သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, January 2, 2014

PostHeaderIcon မင်္ဂလာနဲ့ အိမ်ထောင် (တရား)



 မင်္ဂလာနဲ့ အိမ်ထောင်...
"ထောင် ဆိုတာ တာဝန်မဲ့သူ၊ ဥပဒေချိုးဖောက်သူတို့ ကျရောက်ရတဲ့ လွတ်လပ် ပျှော်ရွှင်မှု
အားလုံး ဆိတ်သုဉ်းရာ အကျဉ်းစခန်းကြီးဖြစ်သလို "အိမ်ထောင်" ဆိုတာလဲ"...
ကဲ " မင်္ဂလာဆောင်တယ် " ဆိုတာနဲ့ ပတ်သက်လို့ နည်းနည်းပြောကြဦးစို့။
မင်္ဂလာဆိုတာ ကြီးပွားချမ်းသာခြင်းရဲ့ အကြောင်းအရာကိုခေါ်တာ။
"ကြီးပွားချမ်းသာ၊ ကြောင်းများစွာ၊ မင်္ဂလာဟုခေါ်"ဆိုတဲ့လင်္ကာအတိုင်းပေါ့။ မြတ်စွာဘုရား
ဟောတော်မူတဲ့ မင်္ဂလာအတိုင်းပေါ့၊ မြတ်စွာဘုရားဟောတော်မူတဲ့ မင်္ဂလာတရားက(၃၈)ပါး
တောင် ရှိပါတယ်။ မိတ်ကောင်း ဆွေကောင်းနဲ့ ပေါင်းသင်းဆက်ဆံတာက စပြီး နိဗ္ဗာန်
ရောက်တဲ့ အထိပါပဲ၊

ဒါပေမဲ့ မြန်မာစကားမှာ ပုတ္တဒါရသင်္ဂဟမင်္ဂလာရဲ့ ရှေ့ပြေးဖြစ်တဲ့ ခုလို ထိမ်းမြားလက်ထပ်ပွဲ
ကိုမှ" မင်္ဂလာ ဆောင်တယ်"လို့ ထင်ထင်ရှားရှား ပြောဆို သုံးစွဲကြတာကတော့ မိဘတို့ရဲ့
ဆန္ဒကို သိစေချင်တဲ့ ပုဗ္ဗနိမိတ်ပြ စကားအဖြစ်နဲ့ သုံးစွဲတယ်လို့ဆိုရမလားပဲ။
မြတ်စွာဘုရားဟောတော်မူတဲ့ "မင်္ဂလာ"ဆိုတာတွေကို သေသေချာချာ လေ့လာကြည့်လိုက်
ရင် လိုက်နာကျင့်ကြံရမယ့် "တာဝန်"တွေဆိုတာ တွေ့ရတယ်။ ဒါကြောင့် "မင်္ဂလာ" ဆိုတာ
"လူ့တာဝန်"လို့ ခံယူရမယ့် လုပ်ဆောင်စရာ လိုက်နာစရာတွေကို ပြောနေတာပါ။

မြန်မာစကားမှာ " ကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာ "လို့ အကျိုးနဲ့ အကြောင်းကို
အတွဲလိုက် ပြောဆိုလေ့ရှိပါတယ်။ အကြောင်းနဲ့အကျိုးကို ခွဲခြားဆက်စပ် ကြည့်လိုက်မယ်
ဆိုရင် " တာဝန်ကျေရင် ကျက်သရေ မင်္ဂလာရှိမယ်၊ ကျက်သရေ မင်္ဂလာရှိရင် ကောင်းကျိုး
ချမ်းသာပြည့်စုံမယ်"လို့ ဆိုလိုရင်းဖြစ်ပါတယ်။ ဒီစကားတွဲရဲ့ ဆန့်ကျင်ဘက်အဖြစ်နဲ့ တာဝန်မဲ့
ခဲ့ရင် ကျက်သရေ မင်္ဂလာမဲ့မယ်၊ ကျက်သရေမင်္ဂလာ မဲ့ရင် ကောင်းကျိုးချမ်းသာလည်း မဲ့
လိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း နားလည်ရပါလိမ့်မယ်။
ဒါက မင်္ဂလာရဲ့ သဘောအဓိပ္ပာယ်ပါ။

"ဆောင်တယ်"ဆိုတာကတော့ သယ်တာ ယူတာပါပဲ၊ တာဝန်တွေ ပိုပြီး ဆောင်ယူမယ်လို့
ဆိုလိုပါတယ်။ ဥပမာ အခု ဇနီးမောင်နှံတို့ ဘဝကို ပြန်ကြည့်ကြည့်ပါ။ ထိမ်းမြားလက်ထပ်
မပြုခင်က မိဘအိမ်မှာ ကိုယ်က သားသမီး တာဝန်ပဲရှိတယ်။ မိဘဆိုတာ လက်ဦးဆရာဖြစ်
လို့ ကိုယ်က တပည့်တာဝန်ပဲရှိတယ်။ မိဘက ဦးစီးနာယကဖြစ်လို့ ကိုယ်က နောက်လိုက်
တာဝန်ပဲရှိတယ်။ အဲဒီလို တာဝန် တဝက်တခြမ်းပဲ ရှိခဲ့တာ။ အခု ကိုယ်က မိဘနေရာ၊
လက်ဦးဆရာ နေရာ၊ ဦးစီးခေါင်းဆောင်နေရာကို ယူလိုက်ပြီဆိုတော့ တဖက်မှာ ကိုယ့်ရဲ့
မိဘကလည်း ရှိလေတော့ သားသမီးတာဝန်၊ တပည့်တာဝန်၊ နောက်လိုက်တာဝန်လည်း
ရှိနေတုန်း၊

(သူတို့ကို အားကျစေချင်လို့)

ကိုယ်ကိုယ်တိုင် မိဘတာဝန်၊ လက်ဦးဆရာတာဝန်၊ ဦးစီးနာယက တာဝန်ကိုပါ ယူရတော့
မယ်။ အဲဒီလို တာဝန်တွေ ပိုပြီးဆောင်ယူတာပါ။ ဒါက တယောက်ချင်းစီ အနေနဲ့ပြောတာ။
နှစ်ယောက်ပေါင်းအနေနဲ့ ကြည့်မယ်ဆိုရင် မိမိတို့မှာ မူလက တဖက် တမိဘစီပဲ ရှိခဲ့ကြတာ။
အခုတော့ ဇနီးမောင်နှံအချင်းချင်းက နှစ်ကိုယ်တစိတ်အဖြစ် လက်တွဲပေါင်းစပ်ခဲ့ကြပြီ
ဖြစ်လို့ မိဘဆွေမျိုးများကိုလည်း နှစ်မိဘ၊ တမိဘ၊ နှစ်ဆွေမျိုးကို တဆွေမျိုးတည်း အဖြစ်
လည်း ခံယူကြရမှာပဲ။

ဒါကြောင့် မာတာပိတုဥပဋ္ဌာနမင်္ဂလာ၊ ဉာတကသင်္ဂဟ မင်္ဂလာတို့လည်း တဆတိုး
ပြီး ဆောင်ယူလိုက်ကြတဲ့ သဘောဖြစ်လာလို့ မင်္ဂလာတွေ ပိုပြီးယူတယ်။ ဆောင်
တယ်ဆိုတဲ့ နိမိတ်ကောင်းယူပြီး "ထိမ်းမြား လက်ထပ်ခြင်း"ကို "မင်္ဂလာဆောင်တယ်"
လို့ ကင်ပွန်းတပ် ပြောဆိုကြတာ ဖြစ်မယ်ထင်ပါတယ်။ မိဘဆွေမျိုးတို့ရဲ့ ဆန္ဒကလည်း
ဒီလိုပဲ ရှိကြမှာပါ။ တကိုယ်ရေ တကာယ သမားတွေမှာ ခုလို မင်္ဂလာတွေ အစုံလိုက် အပြည့်
အဝ မရှိပဲ တဝက်တခြမ်းပဲ ရှိကြလို့များ အစက ပြောခဲ့တဲ့ ကဗျာဆရာက
" လူလားမမြောက်သေး"လို့ ခနဲ့လိုက်သလားပဲ။

ဒီလိုပြောလိုက်လို့ ဟိုနောက်နားက လူလား မမြောက်ကြသေးသူတွေ အားမငယ်ကြနဲ့။
တို့အတွက် အလွန် အားတက်စရာကောင်းတဲ့ ကဗျာလေးတပုဒ်လည်း ဖတ်လိုက်ရဖူး
တယ်။ ကဗျာက..." ငါအိပ်တယ်၊ ငါနိုးတယ်။ နံဘေးမှာ ကြည့်၊ ဘာမျှ မရှိ၊ သြော်...
ကျယ်ဝန်းလိုက်ပါဘိ"တဲ့။ သားမယား ကျွေးမွေးစောင့်ရှောက်မှု ကြောင့်ကြစရာ ပူပန်စရာ
အရှုတ်အထွေး ကင်းတဲ့အတွက် တယောက်ထည်း အိပ်စရာ ကျောတခင်းစာလောက်
နေရာကလေး ရှိလည်း ကျယ်ဝန်းနေတာပဲလို့ ဆိုချင်ပုံရပါတယ်။
မြတ်စွာဘုရားဟောတော်မူတဲ့ " အဗ္ဘောကာသော ပဗ္ဗဇ္ဇာ ဘဝဝဋ်ဘောင် အလွတ်ရှောင်
သူတို့ရဲ့ ဘဝဟာ လွင်တီးခေါင်လို ကျယ်ဝန်းတယ်"ဆိုတဲ့ စကားနဲ့ ကိုက်ညီလို့ တကိုယ်တည်း
သမားတွေအနေနဲ့ အိပ်ရာကနိုးတိုင်း ဥဒါန်းသဘောမျိုး ကျူးရင့်နေကြဖို့ကောင်းတယ်။ ရသေ့စိတ်ဖြေလို့ ပြောချင်လည်း ပြေကြပါစေပေါ့။
အဲ လူလားမြောက်ပြီးဖြစ်တဲ့ ဇနီးမောင်နှံတို့ကတော့ ရာသက်ပန် ခိုင်မြဲရေးမှာ အချင်းချင်း
ယုံကြည်စိတ်ချမှုဟာ အဓိကဖြစ်တဲ့အတွက် အချင်းချင်း ယုံကြည်လောက်တဲ့ ကိုယ်ကျင့်
တရားကို အခိုင်အမာ စောင့်စည်း တည်ဆောက်ကြပြီး ထမ်းဆောင်ရမယ့် မင်္ဂလာတာဝန်
တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြတဲ့" မင်္ဂလာဆောင်သူ" စစ်စစ်များဖြစ်အောင်
ကြိုးစားကြပေရော့။ ဒီလို မဟုတ်ရင်တော့ မင်္ဂလာဆောင်ကြသူတွေ မဖြစ်ပဲ အိမ်ထောင်
ကျသူတွေပဲ ဖြစ်သွားလိမ့်မယ်။

"ထောင်" ဆိုတာ တာဝန်မဲ့သူ၊ စည်းကမ်းဥပဒေ ချိုးဖောက်သူတွေ ကျရောက်ရမယ့်
လွတ်လမ်း ပျှော်ရွှင်မှု အားလုံး ဆိတ်သုဉ်းရာ အကျဉ်းစခန်းကြီးဖြစ်တယ်ဆိုတာ အားလုံး
သိပြီးသားပဲ။"အိမ်ထောင်" ဆိုတာလည်း မိသားစုတာဝန် ပျက်ကွက်သူ၊ ကိုယ်ကျင့်တရား
ချိုးဖောက်သူတွေ ကျရောက်နေရတဲ့ လွတ်လပ်ပျှော်ရွှင်မှုတို့ ဆိတ်သုဉ်းရာ နေရာကိုခေါ်
တာပါ။ ကိုယ့်ကျင့်တရား ခိုင်မာသူ၊ တာဝန်ကျေသူတို့အတွက်တော့ ကောင်းကျိုးချမ်းသာ
ကျက်သရေမင်္ဂလာ အတိပြီးတဲ့ ပျှော်ရွှင်စရာ သိရီဂေဟာကြီး ဖြစ်ကြမှာပါ။
ဒီလို အခိုင်အမာ ယုံကြည်လက်ခံကြပြီး မင်္ဂလာတွေ မပြတ်ဆောင်နိုင်ကြတဲ့ ဇနီးမောင်နှံ များ ဖြစ်နိုင်ကြပါစေ။ကဲ ပြည့်စုံလောက်ပါပြီ။
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...