သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, May 3, 2013

PostHeaderIcon ဘဝ နေနည်း


ဘ၀နေနည်း
ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး

ပထမရွှေကျင်ဆရာတော်ဘုရားကြီးက လူအချင်းချင်းပေါင်းသင်းဆက်ဆံကြတဲ့အခါ
ကျင့်သုံးလိုက်နာရမယ့် ဘ၀နေနည်း နည်းကောင်းတွေကို သြ၀ါဒပေးတော်မူခဲ့ပါတယ်။

တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏။
သစ်ရွက်စိုကို မတတ်နိုင်၊ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏။

နံသာတုံးသည် မီးရှို့သူကို မကျွှမ်းမချင်း အနံ့ဖြင့် မွှေးစေ၏
သူတော်ကောင်းသည် ညှဉ်းဆဲသူကိုလည်း မသေမချင်း အကျိုးဆောင်၏။

လူကောင်းသည် အရှုးနှင့် ပြိုင်၍ အဝတ် မလှစ်ကောင်း၊ 
သူတော်ကောင်းသည် မသူတော်နှင့် ပြိုင်၍ ဒေါသ မဖြစ်ကောင်း။

ကျားကြောက်၍ ပြေးစဉ် ခွေးဟောင်းသည်ကို အရေး မယူရ။
ငရဲကြောက်၍ သီလစောင့်စဉ် (သံသရာကို ကြောက်၍ ပါရမီ ဖြည့်စဉ်) 
မသူတော် ညှဉ်းသည်ကို အရေး မယူရ။

ဒါနပြုသူကို မှီ၍ ဒါနပါရမီ ပြည့်သည်။
မသူတော်ကို မှီ၍ သည်းခံလျှင် ခန္တီပါရမီ ပြည့်သည်။

ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။ 
မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ တဲ့။

ဆရာတော်ဘုရားကြီးရဲ့ သြဝါဒက နောက်ထပ် အဓိပ္ပါယ်ဖွင့်ဆိုစရာ မလိုအောင်ကိ
ပြည့်စုံလှပါတယ်။ 
သူတော်ကောင်းတရားကို မြတ်နိုးသူဟာ ပတ်ဝန်းကျင်က သံပုရာသီးကို ပေးလာရင်
လည်း ကိုယ်က ဖျော်ရည် ဖြစ်အောင်လုပ်ပြီး သောက်တတ်ရမှာ ဖြစ်သလို၊ ဘယ်လို
လောကဓံနဲ့ တွေတွေ့ ပါရမီမြောက်အောင် နေတတ်ရင် ဘုရားလောင်းတို့ရဲ့ ဘဝ
နေနည်းလို့ ခေါ်နိုင်ပါတယ်။

မီးလောင်ထားတဲ့ စက္ကူဟာ ပွတ်သပ် ထိခတ်လိုက်တာနဲ့ ကြေမွသွားသလို ပတ်ဝန်း
ကျင်က ကိုယ့်ကို မလိုပြောတဲ့ ကဲရဲ့သံလေး ကြားရခါမျှနဲ့လည်း ဒေါသအပူမီးတွေ
လောင်မြိုက် ခံရမယ်ဆိုရင် ဘဝနေနည်း မမှန်တော့ကြောင်း ဆုံးမထားပါတယ်။
လောက လူတချို့က သူများပျက်စီးဖို့၊ အထင်အမြင်လွဲစေဖို့၊ လူကြားမှာ မျက်နှာ
မပြရဲစေဖို့၊ တွန်းအားပေး ပြစ်တင် ကဲ့ရဲ့ ရှုံ့ချမှုတွေ ရှိတတ်ကြပါတယ်။ များသော
အားဖြင့် သည်းခံနိုင်ဖို့ မလွယ်ကူတတ်ကြပါဘူး။ ကိုယ်က သည်းခံနေလိုက်တာနဲ့ 
ခန္တီပါရမီ မြောက်သွားတဲ့အတွက် ဘာမှ မကုန်ဘဲ အမြတ် ရလိုက်မှာပါ..။ ကဲရဲ့သူ၊
ပြစ်တင်သူ အဖို့မှာတော့ အမြတ် မရတဲ့အပြင် အရင်းပါ ရှုံးသွားမှာပါ။ .... တကယ်
တွေးကြည့်ရင် အရှုံးခံပြီး ကိုယ်ကို အရင်း ထုတ်ပေးသွားတာပါ။ 
ရအောင် ယူတတ်ရမှာဖြစ်ပါတယ်။
                 ( ကောင်းမွန်လိုက်တဲ့ ဆုံးမစာများပါ... တိုးတိုး )

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...