သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, May 6, 2013

PostHeaderIcon ဟာသ အတိုအထွာ


( မန္တလာသား)

သူ့နေရာသူ ပြန်သွား
" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေ ဘယ်ရောက်ကုန်ပြီလဲ "
" ဪ ..... အဲဒါ ကျောက်တုံးလေးတွေလား၊ ကျွန်တော်က သောက်ရမယ့် ဆေးမှတ်လို့

  ခုနကပဲ သောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါ ရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့် ဆီးအိမ်ထဲက ခွဲထုတ်

   ထားတဲ့ ဟာတွေရှင့် "

မေးမှ သိတယ်
" မင်းတို့ လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ ကြားရတာ ၀မ်းသာတယ်ကွာ၊ နေ့ခင်း

  တုန်းကတောင် မင်းတို့ အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့ လင်မယားနှစ်ယောက်
  ထင်းတွေ အတူတူ ခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ "


ပြောချင်တာက ဒီလိုပါ
" မင်းဟာ ကားကို တနာရီ မိုင်တရာနှုန်းလောက်နဲ့ မောင်းလာတယ် ။
  ပြီးတော့ ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်း မှားလာတယ်။
  ယာဉ်မောင်း လိုင်စင်လည်း မပါဘူး ။ ကိုင်း .....
  ဒီလောက်တောင် အပြစ်တွေများတာ ဘာပြောချင်သေးလဲ "
" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာ အပြစ်တခုပဲ ရှိပါတယ်။ အဲဒါကတော့ 

   ဒီကားကို ခိုးလာတာပါပဲ "

ဘယ်သူမှ မပြောနဲ့နော်
" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင် ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမက ပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး .....ဘယ်သူမှ လျှောက်မပြောလေနဲ့၊ ဓူဝံကြယ်တောင်ဘက်ကို ပြောင်းသွားတာ

   တပတ် လောက်ပဲ ရှိသေးတယ် မြေးရဲ့ "

စနစ်တကျ အသုံးပြုနည်း
" မနက်က ၀ယ်သွားတဲ့ ယပ်တောင်က တခါနှစ်ခါပဲ ခတ်ရသေးတယ် စုတ်သွားပြီ ၊ဘယ်လို 

  ဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ ရောင်းတဲ့ ယပ်တောင်ဟာ လက်နဲ့ ငြိမ်

 ငြိမ်လေး ကိုင်ထားပြီး ခပ်စေချင်တဲ့ အရာဝတ္တုကို ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်
 မြန်မြန် လှည့်ပေးရပါတယ်ခင်ဗျား "

နားလေးသူ မို့ပါ
" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စ ဟဲဗီး အဆိုတော်ပါ "
" ဒါဆို တဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့  လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်

  အော်ပေးစမ်းပါ။ သူက နားနည်းနည်းလေးတယ် "

ဟိုတမျိုး ဒီတမျိုး
" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ။ သူ့အခန်းထဲ ဝင်ခိုး

  တုန်းက တရားလိုဟာ အိပ်မောကျနေတာပါ။ အခုကျတော့ သူ့အိမ်ထဲ ဝင်ခိုးတာ 
  သေသေချာချာ မြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် "

မေမေ့ တာဝန်ထားလိုက်
" ဒီလူနဲ့ သမီး လက်မထပ်ချင်ဘူး မေမေ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး။ သူက

  ငရဲ ရှိတယ်ဆိုတာကို မယုံဘူးလို့ အကြောက်အကန်ပြောတယ် မေမေရဲ့"
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ်၊ ငရဲ တကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့

  တာဝန် ထားလိုက်စမ်းပါ "

အမွေ ဆက်ခံမိလို့
" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာ ငိုပြီး ဘာတွေ လာပြောနေတာလဲ။ ဒီဂူထဲ မြုပ်ထားတာ

  ခင်ဗျားရဲ့အခင်ဆုံး မိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ "

မမြောက်ပါနဲ့ဗျာ
" မင်းခိုးတဲ့ ပစ္စည်းတွေက အစုံပါပဲလားကွ၊ တီဗွီရယ်၊ အောက်စက်ရယ် ၊ရေခဲသေတ္တာရယ်၊

 ပန်ကာရယ်၊ မီးခံသေတ္တာရယ်၊ အိမ်သားတွေ တယောက်မှ မနိုးစေဘဲ အပြင်ကို ဒါတွေ 
 အကုန် သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ "
" ဟာ ... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင် မြှောက်နေပြန်ပြီ "

အထင်နဲ့အမြင်
" ကျွန်မသားလေး ရေနစ်တုန်းက ဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ်၊ ဒီလိုပေါ့ဗျာ၊ ကြုံကြိုက်လို့ ကယ်တာပဲဟာ၊ ကျေးဇူးတင်ကြောင်း 

  တကူးတက လာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာ မဟုတ်ဘူးရှင့်၊ သူ့လက်က ဟန်းချိန်း ပါမလာလို့ "

ထင်တာက တခြား
" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ်မထင်ခဲ့မိလို့ပါရှင် "

သိချင်လို့
" ဗျို့ အိမ်ရှင်တို့ ၊ တဆိတ်လောက် ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာ လာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကို သိချင်နေတာ၊ ဒီကောင်က အခုမနက်မှ ၀ယ်လာတာလေ "

ပြင်ပ အစားအစာ
" ဗျို့ဆရာသမား၊ ဟိုလူ သူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် မြန်မြန်သွားကယ်

  ကြရအောင် "
" ဟင်း .. တယ်ခက်တဲ့လူပဲ၊ မိကျောင်းမွေးမြူရေးစခန်းမှာ ပြင်ပ အစားအစာတွေ လုံးဝ 

  ကျွေးခွင့် မရှိတာကို သူ မသိလို့ ထင်တယ် "

သမ်းပြတာ မဟုတ်ပါ
" ရှင် တော်တော် ရိုင်းပါလား ၊ ကျွန်မရှေ့မှာ ပါးစပ်ကို လက်ဝါးနဲ့ မကာပဲ သမ်းပြတာ

  နှစ်ကြိမ် ရှိသွားပြီ "
" အထင်မလွဲပါနဲ့ဗျာ၊ ကျွန်တော် တခုခုပြောဖို့ ကြံတိုင်း ခင်ဗျားက ရေပတ်မဝင်အောင်

  ပြောနေတာကိုးဗျ "

ယောက်ျားဆိုတာ
" ဟောဟို ထိုင်နေတဲ့ လူဟာ ခုနက တချိန်လုံး လိုလို ကျွန်မကို စိုက်ကြည့်နေတာ၊
  အခု မမ ရောက်လာမှပဲ ခပ်တည်တည် နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါ မမ အမျိုးသားလေ "

တလွဲ မထင်ပါနဲ့
" ခင်ဗျားကြည့်ရတာ မုဆိုးဝါ တော်တော် ရင့်နေပြီနဲ့တူတယ် "
" ဘာဖြစ်လို့လဲဗျ "
" ဒီတနေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲ လိုက်ပစ်နေတာ တွေ့လို့ပါ "
" ဒါက ဒီလိုပါ ၊ ဒီမနက် ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေ ဖမ်းဖို့ပါပဲ ၊
  ဒါပေမဲ့ မျက်မှန်က သစ်ကိုင်းနဲ့ ငြိပြီး ကျပျောက်သွားလို့ "

ဆရာ့ ညွှန်ကြားချက်
" တပည့်ရေ ၊ ဟို ဓာတ်ကြိုး တချောင်းကို ခဏ ကိုင်ကြည့်စမ်းကွာ "
" ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "
" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစကို သွားမကိုင်နဲ့ ဓာတ်လိုလိမ့်မယ် "

လိုချင်ရင် ပြောပါ
" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်း ပန်းကန်ကို ကြည့်ပါဦး၊
အရိုးနဲ့ အရေခွံချည်းပဲ "
" ဘာလဲ၊ အမွေးနဲ့ လိုချင်လို့လား...။


0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...