သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, May 21, 2013

PostHeaderIcon မိဘကို လှုပ်နှိုးတဲ့ သားသားမီးမီးတို့ရဲ့စကား


မိဘကို လှုပ်နှိုးတဲ့ သားသားမီးမီးတို့ရဲ့စကား

(၁) ကျွန်တော့်ကို အလိုမလိုက်ပါနဲ့။ လိုချင်တာအားလုံးကို မရနိုင်ဘူးဆိုတာ ကျွန်တော်

သိတယ်။ ဒါကလည်း အဖေ၊ အမေတို့ရဲ့စိတ်ကို ကျွန်တော် စမ်းသပ်ကြည့်ချင်လို့ပါပဲ။

(၂) ကျွန်တော့်ကို စည်းကမ်း တင်းကြပ်ဖို့ မကြောက်ပါနဲ့။ နည်းနည်းတင်းကြပ်တာကို ကျွန်တော်နှစ်သက်တယ်။ ဒါမှ လုံခြုံတယ်လို့ ကျွန်တော် ခံစားရတယ်။

(၃) ကျွန်တော့်ကို အကျင့်ဆိုးတွေ မွေးမပေးပါနဲ့။ ဘယ်အရာတွေက အကျင့်ဆိုးတွေဆို

တာကို အဖေ၊ အမေတို့ စောစောစီးစီးသင်ပြမှ ကျွန်တော် သိနိုင်မှာပါ။

(၄) ကျွန်တော့်ကို "ငယ်သေးတယ်၊ ဘာမှနားမလည်ဘူး"လို့ မကြာခဏ မပြောပါနဲ့။

ဒါတွေက ကျွန်တော့်အတွေးနဲ့ အပြုအမူတွေကို တုံးအ သွားစေပါတယ်။

(၅) ကျွန်တော့်အမှားကို လူတွေရှေ့မှာ မလစ်ဟ (မဆုံးမ)ပါနဲ့။ တကယ်လို့ ကျွန်တော့်ကို

နှစ်ကိုယ်ကြား ဆိုဆုံးမရင် ကျွန်တော် ပိုပြီး နားဝင်ပါလိမ့်မယ်။

(၆) ကျွန်တော့်ကို သိပ်အကာအကွယ် မပေးပါနဲ့။ အမှားလုပ်ရင် ဆုံးမတာကို ခံယူရမယ်

ဆိုတာ ကျွန်တော်သိတယ်။ တခါတလေ နာကျင်ခြင်းထဲကနေ သင်ခန်းစာရဖို့ ကျွန်တော်
သင်ယူရပါမယ်။

(၇) ကျွန်တော့်အမှားတွေကို အပြစ်တခု၊ အရှက်တခုဖြစ်အောင် မပြောပါနဲ့။ အဲဒီလို

လုပ်တာက ကျွန်တော်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ လေးစားမှုကို ထိခိုက်စေပါတယ်။

(၈) "အဖေ၊ အမေကို သားမုန်းတယ်"လို့ ကျွန်တော် ပြောမိတဲ့အခါ စိတ်ထိခိုက် ဝမ်းနည်း

မသွားပါနဲ့။ ကျွန်တော် မုန်းတာက လူကို မဟုတ်ဘဲ ကျွန်တော့်စိတ်ကို ပျက်ပြားစေတဲ့
အဖေ၊အမေတို့ရဲ့ အမိန့်အာဏာကိုသာဖြစ်တယ်။

(၉) ကျွန်တော်လုပ်တဲ့ အမှားသေးသေးလေးကို မတေးမှတ်ထားပါနဲ့။ ဒါကလည်း ကျွန်

တော့်ကို အာရုံစိုက်လာအောင် လုပ်တာဖြစ်တယ်။

(၁ဝ) ကျွန်တော့်ကို တဗျစ်တောက်တောက် မရေရွတ်ပါနဲ့။ ကျွန်တော့်ကို အမြဲဗျစ်

တောက်တောက်ရွတ်ရင် နားမကြားချင်ဟန်ဆောင်ပြီး ကျွန်တော့်ကိုယ် ကျွန်တော်
ကာကွယ်ရလိမ့်မယ်။

(၁၁) ကျွန်တော်ကို ပေါ့ပျက်ပျက် ကတိတွေ မပေးပါနဲ့။ အဲဒီကတိတွေကို အဖေ၊ အမေ

တို့ ဖျက်လိုက်တဲ့အခါ အပယ်ခံရတယ်ဆိုပြီး ကျွန်တော် ဝမ်းနည်းဒေါသဖြစ်မိလိမ့်မယ်။

(၁၂) ပြောချင်တာကို ကျွန်တော် သေသေချာချာ၊ ရှင်းရှင်းလင်းလင်း မပြောတတ်တဲ့အ

ခါ  ခါတိုင်း ကျွန်တော်ပြောနေကျ စကားတွေရဲ့ မပီသမှုကြောင့်ဆိုတာ မမေ့ပါနဲ့။

(၁၃) ကျွန်တော်ရဲ့ ရိုးသားမှုကို မကြာမခဏ ပျက်စီးအောင်မလုပ်ပါနဲ့။ ပျက်စီးအောင်

လုပ်တဲ့အခါ ကျွန်တော်ကြောက်လန့်ပြီး လိမ်ညာစကားတွေ အလွယ်တကူ ပြောမိ
တတ်တယ်။

(၁၄) မသိတဲ့ မေးခွန်းတွေကို ကျွန်တော်မေးတဲ့အခါ ကျွန်တော့်ကို မတားပါနဲ့။ 

ကျွန်တော်မေးတိုင်း တားခဲ့ရင် အဖေ၊ အမေတို့အစား တခြားလူကိုပဲ ကျွန်တော်
သွားမေးရပါလိမ့်မယ်။

(၁၅) ကျွန်တော်ရဲ့ ကြောက်စိတ်၊ ထိတ်လန့်စိတ်တွေက ရှက်စရာကောင်းတယ်လို့

မပြောပါနဲ့။ ကျွန်တော်ကြောက်တယ်ဆိုတာ တကယ်ပါ။ အဲဒီလိုအခြေအနေမျိုးမှာ
ကျွန်တော့်ကို နှစ်သိမ့်ပေးပါ၊ နားလည်ပေးပါ။

(၁၆) အဖေ၊ အမေတို့က ခြောက်ပစ်ကင်းတယ်၊ အမှား မလုပ်ဘူးလို့ မပြောပါနဲ့။ အဖေ၊

အမေတို့ရဲ့ ခြောက်ပစ်မကင်းတာနဲ့ အမှားကို ကျွန်တော် သတိထားမိတဲ့နေ့ ကျွန်တော့်
မျှော်လင့်ချက်တွေ ဆုံးရှုံးကုန်ပါလိမ့်မယ်။

(၁၇) အပြောနဲ့အလုပ် မညီ မဖြစ်ပါစေနဲ့။ အဲဒါတွေက ကျွန်တော့်ကို ဘာလုပ်ရမှန်း မသိဖြစ်

စေသလို အဖေ၊ အမေတို့ကို ယုံကြည်တဲ့ ကျွန်တော့်ယုံကြည်မှုကိုပါ ပျက်ပြားစေပါတယ်။

(၁၈) အမှားအတွက် ကျွန်တော့်ကို တောင်းပန်တာနဲ့ အဖေ၊ အမေတို့အပေါ်ထားတဲ့ ကျွန်

တော့် လေးစားမှုတွေ ပျက်ပြားသွားမယ်လို့ မထင်ပါနဲ့။ ပွင့်လင်းတဲ့ တောင်းပန်မှုက အဖေ၊
အမေတို့နဲ့ ကျွန်တော့်ကို ပိုရင်းနှီးစေပါတယ်။

(၁၉) အရာရာကို ကျွန်တော် စူးစမ်းတတ်တာ မမေ့ပါနဲ့။ မစူးစမ်းရင် မကြီးပြင်းတတ်တဲ့

အတွက် ကျွန်တော့်ကို ခွင့်လွှတ်နားလည်ပေးပါ။

(၂ဝ) တနေ့ပြီးတနေ့ ကျွန်တော် လျင်လျင်မြန်မြန် ကြီးပြင်းနေပါတယ်။ ကျွန်တော့်ကို

သင်ကြား၊ ထိန်းသိမ်းဖို့ဆိုတာ မလွယ်တဲ့ကိစ္စမှန်း ကျွန်တော်လည်းသိတယ်။ ဒါကြောင့်
အကြိမ်ကြိမ် ကြိုးစားကြည့်ပေးပါ။

(၂၁) နားလည်မှု၊ ချစ်ခြင်းမေတ္တာပါတဲ့ အသဲနှလုံးမရှိရင် ကျွန်တော် မရှင်သန်နိုင်ဘူးဆို

တာ မမေ့ပါနဲ့။ဒါကို ကျွန်တော်မပြောလည်း အဖေ၊အမေတို့ သိလောက်မယ် ထင်ပါတယ်။

ကလေးတွေကို ဂရုစိုက်မှု ပိုပေးပါ။ စိတ်ပိုရှည်ပေးပါ..ဒါတွေက ကလေးတယောက်ရဲ့ 

ရှေ့ရေးကို ပြောင်းလဲစေနိုင်ပါတယ်။

Credit To:နိုင်းနိုင်းစနေ

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...