သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, January 1, 2014

PostHeaderIcon ခေါင်းဆောင်တို့ ကျင့်စဉ် (၈)



 ခေါင်းဆောင်တို့ ကျင့်စဉ် (အဆက်)
**************************
နောက်နံပါတ် (၈) ဘာပါရမီလဲ ပရိသတ်? အဓိဋ္ဌာန ပါရမီပါဘုရား။ အားလုံး ဘုန်းကြီးက

ဘုရားလောင်းကျင့်စဉ်ကို ပြောနေတာ။ စစ်ခေါင်းဆောင်အားလုံး၊ နိုင်ငံရေးခေါင်းဆောင်
အားလုံး,လူမှုရေး,ဘာသာရေး, သာသနာရေး ခေါင်းဆောင်အားလုံးကို ဘုန်းကြီးက
ဘုရားလောင်းတွေလို ကြည်ညိုပြီး ပြောနေတာ။
အခု အဓိဋ္ဌာနပါရမီ-resolusion။ The leaders should make resolution
as steadfast as a rocky mountain-ကျောက်တောင်ကြီးကဲ့သို့ ခိုင်မာသော
ဆုံးဖြတ်ချက် ရှိရမယ်။

အခုတမျိုး အခုတမျိုး မလုပ်ရဘူး။ ဆုံးဖြတ်ချက်တခု ချပြီးရင် အဲဒီ decision-ကို ချ

တော့မယ် ဆိုရင်လည်း ဘာနဲ့ ချရမလဲ? သတိနဲ့ ထိန်းထားတဲ့ ပညာနဲ့ ဆုံးဖြတ်ချက်
ချရင် အဲဒီဆုံးဖြတ်ချက်သည် မမှားဘူး။ အဲဒီမှန်ကန်တဲ့ အကျိုးရှိမည့် ဆုံးဖြတ်ချက်ကို
ချပြီးရင် ကျောက်ထဲမှာ စိုက်ထောင်ထားတဲ့ ကျောက်တိုင်လိုဆို ဘာဖြစ်မလဲ?
ဒီဆုံးဖြတ်ချက်ဟာ ခိုင်းမြဲနေရမယ်။

ဖွဲထဲမှာ, သဲထဲမှာ စိုက်ထားတဲ့ တိုင်လို ရိုင်မနေရဘူး။ Which never trembles when the
storm beats upon it- မုန်တိုင်းတွေ တိုက်ချင်တိုင်းတိုက် ကျောက်ထဲမှာ စိုက်ထားတဲ့
ကျောက်တိုင်က ဘယ်တော့မှ မယိမ်းယိုင်ဘူး။ Likewise,leaders must be unshaken in
their resolution- ဆုံးဖြတ်ချက်တွေ အားလုံး ဘယ်တော့မှ မယိမ်းယိုင်ပါစေနဲ့။

နောက် နံပါတ် (၉) ဘာပါရမီလဲ? မေတ္တာပါရမီပါဘုရား။ မေတ္တာ- ပြောပြီး သွားပြီ။

မေတ္တာက ဘာနဲ့တူတဲ့ အကျင့်လဲ?၊ ရေနဲ့ တူတဲ့ အကျင့်ပါဘုရား။ ရေလို ကျင့်ကြပါ။
လူကောင်းတွေသောက်လည်းပဲ၊ သူတော်ကောင်းတွေ သောက်လည်းပဲ ဘာဖြစ်လဲ?
အေးချမ်းတယ်။ လူမိုက်တွေလူဆိုးတွေ သောက်ရင်လည်း အေးချမ်းတယ်။
လူကောင်း လူဆိုး နှစ်မျိုးလုံးကို ရေသည် အေးချမ်းစေသလိုပဲ ရန်သူမိတ်ဆွေ
အားလုံး ဘာဖြစ်ပါစေလဲ? အေးချမ်းပါစေလို့ နှလုံးသွင်းကြပါ။ မေတ္တာ။

နောက်ဆုံး နံပါတ် (၁၀) ဘာပါရမီလဲ ပရိသတ်? ဥပေက္ခာပါရမီပါဘုရား။ ဥပေက္ခာ။
We all leaders, any leaders, religious leaders, national leaders, social
leaders, political leaders, any leaders should not be perturbed by prosperity-
စီးပွားဥစ္စာတွေကြောင့် စိတ်တွေ ဘာဖြစ်ရမလဲ? စိတ်တွေ မယိမ်းယိုင်ရဘူး။
and adversity gain and lost- Gain-အသစ်ရတာ, စိတ်က ဘာဖြစ်လာလဲ?
စိတ်ကမြောက်သွားတယ်။ Lost-ဘာဖြစ်လဲ? ဆုံးရှုံးကုန်ပြီ၊ စိတ်ဓာတ်တွေကျလာတယ်။
သိပ်အောင်မြင်နေပြီဆိုရင် ဘာဖြစ်လဲ? မြောက်ကြွကြွ ဖြစ်လာတယ်။

ဆုံးရှုံးကုန်ကြပြီဆို စိတ်ဓာတ်တွေ ကျလာတယ်။ Gain and lost-အဲဒီ နှစ်ခုကြောင့် စိတ်က
ဘာဖြစ်ရလဲ? မယိုင်ရဘူး။ Honor- ဂုဏ်ကျေးဇူး အပြောခံရတယ်။ Censure- ကဲ့ရဲ့ခံရတာ။
ဂုဏ်ကျေးဇူးကို အပြောခံရလို့ ဘာဖြစ် လာသလဲ? ငါပဲကွ ငါပဲကွ ငါ့အတွက် ဒါပြောတာ။
ဒါငါလုပ်တာ။ ကဲ့ရဲ့လာတော့ ငါမဟုတ်ဘူး၊ ဒါ ငါမလုပ်ဘူး၊ ဟိုကောင်တွေ။

ဘုန်းကြီးတို့ဆရာ အနီးစခန်း ပြောတယ်။ အင်္ဂလိပ်ကြီး အမဲပစ်သွားတာ ဗမာအရာရှိတွေ
နောက်ကလိုက်ရတယ်။ အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်က အင်္ဂလိပ်အရေးပိုင်, ဗမာပြည်မှာ
အုပ်ချုပ်နေတာ အတော်ကြာလာတော့ ဗမာစကားလေး မတောက်တခေါက် ပြောတတ်
လာတယ်။ ဗမာအရာရှိတွေက နောက်က လိုက်ရတယ် တောထဲသွား အမဲပစ်တယ်။
ဒိုင်း. . .ဆို ပစ်ချလိုက်တယ်၊ သမင်ကို တည့်တည့် မှန်တယ်။
အဲဒီ အင်္ဂလိပ်အရေးပိုင် ပစ်တာ မမှန်ဘူး။ သူ့နောက်က မြို့ပိုင် ပစ်တာ မှန်တယ်။ ဟိုမှာ
သွားကြည့်တော့ သမင်လေးဆိုတော့… အင်္ဂလိပ်အရေးပိုင်က ရိုင်ဖယ်ကြီးကို ကိုင်ပြီးတော့
ဒါ နာကျစ်တာကွ၊ ဒါ နာကျစ်တာ။ မြို့ပိုင်က ပစ်တာ, အင်္ဂလိပ် အရေးပိုင်က ပစ်တာကို
မဟုတ်ဘူး။ သမင်ကို ပစ်တာ မှန်တိုင်း မှန်တိုင်း ငါကျစ်တာချည်းပဲကို လုပ်တာ,
အင်္ဂလိပ်အရေးပိုင်။ နောက်ကျတော့ ဒိုင်း…ဆို ပစ်လိုက်တာ သမင်မဟုတ်ဘူး၊
ယာခုတ်နေတဲ့ လူကြီးကို မှန်တာ၊ သွားကြည့်တော့ လူသွားမှန်တာ…၊

အဲဒီတော့ အင်္ဂလိပ်ကြီးက ဟင်း. . .ဒါ ငါကျစ်တာ မဟုတ်ဘူး၊ နင် ကျစ်တာ။ အဲဒီတော့
ကောင်းလာလို့ ဆိုရင်တော့ ငါပဲ၊ ဆိုးလာလို့ဆိုရင်တော့ နင်ပဲ။ အဲဒီလို မလုပ်ကြနဲ့။
We all leaders should not be perturbed by prosperity and adversity, gain and
lost, honor and censure. A leader must have the quality of equilibrium of
mind- စိတ်ဓာတ်က ဘာဖြစ်ရမလဲ? တညီတည်း ရှိရမယ်။
ကောင်းချင်လည်း ကောင်း၊ ဆိုးချင်လည်း ဆိုး၊ တညီတည်း။

ဗုဒ္ဓရဲ့ Middle way-က နေရာတကာမှာ ဝင်တယ်။ အခုနက ခန္တီမှာကြည့် ဘာဖြစ်သလဲ?
ချေးယို သေးပေါက်လည်း ခံရတယ်၊ စိတ်မပျက်နဲ့။ ချေးနဲ့ သေးနဲ့ အပက်ခံရလည်း စိတ်
မပျက်နဲ့။ ပန်းကုံး အဆက်ခံရလည်း စိတ်မမြောက်နဲ့။ Middle way-ပဲ ကျင့်ရမယ်။

မေတ္တာကြတော့ ဘာဖြစ်လဲ? ကောင်းတဲ့လူတွေလည်း ချမ်းသာ ကြပါစေ၊ ဆိုးတဲ့
လူတွေလည်း ကျန်းမာပါစေပဲ။ Middle way-ပဲ။ ဗုဒ္ဓရဲ့ Middle way-က in every
case-ပဲ။ You can apply။ အဲဒါကြောင့် Buddhist Acadamy-က ဘာတွေကို သင်မလဲ?
Apply Buddhism-ကို သင်တာ။

ဗုဒ္ဓတက္ကသိုလ်ရဲ့ ရည်ရွယ်ချက်သည် ဘာလုပ်ကြမလဲ? သံဃာငယ်တွေကို apply

Buddhism-လောကကြီး လူတကာနဲ့ အသုံးချနိုင်တဲ့ ဗုဒ္ဓရဲ့အဆုံးအမတွေကို သင်ပေးမယ်၊
လူနဲ့ တထပ်တည်းဖြစ်အောင်။ အဲဒါကြောင့် Morning class-ဘုန်းကြီးတို့ ဒကာ ဒကာမ
တွေအတွက် ဖွင့်မယ်ဆိုတာကလည်း အဲဒါပါပဲ။ Apply Buddhism-ကို သင်ပေးမယ်။

Equilibrium of mind- ဥပေက္ခာ ဆိုသည်ကား ကောင်းသော အနေအထား၊ ဆိုးသော
အနေအထား ဘယ်အနေအထားမှာမဆို စိတ်ကို ဘယ်လိုထားရမလဲ? Equal,stability
သာတူ ညီမျှဖြစ်အောင်၊ ငြိမ်နေအောင် အားလုံး ကျင့်သုံးကြ။ ဒါပြောပါတယ်။
We should go through middle way by being always evenly balanced in both

favor and fear without attachment- သိပ် favor-ရရင်လည်း do not attach-ပဲ။
fear-ဖြစ်လာရင်လည်း do not deattach။ အဲဒီနှစ်ခုကို လွတ်အောင် အလယ်က
သွားတာကို ဘာခေါ်သလဲ? Equanimity။
အဲဒါတွေ အားလုံးဟာ ဘယ်သူ့ ကျင့်စဉ်တွေလဲ? ဘုရားလောင်း ကျင့်စဉ်။
ဒါတွေကို ပါဠိလို ဘာခေါ်သလဲ? ပါရမီ။

ပါရမီကို အင်္ဂလိပ်လို ဘာသာပြန်တော့ Perfection။ အားလုံးသော ဘဝသံသရာ

တလျှောက်လုံးက ဆွေမျိုးမတော်ခဲ့ဘူးသော ပုဂ္ဂိုလ်သတ္တဝါ မရှိဆိုတဲ့ မြတ်စွာ
ဘုရားရဲ့ အနမတဂ္ဂ သုတ်တော်အရ ဒီကနေ့ ဘုန်းကြီးတို့ ပြောဆိုတဲ့ တရားစကား
လာရောက် နားထောင်ကြတဲ့ အမျိုးသားအမျိုးသမီး အားလုံးဟာ ဘုန်းကြီးတို့ရဲ့
ဘဝဟောင်းက ညီအစ်ကို မောင်နှမဟောင်းတွေပါလို့ ဘုန်းကြီးတို့ ဒီလို သဘောထား
ပြီးတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်ကြတဲ့ လုပ်ငန်းဟာ ဘာလုပ်ငန်းလဲ?
ဘုရားလောင်း လုပ်ငန်း, အဲဒါကြောင့် ဘုရားလောင်းကျင့်စဉ် (၁၀)ပါးကို Leadership
quality- များအနေနဲ့ ဘုန်းကြီးတို့ ဒီကနေ့ ပြောပြပါတယ်။

နိုင်ငံမှာ ခေါင်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေ
လူလူချင်း တယောက်နဲ့ တယောက်၊ တယောက်အကျိုးစီးပွားကို တယောက်က ဆောင်
ရွက်တဲ့အခါမှာ ဘာသာရေး ခေါင်းဆောင်များသည်ပင် ဒီအတိုင်း ပါရမီ (၁၀)ပါးလမ်းစဉ်
အတိုင်း....
(Ten kinds of perfections)ဆိုတဲ့ ပါရမီ (၁၀)ပါးအတိုင်း အားလုံး ကျင့်သုံးနိုင်ကြမယ်
ဆိုရင် တိုင်းသူပြည်သား လူအများလည်း သူတို့ရဲ့အကျိုးစီးပွားတွေ ဘာဖြစ်လာမလဲ?
Perfect-
တိုင်းသူပြည်သား လူအများရဲ့ အကျိုးစီးပွားလည်း perfect-ဖြစ်လာအောင်၊
ခေါင်းဆောင်တွေ အားလုံးကလည်း ဘာဖြစ်လဲ? Perfect men-တွေ ဖြစ်လာအောင်
ဒီ ten kinds of perfection-ဆိုတဲ့ ပါရမီ (၁၀)ပါး အားလုံးကို လိုက်နာကျင့်သုံးပြီးတော့
တိုင်းပြည်ရဲ့ အကျိုးစီးပွားအားလုံး ပြည့်စုံအောင် ကျင့်သုံးကြပါ၊
ကျင့်သုံးနိုင်ကြပါစေဆိုတာ ဘုန်းကြီးက လေးနက်စွာ တိုက်တွန်းပြီးတော့ ဒီမှာတင်
နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊

(Ph.D., D.Litt.)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...