သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, May 21, 2013

PostHeaderIcon အချစ်စစ်


တခါက အရမ်းချစ်ကြပြီး လက်ထပ်ဖို့ ပြင်ဆင်ထားတဲ့ စုံတွဲတတွဲရှိတယ်။ ဖြစ်ချင်တော့
လက်မထပ်ခင် တလလောက်အလိုမှာ ... ကောင်မလေးက ကား accident ဖြစ်ပြီး မျက်နှာ
မှာ သေရာပါတဲ့ အမာရွတ်တွေနဲ့ ရုပ်ပျက် ဆင်းပျက် ဖြစ်သွားပါတယ် ။

အဲဒါနဲ့ ကောင်မလေးက သူ့ချစ်သူ ကောင်လေးဆီကို ဖုန်းဆက်လိုက်တယ် ။

"ငါ နင့်ကို လက်မထပ်နိုင်တော့ဘူး .. လှပတဲ့ ကောင်မလေး တယောက်ယောက်ကိုပဲ

နင် လက်ထပ်လိုက်ပါ ... တသက်လုံး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ မိန်းမတယောက်နဲ့
နင်အတူနေနိုင်မှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ် ... .. ငါက နင့်အတွက် တန်ဖိုး
မရှိတော့ပါဘူးဟာ"...တဲ့..။

သူ့ကောင်လေးက အခုလို ပြန်ပြောတယ် ..

" နင်နဲ့ မတွေ့တဲ့ ဒီရက်ပိုင်းမှာ ရမ်းကားတဲ့ လူတစုက ငါ့ကို ၀ိုင်းပြီး ထိုးကြိတ်ကြတယ်..။

အပြင်က ဒဏ်ရာတွေက ကျက်သွားခဲ့ပေမယ့် ။  ခေါင်းကို ထိခိုက်မိတဲ့ ဒဏ်ကြောင့် ငါ 
တသက်လုံး မျက်စိ မမြင်နိုင်တော့ဘူးလို့ ဆရာဝန်တွေက ငါ့ကို ပြောခဲ့တယ် ။ ဒါကြောင့်
တကယ်တမ်း ကိုယ့်ချစ်သူကို အရှက်ရစေတဲ့လူဟာ ငါပါဟာ ... နင် ရုပ်ပျက် ဆင်းပျက် ဘယ်လောက်ဖြစ်ဖြစ်...ငါနင့်ကို မြင်နိုင်မှာ မဟုတ်ပါဘူး။ ဖြစ်နိုင်ရင် ငါ့ရဲ့ လက်ထပ်ခွင့်ကို မငြင်းဆန်လိုက်ပါနဲ့နော် "တဲ့...။

ဒီလိုနဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ လက်ထပ်လိုက်ကြတယ်...။ နှစ်ပေါင်း အတော်

ကြာတဲ့အထိ သူတို့နှစ်ယောက်ဟာ နားလည်မှုတွေ ချစ်ခြင်းတရားတွေနဲ့ အရာရာကို အတူ
တကွ ရင်ဆိုင် ကျော်ဖြတ်ခဲ့ပါတယ်။

အိမ်ထောင်သက် အနှစ် နှစ်ဆယ် အရောက်မှာတော့ ... ဇနီးဖြစ်သူ ကောင်မလေး

ကွယ်လွန်သွားခဲ့တယ် ။ အသုဘအခမ်းအနားပြီးတော့... ဇနီးဖြစ်သူရဲ့ အုတ်ဂူရှေ့မှာ
ယောက်ျားဖြစ်သူ ကောင်လေးက မျက်ရည်တွေ  စီးကျလာပြီး ...  အခုလို  တီးတိုး
ပြောလိုက်ပါတယ် ။

"နင် ထင်ခဲ့သလို ငါ မျက်မမြင် တယောက် မဖြစ်ခဲ့ပါဘူး ... ချစ်သူရဲ့ အမြင်မှာ ရုပ်ပျက်

ဆင်းပျက် ဖြစ်နေတဲ့ လူတယောက်အဖြစ် မနေလိုတဲ့ နင့်ကို လက်ထပ်နိုင်ဖို့အတွက်
ငါ ဟန်ဆောင်ခဲ့တာပါ..။ နင့်ကို ချစ်လွန်းလို့ ပိုင်ဆိုင်ခွင့်ရဖို့ ဟန်ဆောင်မိခဲ့တဲ့ ငါ့ကို
ခွင့်လွှတ်ပါဟာ ... ငါ နင့်ကို သေတဲ့အထိ ချစ်နေဦးမှာပါ " တဲ့.....။ 
 fb .. to thought.

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...