သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, May 2, 2013

PostHeaderIcon အရာရာမှာ ပညာသား ပါပါ လုပ်


ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊
ကျဉ်းကျယ် ထွင်းဖေါက်၊ ဖြတ်တောက် လိုရာ၊ ပြီးနိုင်စွာ၏၊
ပညာ မသုံး၊ နှလုံး မပျောင်း၊ လက်ရုံး ကောင်းကား၊
တကြောင်းမျှသာ၊ စူးပမာသို့၊ လိုရာကိစ္စ၊ များမကျတည့်။ 
ဗလအားကိုး၊ မာနမိုးလျက်၊ မကျိုးမကျည်၊ လူပြောစည်နှင့်၊ မကြည်မမြတ်၊
တောက်ဆတ်ကားရား၊ ရန်စများ၍၊ မီးပွါးပမာ၊ ပြည်မသာဘူး၊ 

ရာဇာနှစ်မင်း၊ ပြည်ထောင်ချင်းလည်း၊ မကင်းကိစ္စ၊ ယှိကာလနှိုက်၊ 
ဝနရုက္ခ၊ တောစိုး စသည်၊ အညမညံ၊ ပင်ချင်းရံသို့၊ ဆက်ဆံတကွ၊ 
ကူညီရမှ၊ ဌာနအောင်ချာ၊ ပြည်ကြီးသာလိမ့်၊။
မေတ္တာမဆက်၊ သစ္စာပျက်က၊ စစ်မက်လည်းပွါး၊ ပြည်ချောက်ချား၍၊ 
တိုင်းကားမသာ၊ ပြည်ကြီးနာလိမ့်။ 

မေတ္တာ သစ္စာ၊ ဤနှစ်ဖြာကို၊ သေချာ ပိုင်းခြား၊ ဝမ်းဝယ်ထားလျက်၊ 
တရားကင်းဘိ၊ ပရိကပ္ပ၊ လိပ် စူဠသို့၊ တွေ့သမျှ ယမ်း၊ ကျရာဖမ်း၍၊ 
ပရမ်းပတာ၊ ပြောတတ်စွာသည့်၊ သမ္မာ မဲ့ငြား၊ သူ့စကားနှင့်၊
ချော့စား ဂုံးတိုက်၊ လူ့စရိုက်ကို၊ မလိုက်မနာ၊ တည်ကြည်စွာလော့။

တောမှာ ကျီးငှက်၊ အိမ်မှာ ကြွက်သို့၊ သူပျက် သူလောင်၊
ပြည်ငြောင့်ကောင်လည်း၊ မရှောင် လုယက်၊ နိုင်အထက်ဖြင့်၊ 
ပျက်ပျက်စီးစီး၊ အချည်းနှီးအောင်၊ ဖျက်ဆီးမှုသာ၊ ပြုတတ်စွာ၏။ 

သမ္မာမကြိုက်၊ စရိုက်ယွင်းချော်၊ မအော် မအမ်း၊ အကျင့်သွမ်းနှင့်၊
ဟော့ရမ်းယုတ်မာ၊ မိစ္ဆာလူမျိုး၊ မိုက် အားကိုးတို့၊ မိုက်ဆိုးမိုက်ရဲ၊ 
မိုက်မိုးကဲ၍။ ပြည်ထဲ မမွှေရစ်စေနှင့်။။

❁ မန်လည်ဆရာတော်ဘုရားကြီး ❁
(မဟာသုတကာရီ မဃဒေ၀လင်္ကာ ပုတ္တောဝါဒခဏ်း)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...