သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, May 11, 2013

PostHeaderIcon ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်တာ

ဖုန်းနှင့်ကွန်ပျူတာ ချိတ်သုံးချင်ရင်


အိုင်ဖုန်းနှင့်သုံးခြင်း setting နှင့် ၀ိုင်ဖိုင်ဖြင့်ကွန်ပျူတာချိတ်သုံးရန် နှစ်မျိုးအား ထပ်ဖြည့်

စွက်ပေးထားပါသည်။

ဖုန်းများကိုကွန်ပျူတာဖြင့်ချိတ်ဆက်သုံးရန်ရည်ရွယ်ပါက...ဂျီအက်အမ်ဖုန်းများ အတွက်

လည်း 3G ပါသောဖုန်းကိုသာရွေးစေလိုပါသည်။ EDGE ရိုးရိုးဂျီအက်အမ် အချက်အလက်
ဖြတ်သန်းမှု အင်တာနက်နည်းပညာအတွက် ယခုဖုန်းများသည် 2.75 gb သာရသေးသဖြင့်
အနည်းငယ်နှေးပါသည်။ 3G ဟန်းဆက်ဖြစ်ပါကအင်တာနက်သုံးခါနီးတွင် နက်ဝပ်အမျိုး
အစားတွင် 3G ပြောင်းသုံးပါက ယခုတချို့နေရာများတွင် 3.5G ဟုမိလာပြီး တော်တော်အ
ဆင်ပြေပါသည်။ 3G အတွက် High speed data mode သို့မဟုတ် UMTS ဟုရေးထားပါသည်။
Data Transfer Rate အချက်အ လက်ဖြတ်သန်းမှုနှုန်းမြန်သဖြင့် Download လုပ်
ရန်ရှိပါက အဆင်ပြေပါသည်။ 

အချို့နေရာများတွင် 3G မမိပါက 2G EDGE ဖြင့်သာသုံးရပါသည်။ Sony ဖုန်းများကို ကွန်ပျူတာဖြင့်ချိတ်ဆက်သုံးရန် PC COMPANIOM SOFTWARE ဖြင့် သုံးရပါ သည်။
update အသစ်ထွက်တိုင်း ထပ်တင်ပေးမှသာသုံးလို့ရပါသည်။ အပ်ဒိတ်မလုပ်ပါကသုံး
လို့မရတော့ပါ။ ကွန်ပျူတာနှင့်ချိတ်သုံးလိုပါက အန်းဒရိုက်များအတွက်တော့ (Hawai) ဟဝေးတံဆိပ်ကပိုအဆင်ပြေနိုင်ပါသည်။ 

သို့သော်ဆိုင်များတွင် အန်းဒရိုက် အိုအက်အတွက် ရီကွန်မန်းမလုပ်ပါ။ Android အိုအက် ဖုန်းများဝယ်ကိုင်ပါက အိုအက်ဗားရှင်းအား 2.3 နှင့်အထက်ကိုသာဝယ်ပါ။
ဂိမ်းများ၊ Application များထပ်တင်ပါက SD memory card ထဲတွင်ပြောင်းသွင်းနိုင်သဖြင့်
phone (internal memory) ကို နေရာစားတာ သက်သာသွားပါသည်။ ဖုန်းအတွင်းပိုင်း
မှတ်ညဏ်နေရာ နည်းသွားပါက စက်ဟန်းမှု၊ စက်လေးမှုဖြစ်နိုင်ပါ သည်။ နောက်ပိုင်း
ဆော့ဝဲမြင့်တင်ရမည့် အပိုင်းများကိုပါ စဉ်းစားသင့်ပါသည်။

နိုကီယာဖုန်းများကတော့ ကွန်ပျူတာနှင့်ချိတ်သုံးလျှင် လောလောဆယ်အကောင်းဆုံးဟု

ဆိုချင်ပါသည်။ ကွန်ပျူတာနှင့် ချိတ်ဆက်သုံးလိုပါက Nokia Ovi Suit, PC Suit
ဆော့ဝဲအား ကွန်ပျူတာအတွင်း ထည့်သွင်း ချိတ်ဆက်သုံးရပါသည်။ 

စီးပွါးရေးအတွက်အလို့ငှာသုံးလိုပါက နိုကီယာသည် ဆော့ဝဲပိုင်းဆိုင်ရာနောက်ပိုင်း ပံ့ပိုးမှု
တော်တော်ကောင်းပြီး ရှုပ်ထွေးမှု မရှိပါ။ အလွန်စနစ်ကြပြီး အပ်ဒိတ် လုပ်ပြီး သုံးလိုပါက
လည်း အဆင်ပြေပါသည်။ တခုရှိတာက အန်းဒရိုက် ဖုန်းများတွင် မြန်မာစာ ထည့်ပြီး အင်
တာနက်အား ဟန်းဆက်ဖြင့်သာသုံးပါက တော်တော်ကောင်းပါသည်။ ဂျာဗား၊ ဆပ်ဘီ ယမ်ဖုန်းများအတွက်မြန်မာဖွန့်ကတော့ယခင် ၅၈၀၀ နိုကီယာ ဗားရှင်း အနိမ့်တွင်သာ
အဆင်ပြေပြီး အပ်ဒိတ်လုပ်ထားပါက အဆင်မပြေပါ။ 

ဟန်းဆက်ဖြင့်သာဂျီတော့၊ဖေ့ဘုတ် ချက်တင်သုံးလိုပါက ebuddy နှင့် Nimbuzz နှစ်ခုဖြစ်
သော ဖုန်းဆော့ဝဲများတော်တော်ကောင်းပါသည်။ ယခုနောက်ပိုင်း Nimbuzz ကပိုပြီးအဆင်
ပြေပါသည်။ ebuddy ဆော့ဝဲကတော့ ၅၈၀၀ ဖုန်းများတွင် သုံးရင်း ဟန်းသွား
တတ်ပါသည်။ 

ဂျာဗား၊ဆပ်ဘီယမ်၊ အန်းဒရိုက်အိုအက် အားလုံးအတွက် အထက်ပါဆော့ဝဲနှစ်ခု ထွက်
ပါသည်။ နောက်ပိုင်း နိုကီယာအိုဗီအိုင်စုမှ ပံပိုးပေးသောဖုန်းဆော့ဝဲများသည် ဗျားရှင်း
ထပ်မြင့်လာသဖြင့် ယခင်ဖုန်းမော်ဒယ်များလိုက်မြင့်ပြီး တင်သုံးပါက Phone specification
ဖုန်းပါစက် အစိတ်ပိုင်းများကကောင်းစွာ လိုက် မလုပ်နိုင်ဘဲစက်ပါဝါသေခြင်း၊သုံးနေ
စဉ်ရပ်သွားခြင်း (ဟန်းသွားခြင်း) မကြာခဏဖြစ်ပါသည်။ 

လက်ရှိသုံးနေသော ဗားရှင်းဖြင့်သာ အဆင်ပြေပါက မလိုအပ်ဘဲမော်ဒယ် အဟောင်းဟန်း
ဆက်များ အားဗားရှင်းမမြင့်စေချင်ပါ။ စီးပွါးရေးအတွက်နှင့် အင်တာနက်အတွက် သုံးပါက
လောလောဆယ် နိုကီယာတံဆိပ်ကို ပိုသဘောကျပါသည်၊အဆင်ပြေပါသည်ဟု အတွေ့
အကြုံ အချို့အားမျှဝေပေးလိုပါသည်။
 


Android တွေ၊နာက်ပိုင်းထွက် Sambium OS တွေမှာ Wi Fi ပါရင်... wifi  သက်တာရီး သို့
မဟုတ် wifi hotsopt စတဲ့ ဖန်ရှင်ဖွင့်ပြီး ၀ိုင်ဖိုင်ပါတဲ့ ကွန်ပျူတာနဲ့ ချိတ်သုံးကြတယ်။ဘက်
ထရီ အကုန်မြန်တယ်။ ကြိုးနဲ့ချိတ်သုံးတာက နောက်ပိုင်း ထွက်ဖုန်းတွေမှာ ဒေတာရော
ပါဝါတခါတည်း သုံးနေစဉ်သွင်းတဲ့စနစ်ပါပါတယ်။
......................................................
Nokia, Sony Java, ဆမ်ဘီယမ် ဖုန်းများတွင်....
menu....setting....connectivity....network...destination..အောက်ရှိ.

Access point name တွင် mptnet ရိုက်ပါ။

connectivity အောက်ရှိ admin setting တွင် packet data အောက်တွက် need နှင့်

အောက်အကွက်တွင် mptnet ရိုက်ပါ။
web browser ရှိ setting တွင်ဝင်ပြီး always ask ပဲထားပါ။ ဒါမှ wifi ရတဲ့နေရာမှာ သုံးလိုရင်လည်း
ရွေးနိုင်မှာဖြစ်ပါတယ်
...................................................
Android ဖုန်းများတွင်
setting......wireless and network.... mobile network...APN 

(access point name) မှာ mptnet နှင့် အောက်တစ်နေရာတွင် mptnet ထပ်ရိုက်ပေးရုံပါ။
APN တွင် home key ဘေး ခလုတ်နှိပ်ပါက new access point ပေါ်လာပါက အထက်ကပြ
ခဲ့တဲ့ အတိုင်းရိုက်ပြီး သိမ်းခိုင်းပါက save လုပ်ထွက်ပြီ။ browser ဖွင့်သုံးပါ။
......................................................
အိုင်ဖုန်းတွေမှာဆိုင်လျှင် Goto Settings,General, Network,

Cellular data Network and enter the below settings:

Cellular data

APN: mptnet ရိုက်ပါ

username: web မလိုပါ
password: web မလိုပါ

MMS (မာတီမီဒီယာမက်စေ့) အတွက်ဆက်တင်ပါ

APN: mptnet

username:

wap MMSC:

MMS proxy:

***သုံးတဲ့နေရာမှာ Traffic data, Data Roaming တို့ကို on ထားပါ။

Restart your phone and try accessing the web again

Phoe Thar (B.Econ(Q), Dip in Tourism, Certi: in IT)


ဒီနေရာလေးမှာ တွေ့လို့ မျှဝေလိုက်တာပါ။

အားလုံးအဆင်ပြေကြပါစေ

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...