သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, January 26, 2014

PostHeaderIcon အကျည်းတန် လက်တွဲဖော်


အကျည်းတန် လက်တွဲဖော်
*****************
'ဒုက္ခ'ဟူသော စကားလုံးသည်ပင်လျှင် အမြင်၌ အကျည်းတန် အရုပ်ဆိုးပါလေသည်။
'ဒုက္ခ'ဟူသော အသံကို နား၏ သာယာမှုရသ စိုးစဉ်းမျှ ရှာမရသောကြောင့် မည်သူကမျှ
မကြားလို။ 'ဒုက္ခ'ဟူသော အတွေ့အကြုံကိုလည်း မမြင်ချင်၊ မတွေ့ချင်၊ မပေါင်းဆုံ
လိုချင်သောကြောင့် လူသတ္တဝါတို့ ဒုက္ခနှင့်ဝေးအောင် ပြေးရှောင်နေကြချေသည်။
သို့ရာတွင် ဒုက္ခကို ကျေးဇူးတင်စရာတော့ ရှိပါသည်။
'ဒုက္ခ'က မိမိ၏ ညံ့ကွက်၊ ရှော်ကွက်၊ ပျော့ကွက်၊ ချို့ယွင်းချက်ကို မူယာမာယာ မရှိပဲ ဒိုးဒိုး
ဒေါက်ဒေါက် ထောက်ပြတတ်သည်။ ကိုယ့်အကျိုးကို မလိုလားသူ၊ ကိုယ့်အငြိုအငြင်ကို
မခံလိုသူများလို ရေငုံနှုတ်ပိတ် လုပ်မနေတတ်။ မြုံ၍ မနေတတ်၊ အလိုက်သင့် အလျားသင့်
ဆက်ဆံမနေတတ်။ အမှန်အတိုင်း အရှိအတိုင်း ဒုက္ခက ထောက်ပြတတ်သည်။ ဤသို့
ထောက်ပြသောကြောင့် မိမိတို့၏ ညံ့ကွက်၊ ပျော့ကွက်ကို ပြုပြင်ကျော်လွှားကာ အောင်မြင်
သူတွေ ဖြစ်လာသည့်အခါ ဒုက္ခကို ကျေးဇူးတင်လာကြသည်။ အမှန်တော့ သင်၏ချို့ယွင်း
ချက်ကို အသေအချာ ထောက်ပြပြောဆိုနိုင်သောသူသည် သင့်ဘဝအတွက် မိတ်ဆွေ
ကောင်းပင် ဖြစ်၏ဟူသော အဆိုကို ဒုက္ခက ခံယူထားသည်နှင့် တူနေပါသည်။

ဒုက္ခက လူသတ္တဝါတို့၌ တိမ်မြုပ်နေသော အစွမ်းအစကို ဆွဲဖော်၍ ငိုက်မြည်းတွေဝေနေသော
စိတ်ကို လှန့်နှိုးကာ သတိပေးတတ်သည်။ ဒုက္ခက လူတော်နှင့်လူညံ့ကိုလည်း ခွဲခြားပေးတတ်
သည်။ လူတဦးအား လူတော်လူကောင်း ဟုတ်မဟုတ်၊ လူစွမ်းလူစ ရှိမရှိ စစ်ဆေးပေး
နိုင်သော မှတ်ကျောက်များအဖြစ် ဒုက္ခက အခက်အခဲတို့ကို ဖန်တီးပေးတတ်သည်။

အခက်အခဲနှင့် အန္တရာယ်တို့ကို ကြုံလာသောအခါ တချို့သောသူများက ချိုင်းထောက်
ဝယ်၍ ထောက်ကြရပြီး တချို့သောသူများမှာတော့ အတောင်များပေါက်လာကြသည်
ဟူသော အဆိုရှိသည်။ ဆိုလိုသည်မှာ အခက်အခဲနှင့် အန္တရာယ်တို့ကို ရင်ဆိုင်ကြရာ၌
အချို့သူများသည် စိတ်ဓါတ်ပျော့ညံ့ခြင်း၊ ကြံရည်ဖန်ရည် နည်းပါးခြင်းတို့ကြောင့် မျှော်
လင့်ချက်များ ကျိုးပဲ့ ပျက်ဆီးစီးခြင်းနှင့်အတူ ကျရှုံးပျက်စီးသွားကြသည်။ ဤသည်ကို
ရည်ရွယ်၍ ချိုင်းထောက်ဝယ် တပ်ရသည်ဟု တင်စား ပြောဆိုခြင်းဖြစ်သည်။

တချို့သောသူများကတော့ အခက်အခဲနှင့် အန္တရာယ်တို့ကို ရင်ဆိုင်ရာ၌ စိတ်ဓါတ်ကြံ့ခိုင်
ကြသည်။ ကြံရည်ဖန်ရည် ရှိကြသည်။ ထိုအခါ အခက်အခဲများကို ကျော်လွှားလွန်မြောက်
နိုင်သည့် စွမ်းရည်များ ရသွားကြသည်။ ဤသည်ကိုရည်ရွယ်၍ တချို့သူများ၌ အတောင်
များ ပေါက်လာကြသည်ဟု တင်စားပြောဆိုခြင်း ဖြစ်သည်။ ဟုတ်ပါသည်။
အခက်အခဲနှင့် ဒုက္ခတရားက စိတ်ဓါတ်ခိုင်ခံ့သူ၊ အသိဉာဏ် အမြော်အမြင်ရှိသူကို
အောင်မြင်မှုဆီသို့ ပျံသန်း ရောက်ရှိသွားစေနိုင်သော အစွမ်းအစ တောင်ပံများကို
တပ်ဆင်ပေးလိုက်မြဲဖြစ်သည်။

လူသတ္တဝါဆိုသည်မှာ အခက်အခဲနှင့် ပြဿနာများကိုကြုံမှ အစွမ်းအစကို ထုတ်ချင်တတ်ကြ
သည်။ထို့ကြောင့်လည်း နောင်မှ 'တ'ရသည့် နောင်တတရားသည် သတ္တလောက၌ အဆင့်
အမြင့်ဆုံးဟုဆိုသော သတ္တဝါတို့ နယ်ပယ်အတွင်းသို့ ရေသာခိုခြင်း ပျင်းရိခြင်း သက်
သက်သာသာ နေလိုခြင်းတည်းဟူသော တံခါးပေါက်တို့မှ တိတ်တခိုး ဝင်ရောက်လာ
ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် 'ဒုက္ခ'က လူတဦး ကိုယ်ရည်ကိုယ်သွေး တောက်
မတောက်၊ စိတ်ဓါတ် ခိုင်မခိုင်ကို ဇွဲသတ္တိတည်းဟူသော မှတ်ကျောက်၌ တင်ကြည့်ပေ
လိမ့်မည်။ ဘဝဟူသော ကြိုးဝိုင်းအတွင်းသို့ သွင်း၍ အခက်အခဲတည်းဟူသော ပြိုင်ဘက်
နှင့် ပြိုင်ဖက်စေလျက် သတ္တိရှင်ကို ရွေးချယ်ပေလိ့မ်မည်။
ဘဝကြိုးဝိုင်း၌ အောင်မြင်မှုသရဖူ မဆောင်းနိုင်သူကိုလည်း ဒုက္ခက သနားညှာတာ ချစ်ကြင်
နာစွာဖြင့် မျက်နှာသာပေးလိမ့်မည် မဟုတ်ချေ။ ဤမျှရက်စက်၍ ပြတ်သားလွန်းသော
ကြောင့် ဒုက္ခကို အကျည်းတန်လှချေသည်ဟု ထင်ခဲ့ကြသည်။

ဘဝကြိုးဝိုင်း၌ အခက်အခဲနှင့် အပွဲပွဲ ယှဉ်ပြိုင်ခဲ့သောကြောင့်တကြောင်း၊ ဇွဲသတ္တိ မှတ်
ကျောက်၌ အကြိမ်ကြိမ် မိမိတို့၏ အစွမ်းအစကို မှတ်ကျောက်တင်ခံခဲ့သောကြောင့်
တကြောင်း အောင်မြင်ကျော်ကြားသူများသည် ဒုက္ခ၏သဘောကို နားလည်ခဲ့ကြသည်။
အကဲခတ်သူတဦးက"လင်ကွန်းဟာ ဒုက္ခရဲ့အရွေးချယ် အစမ်းသပ်ကို အမျိုးမျိုး ခံခဲ့ရတယ်။
ဒါပေမယ့်.. သူ့အစွမ်းအစကို ဇွဲသတ္တိ မှတ်ကျောက်ပေါ်မှာ တလက်လက် တင်ပြနိုင်ခဲ့လို့
နောက်ဆုံးတော့ ဒုက္ခက ရိုကျိုးစွာနဲ့ သမ္မတ လင်ကွန်းအဖြစ် တင်မြှောက်လိုက်တာပဲ"ဟု
ဆိုသည်။ 'ဒုက္ခဟာ အကျည်းတန်တယ်လို့ ထင်ရပေမယ့် တကယ်က.. အောင်မြင်မှုဆီ
ပို့ပေးတဲ့ မိတ်ဆွေကောင်း ဖြစ်ပါတယ်' ဟုပင် ဆိုပြန်ချေသည်။
သင်ကကော ဒုက္ခကို မည်ကဲ့သို့ မြင်ပါသနည်း။
(နန္ဒာသိန်းဇံ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...