သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, May 21, 2013

PostHeaderIcon အောင်မြင်သူနဲ့ ရှုံးနိမ့်သူ

 

အောင်မြင်သူ နှင့် ရှုံးနိမ့်သူ ခြားနားချက်(Winner vs Loser)

အောင်မြင်သူဆိုတာ အဖြေရဲ့တစိတ်တပိုင်းအဖြစ် အမြဲရှိနေတယ်။
ရှုံးနိမ့်သူဆိုတာ ပြဿနာရဲ့တစိတ်တပိုင်းအဖြစ် အမြဲရှိနေတယ်။

အောင်မြင်သူဆိုတာ အစီအစဉ်တခု အမြဲရှိနေတယ်။
ရှုံးနိမ့်သူဆိုတာ အကြောင်းပြချက်တခု အမြဲရှိနေတယ်။

အောင်မြင်သူဆိုတာ “မင်းအတွက် ဒါကို လုပ်ခွင့်ပေးပါနော်”လို့ ပြောတယ်။
ရှုံးနိမ့်သူဆိုတာ “ဒါဟာ ငါ့အလုပ်မှ မဟုတ်တာ”လို့ပြောတယ်။

အောင်မြင်သူဆိုတာ ပြဿနာတိုင်းအတွက် အဖြေတခုကို ကြည့်ရှုတယ်။
ရှုံးနိမ့်သူဆိုတာ အဖြေတိုင်းအတွက် ပြဿနာတခုကို ကြည့်ရှုတယ်။

အောင်မြင်သူဆိုတာ “ ဒါဟာ ခက်ခဲပေမဲ့ ဖြစ်နိုင်ခြေရှိတယ်”လို့ ပြောတယ်။
ရှုံးနိမ့်သူဆိုတာ “ဒါဟာ ဖြစ်နိုင်ခြေရှိပေမဲ့ ခက်ခဲလွန်းတယ်”လို့ ပြောတယ်။

အောင်မြင်သူဆိုတာ အမှားတခု ပြုလုပ်မိတဲ့အခါ “ကျွန်တော် မှားသွားခဲ့ပါတယ်ဗျာ”လို့

ပြောတယ်။
ရှုံးနိမ့်သူဆိုတာ အမှားတခု ပြုလုပ်မိတဲ့အခါ “ဒါဟာ ကျွန်တော့်အမှားမှ မဟုတ်တာ”လို့

ပြောတယ်။

အောင်မြင်သူဆိုတာ ကိုယ်တိုင် လက်တွေ့ လုပ်ဆောင်တယ်။
ရှုံးနိမ့်သူဆိုတာ ကတိစကားတွေကိုသာ ပေးတယ်။

အောင်မြင်သူဆိုတာ စိတ်ကူး အိမ်မက်တွေရှိတယ်။
ရှုံးနိမ့်သူဆိုတာ အကြံအစည်တွေသာရှိတယ်။

အောင်မြင်သူဆိုတာ “ငါတော့ တခုခု ပြုလုပ်နေရမယ်” လို့ ပြောတယ်။
ရှုံးနိမ့်သူဆိုတာ “တခုခုကို ပြုလုပ်ပြီး ဖြစ်နေရမယ်”လို့ ပြောတယ်။

အောင်မြင်သူဆိုတာ အသင်းအဖွဲ့ရဲ့ တစိတ်တပိုင်းအဖြစ် ရှိနေတယ်။
ရှုံးနိမ့်သူဆိုတာ အသင်းအဖွဲ့ရဲ့ ဝေးရာမှာ ရှိနေတယ်။

အောင်မြင်သူဆိုတာ အကျိုးတရားကိုသာ ကြည့်တယ်။
ရှုံးနိမ့်သူဆိုတာ ဒုက္ခဝေဒနာကိုသာ ကြည့်တယ်။

အောင်မြင်သူဆိုတာ ဖြစ်နိုင်ခြေတွေကို ကြည့်တယ်။
ရှုံးနိမ့်သူဆိုတာ ပြဿနာတွေကို ကြည့်တယ်။

အောင်မြင်သူဆိုတာ နှစ်ဦးနှစ်ဖက်အောင်မြင်မှုကို ယုံကြည်တယ်။
ရှုံးနိမ့်သူဆိုတာ ကိုယ်အောင်မြင်ဖို့ တယောက်ယောက် ရှုံးနိမ့်ရမယ်လို့ ယုံကြည်တယ်။

အောင်မြင်သူဆိုတာ ပစ္စုပ္ပန်ကာလကို ကြည့်တယ်။
ရှုံးနိမ့်သူဆိုတာ အတိတ်ကာလကို ကြည့်တယ်။

အောင်မြင်သူဆိုတာ အပူချိန်ညှိ ကိရိယာနဲ့ တူတယ်။
ရှုံးနိမ့်သူဆိုတာ အပူချိန်တိုင်း ကိရိယာနဲ့ တူတယ်။

အောင်မြင်သူဆိုတာ သူပြောရမယ့် စကားကို ရွေးချယ်တယ်။
ရှုံးနိမ့်သူဆိုတာ သူရွေးချယ်တဲ့ စကားကို ပြောတယ်။

အောင်မြင်သူဆိုတာ ကြမ်းတမ်းတဲ့ ငြင်းခုံမှုမှာ ညင်သာတဲ့ စကားတွေပြောတယ်။
ရှုံးနိမ့်သူဆိုတာ ညင်သာတဲ့ ငြင်းခုံမှုမှာ ကြမ်းတမ်းတဲ့ စကားတွေပြောတယ်။

အောင်မြင်သူဆိုတာ တန်ဖိုးကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားပြီး အသေးအဖွဲကိုတော့ အ

လျှော့ပေး စေ့စပ် ဖြေရှင်းတယ်။
ရှုံးနိမ့်သူဆိုတာ အသေးအဖွဲကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားပြီး တန်ဖိုးကိုတော့ အလျှော့

ပေး စေ့စပ်ဖြေရှင်းတယ်။

အောင်မြင်သူဆိုတာ “အခြားသူတွေက သင့်အပေါ် မပြုလုပ်စေချင်တဲ့ အရာတွေကို

သင်ကလဲ အခြားသူတွေအပေါ် မပြုလုပ်ပါနဲ့”ဆိုတဲ့ စာနာမှု ဒဿနကို လိုက်နာတယ်။
ရှုံးနိမ့်သူဆိုတာ “အခြားသူတွေက သင့်ကို မပြုလုပ်မီ သင်က အရင် ပြုလုပ်လိုက်ပါ”

ဆိုတဲ့ ဒဿနကိုပဲ လိုက်နာတယ်။

အောင်မြင်သူဆိုတာ ဖြစ်မြောက်အောင် လုပ်တယ်။
ရှုံးနိမ့်သူဆိုတာ ဖြစ်မြောက်အောင် ခွင့်ပြုပေးတယ်။

နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; Winner vs Loser

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...