဇူး ဆပ်လော့
- ကဆုန်လ၌ ကြုံရသော - ဗုဒ္ဓနေ့ ပွဲတော်
- ဗုဒ္ဓဝင် ခုနှစ်နေ့ ဘုရားရှိခိုး
- ကဆုန်လပြည့် ဗုဒ္ဓနေ့
- ပူဇော်မကုန် မြတ်ကဆုန်
- လူ့အခွင့်အရေး ကြေညာစာတမ်း
- “ ကမ္ဘောဇသို့ ”
- ဟာသ အတိုအထွာ
- ကျောက်ဆင်းတုတော် ကိုးကွယ်မှု
- ယဉ်ကျေးတဲ့ ကမ္ဘောဒီးယားသူ....
- Facebook လုံခြုံရေး
- Bill Gates about တစွန်းတစ
- လူယုတ်မာ လက္ခဏာ
- စကားဝါ သင်းတဲ့ ဝိသာခါ
- လွမ်းစရာ့ ညောင်ရေပွဲ
- တော် ကဆုန်
- ပန်းကံ့ကော်
- ကံ့ကော်နဲ့ ပိတောက်
- ပန်းပိတောက် ရွှေဝါ
- ပိတောက်ပန်း
- ကျောက်ကပ်အတွက် ဆေးမြီးတို တခွက်
- လယ်တီဆရာတော်ကြီး ထေရုပ္ပတ္တိအကျဉ်း
- နိဗ္ဗိန္ဒ တေးတပ်
- အဆုံးအမ
- ဆိုင်ရာ ကျင့်ဝတ်များ
- ဗုဒ္ဓ အဆုံးအမ
- ဘာတွေ ယူသွားကြမှာလဲ?
- ဘဝ နေနည်း
- ရွှေဥမင်ဆရာတော်ကြီး၏ သြဝါဒ
- အရာရာမှာ ပညာသား ပါပါ လုပ်
- ခရမ်းချဉ်သီးက ပေးတဲ့ အသိ
- သံပုရာသီး အစွမ်း
- ကိုယ့်ကိုယ်ကို သတိပေးခြင်း
-
▼
May
(81)
0 comments:
Post a Comment