သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, January 15, 2014

PostHeaderIcon အဖွဲ့အစည်းများနှင့်နိုင်ငံ ကြီးပွားတိုးတက်ရေး လမ်းစဉ်များ


အဖွဲ့အစည်းများနှင့် နိုင်ငံ ကြီးပွားတိုးတက်ရေး လမ်းစဉ်များ
***************************************
တခါတုန်းက ဘုရားရှင်သည် ဝေသာလီပြည် သာရန္ဒဒနတ်ကွန်းဝယ် ဆောက်လုပ်ထား
သော ကျောင်း၌ သီတင်းသုံးနေထိုင်တော်မူစဉ် လိစ္ဆဝီမင်းသားအများစုသည် ဘုရားရှင်ထံ
လာရောက် ရှိခိုးကာ အဆင် ပြေသင့်လျော်သော နေရာတွင် ထိုင်နေကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် မင်းသားတို့အား မင်းသားတို့! ငါသည် မင်းသားတို့ကို မဆုတ်
ယုတ်၊ မပျက်စီး မကျရှုံးစေနိုင်သော ဓမ္မ (၇) ရပ်ကို ဟောပြောပြမယ်။
မင်းတို့ လေးလေးစားစားနဲ့ စိတ်ပါ လက်ပါ နားထောင်ကြပါ’ဟု မိန့်တော်မူသော် မင်းသား
တို့သည်။ မှန်ပါ ကောင်းပါပြီဘုရားဟု ဝန်ခံ စကား ပြန်ပြောကာ ရိုရိုသေသေ နားထောင်ကြ
ကုန်၏။ ဘုရားရှင်သည် ဤသို့ ဟောပြောပြတော်မူ၏။

လိစ္ဆဝီမင်းသားတို့ မဆုတ်ယုတ်၊ မပျက်စီး၊ မကျရှုံးစေနိုင်သော ဓမ္မ (၇) ရပ်ဆိုတာ ဘာလဲ?

ဆိုရင်

၁။ မင်းသားတို့! ဝဇ္ဇီလူမျိုးများသည် အမြဲမပြတ် စည်းဝေးတိုင်ပင်ခြင်း၊ စည်းဝေးတိုင်ပင်ရန်

ရှိသမျှကို အကြိမ်ကြိမ် တိုင်ပင်ခြင်းတို့ကို လုပ်ဆောင်နေသရွေ့ စီးပွားတိုးတက်ခြင်းသာ
ဖြစ်နိုင်၍ ဆုတ်ယုတ်၊ ပျက်စီး ကျရှုံးခြင်း လုံးဝ မဖြစ်နိုင်ပေ။
တနေ့လျှင် နှစ်ကြိမ်လည်းကောင်း သုံးကြိမ်လည်းကောင်း၊ သာမှု နာမှု၊ တိုင်းမှု ပြည်မှု
ကိစ္စတို့ကို တဦးတယောက်တည်း မပြုမလုပ် မပြောမဆိုပဲ အများနှင့် စည်းဝေး တိုင်ပင်၍
ညှိနှိုင်းရမည်။ နှစ်ကြိမ်သုံးကြိမ်ထက် အလွန်လည်း စည်းဝေးရန် အကြောင်းရှိလျှင်
စည်းဝေးရမည်ဟု ဆိုလိုပါသည်။

၂။ မင်းသားတို့! ဝဇ္ဇီလူမျိုးများသည် ညီညီညွတ်ညွတ် စည်းဝေးခြင်း။ ညီညီညွတ်ညွတ်နဲ့

စည်းဝေးခြင်းမှ ပြိုင်တူထခြင်း။ ဝဇ္ဇီတိုင်း၌ ပြုလုပ်စရာ အမှုကိစ္စတို့ကို ညီညီညွတ်ညွတ်
ပြုလုပ်ခြင်းဖြင့် စည်းလုံး ညီညွတ်နေသရွေ့ စီးပွားတိုးတက်ခြင်းသာ ဖြစ်နိုင်၍ ဆုတ်ယုတ်၊
ပျက်စီး၊ ကျရှုံးခြင်း လုံးဝ မဖြစ်နိုင်ပေ။
အစည်းအဝေး လာရောက်သူများကို ညီညွတ်အောင် မည်သည့်အချိန်တွင် မည်သည့်နေရာမှာ
စည်းဝေးမည်ဟူ၍ သတ်မှတ်ပေးပြီး စည်းဝေးခြင်းသည်လည်း ညီညွတ်သော စည်းဝေးခြင်း
မည်၏။ အစည်းအဝေး ပြီးဆုံး၍ ထပြန်လျှင်လည်း မည်သည့်အချိန်မှာ ထ၍ ပြန်ကြမည်ဟု
ညီညီညာညာ ညှိနှိုင်း၍ ထပြန်ကြခြင်းသည်လည်း အညီအညွတ် ထသည်မည်၏။

စည်းဝေးရာမှ အချို့က ထပြန်၍ အချို့က ကျန်ရစ်နေခဲ့လျှင် ထပြန်သူတို့က ကျန်ရစ်သူ
တို့မှာ မည်သည့်အကြောင်းကို ပြောဆိုကြကုန်သည် မသိဟူ၍ ယုံမှား သံသယဖြင့်
ညီညွတ်မှု ပျက်ပြားစေနိုင်သည်။ ထို့ကြောင့် အစည်းအဝေးမှ ထကြမည်ဆိုလျှင်
တညီတညွတ်တည်း ထကြရမည်။

တနည်းအားဖြင့် တိုင်းပြည်ကို ကာကွယ်ဖို့ရန် စစ်ရေးစစ်ရာ(ပြုခင်းပြုဖွယ်)မှုခင်းကိစ္စ

ရှိလျှင်လည်း မခိုမကပ် တညီတညွတ်တည်း ကိုယ်ထူကိုယ်ထ လုံ့လ အားထုတ်ကြခြင်း
သည် တညီတည်း ထကြသည် မည်၏။ သာမှု နာမှု၊ တိုင်းရေး ပြည်မှု၊ သေမှု ရှင်ခန်းမှ အစ
အများနှင့်ဆိုင်သော ကိစ္စရပ်များတွင် တဦးတယောက်တည်း အလိုရှိရာကို မပြုမလုပ်ပဲ
ညှိနှိုင်းတိုင်ပင်၍ ညီညီညွတ်ညွတ်ပြုလုပ်ခြင်းသည် အမှုကိစ္စတို့ကို အညီအညွတ် ပြု
လုပ်သည်ဟု ဆိုပါသည်။

၃။ မင်းသားတို့! ဝဇ္ဇီလူမျိုးများသည် အညီအညွတ် ဥပဒေ မပြဌာန်းထားသေးသည်ကို
ဥပဒေပြဌာန်း၍ မစီမံခြင်း၊ အညီအညွတ် ပြဌာန်းထားပြီးသော ဥပဒေတို့ကိုလည်း
မရုတ်သိမ်းခြင်း၊ အညီညွတ် အတည်ပြု ပြဌာန်းထားအပ်ကုန်သော ဝဇ္ဇီနိုင်ငံနှင့် သင့်တင့်
သော တရားဥပဒေတို့ကို ကောင်းကောင်း လိုက်နာကျင့်သုံးခြင်း ရှိနေသရွေ့ စီးပွား
တိုးတက်ခြင်းသာ ဖြစ်နိုင်၍ ဆုတ်ယုတ်၊ ပျက်စီး၊ ကျရှုံးခြင်း လုံးဝ မဖြစ်နိုင်ပေ။
-
အညီအညွတ် စည်းဝေးတိုင်ပင်ကုန်သော မင်းညီမင်းသား မှူးတော်မတ်တော်တို့သည်
အမှုဖြစ်မှ ဥပဒေကို ပညတ်ပြဌာန်း၍ စီရင်လျှင် အမှုဖြစ်သူတို့က ကိုယ့်အမှုနိုင်အောင်
ကပ်ရပ်ပြောဆိုသော စကား၊ တံစိုးလာဘ်ပေးသည်ကို ယူပြီး လာဘ်ထိုးမှုကို ငဲ့ကွက်
မျက်နှာကြီးငယ်လိုက်ကာ စီရင်တတ်သောကြောင့် အမှုမဖြစ်မီက အမှုဖြစ်လျှင် မည်ကဲ့
သို့ စီရင်မည်၊ မည်ကဲ့သို့သောအမှုကို မည်ကဲ့သို့ ဥပဒေ ပြဌာန်းမည်ဟု ညှိနှိုင်းတိုင်ပင်ပြီး
အသေအချာ ဥပဒေရေးဆွဲပြီးမှ အမှုခင်းဖြစ်လာသော် ပြဌာန်းထား သည့် ဥပဒေအတိုင်း
စီရင်သည်က ဆိုခဲ့ပြီးသော အရှုပ်အထွေးများ ကင်းရှင်း၍ အမှုမှန်ရာကျသည်။
ဤကဲ့သို့လုပ်ဆောင်သည်ကိုပင် ပညတ်တိုင်းကိုလည်း မလွန်ဆန်၊ ပညတ်သစ်ကိုလည်း
မပြုလုပ်ပဲ စီရင်သည် မည်၏။
-
အပရိဟာနိယတရားဟူသည်၊ တဦးတယောက်တည်းသာလျှင် ပြုဆောင်ရာသော တရား
မဟုတ်၊ မင်း မှူးမတ်တို့ လူအများစည်းဝေး၍ တိုင်းရေးပြည်မှု ကောင်းရာကောင်းကြောင်း
ကို ညှိနှိုင်းတိုင်ပင်စီရင်ရန် ဥပဒေရေးသား ပြုလုပ်ထားပြီးလျှင် တိုင်းပြည်စည်ပင်အောင်
ပြုလုပ်သော တရားမျိုးဖြစ်သောကြောင့် ရှေးပညတ်ဆိုကလည်း တိုင်းပြည်နိုင်ငံကို
ကောင်းအောင် ညှိနှိုင်းစည်းဝေး၍ မပြုလုပ်မီ ရှေးအထက်က အလိုရှိရာ ပြုလုပ်ထားသော
ဥပဒေကို ရှေးပညတ်ဟု မမှတ်လင့်။ အမှုကို မစီရင်မီ ရှေးကထဲက ကြိုင်တင် ညှိနှိုင်း
တိုင်ပင်၍ အများသဘောဆန္ဒနဲ့ ပြဌာန်းထားသော ဥပဒေပညတ်ကိုသာ ဤအရာ၌
ရှေးပညတ်ဟူ၍ မှတ်ယူရမည်။

၎င်းပါဠိတော်အဖွင့် အဋ္ဌကထာ၌လည်း အမှုရှိလျှင် စီရင်ရန် ထားသည့် ဥပဒေအတိုင်း
ထုတ်၍ စီရင်ကြောင်းဟု ဆိုသည်။
အဓိပ္ပါယ်ကို မသိသူတို့က အပရိဟာနိယတရား (၇)ပါးတွင် ရှေးပညတ်ကို လွန်၍ ပညတ်သစ်

မလုပ်သင့်၊ ရှေးထုံးအတိုင်းသာ လုပ်သင့်သည်ဟု ပါသောကြောင့် နိုင်ငံမှာ ကောင်းရာ
ကောင်းကြောင်း နည်းဥပဒေသစ် ပြုလုပ်မည်ဆိုလျှင် အပရိဟာနိယ တရားပျက်လိမ့်မည်
ထင်မှတ်ပြောဆိုကြသည်။ ထိုစကားကို အလျင်းအမှတ်အပ်။
-
တိုင်းပြည်နိုင်ငံကို မဆိုထားနှင့်ဦး။ အကျွတ်တရားရအောင် အမှန်တရားသိအောင်လို့
ကျင့်ဆောင်လိုသော သူတို့သည် အနမတဂ္ဂ သံသရာဘဝအဆက်ဆက်က အစဉ်အတိုင်း
လာခဲ့သော သံသရာဝဋ်ဆင်းရဲ၌ ခံရသော ပုထုဇဉ်တို့၏အကျင့် အမူအရာအဟောင်းကို
အကုန်စွန့်ပစ်၍ အကျွတ်တရား ရရာရကြောင်း ကျင့်ဆောင်မှသာ အကျွတ်တရားကို ရနိုင်
သည်။ ပုထုဇဉ်တို့ ထုံးစံရှိသည့်အတိုင်းသာ နေလျှင် အကျွတ်တရား ရနိုင်စရာမရှိပေ။
ကဿပဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် အန္တရကပ် တကပ်လုံးလုံး ဗုဒ္ဓသာသနာဟု မရှိ။

မဂ်ဖိုလ်နိဗ္ဗာန် ရရာရကြောင်း လမ်းများပျောက်၍ မိမိတို့ စိတ်ကူးတည့်ရာ အလိုရှိရာ
ပြုကျင့်နေကြ၊ ကိုးကွယ်နေကြပြီး နောက်မှ ဂေါတမဘုရား ဘုရားအဖြစ်သို့ရောက်ကာ
မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်း ဟုတ်မှန်သောတရားကို ဟောတော်မူသည်ဖြစ်၍ ဗုဒ္ဓဘုရား
တရားကား လက်ရှိ ကျင့်သုံးနေတာနဲ့ ယှဉ်ရင် နောက်ပေါ်အသစ်ပင် ဖြစ်သည်။

လောက၌ ဒိသာပါမောက္ခ ဆရာအမျိုးမျိုးတို့ ဟောပြောကြသော ဗေဒင်ကျမ်းတို့ကား

အဟောင်းပင် ဖြစ်သည်။ အကယ်၍ အဟောင်းအတိုင်း ကျင့်ရမည်ဆိုလျှင် ဗေဒင်
ကျမ်းအတိုင်း ကျင့်ရပေလိမ့်မည်။ ယင်းအတိုင်းကျင့်လျှင် သေသည့်၏ အခြားမဲ့၌
ဧကန် အပါယ်လေးပါး လားရန်ရှိသည်။
ဤအကြောင်းကို ထောက်၍ တရားဟူသည် အဟောင်းအသစ် မဆိုသာ သဘော
သဘာဝ အမှန်ကျ၍ ကောင်းခြင်း၊ လက်တွေ့ အကျိုးပေးကောင်းခြင်းသည်သာ
ပဓာနဖြစ်သည်ကိုလည်း မြဲမြံစွာ မှတ်ရလိမ့်မည်။
-
မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် လိုက်လျောညီထွေ သင့်မြတ်စေမယ့်
အများကလည်း ညီညွတ်စွာနဲ့ သဘောတူ လက်ခံမည့် အမှုမဖြစ်ခင် ကြိုတင် ပြဌာန်း
ထားသည့် ဥပဒေကို စောင့်ရှောက်ထိန်းသိမ်းပြီး လိုက်နာကျင့်သုံးခြင်းကို
ဆိုလိုပါသည်။

၎။ မင်းသားတို့! ဝဇ္ဇီလူမျိုးများသည် တိုင်းနိုင်ငံအတွင်း၌ ရှိကုန်သော ဝဇ္ဇီတိုင်းသား
သက်ကြီး ရွယ်အို လူကြီးသူမတို့ကို ပူဇော်ခြင်း၊ လေးစားမြတ်နိုးခြင်း ပြုကြကုန်၏၊
ထိုလူကြီးသူမတို့၏ စကားကိုလည်း နားထောင်သင့်သည်ဟု မှတ်ထင်ကြကုန်၏၊
ဤကဲ့သို့ ပြုလုပ်နေသရွေ့ စီးပွားတိုးတက်ခြင်းသာ ဖြစ်နိုင်၍ ဆုတ်ယုတ်၊ ပျက်စီး၊
ကျရှုံးခြင်း လုံးဝ မဖြစ်နိုင်ပေ။

ဤနေရာ၌ လူကြီးစကားကို နားထောင်ရမည်ဟု ဆိုသော်လည်း အသက်အရွယ်ဖြင့်ချည်း
ကြီးသည်ကို မယူအပ်။ ပညာ အသက် နှစ်ပါးလုံး ကြီးသည်ကိုသာ ယူအပ်၏။ အကယ်၍
အသက်ပင် ကြီးသော်လည်း အသက်ကြီးလူမိုက် စကားကို နားထောင်မိလျှင် အမှန်ဖြစ်
နိုင်ရန်မရှိ။'အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ'ဟူသော မင်္ဂလာတရားတော်
နှင့်လည်း လွဲရန်ရှိသည်။

ဟင်္သာ၊ကြိုးကြာ၊ ဥဒေါင်း၊ ဆင်ပြောင်ကြီးဟူသော ကျေးငှက်၊ သားသမင် အပေါင်းသည်

ကိုယ်ကာယချင်း မတူရကား ခြင်္သေ့ရန်မှ ကြောက်ကြကုန်၏။ ထိုနည်းမခြား အလားတူပင်
လူ့အဖွဲ့အစည်းတွင် ငယ်သော်လည်း ပညာရှိသူသည်သာ မှုခင်းကိစ္စတို့ကို ပြုလုပ်ဆောင်
ရွက်ရာ၌ လူကြီးလူကောင်း ဖြစ်နိုင်၏၊ လူမိုက်သည် အသက်အရွယ် ကိုယ်လက်အင်္ဂါကြီး
သော်လည်း လူကြီးလူကောင်း မဖြစ်နိုင်ပေ။

၅။ မင်းသားတို့! ဝဇ္ဇီတိုင်းသူ အမျိုးသမီးကြီး၊ အမျိုးသမီးငယ်တို့ကို အတင်းအဓမ္မ
ဆွဲငင် နှိပ်စက်၍ အစိုးရသူတို့အိမ်၌ မနေစေ ခိုင်းသရွေ့စီးပွားတိုးတက်ခြင်းသာ ဖြစ်နိုင်၍
ဆုတ်ယုတ်၊ ပျက်စီး၊ ကျရှုံးခြင်း လုံးဝ မဖြစ်နိုင်ပေ။ (နိုင်ငံတွင်းရှိ အမျိုးသမီးများအား
နိုင်ထက် စီးနင်းလုပ်၍ မစေခိုင်းရခြင်း၊ မနှိပ်စက်ရခြင်း။)

၆။ မင်းသားတို့! ဝဇ္ဇီလူမျိုးတို့သည် မြို့တွင်း၊ မြို့ပြင်၌ စောင့်ကြပ်ကုန်သော မြို့စောင့်
ရွာစောင့်နတ်တို့ကို ရိုသေလေးမြတ်ပြု၊ မြတ်နိုးပူဇော်ခြင်း၊ ထိုနတ်တို့အားလည်း ပေးမြဲ
ပြုမြဲဖြစ်သော သေရည်အရက်၊ အသက်သတ်ခြင်း ကင်းသော ဗလိနတ်စာကို မယုတ်
လျော့စေခြင်း ရှိနေသမျှ စီးပွားတိုးတက်ခြင်းသာ ဖြစ်နိုင်၍ ဆုတ်ယုတ်၊ပျက်စီး၊ကျရှုံးခြင်း
လုံးဝ မဖြစ်နိုင်ပေ။ (ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို လုပ်မြဲ လုပ်ပေးရခြင်း)

၇။ မင်းသားတို့! ဝဇ္ဇီလူမျိုးတို့သည် မလာမရောက်ဘူးသော ရဟန္တာတို့သည် အဘယ်ခါမှာ

ဝဇ္ဇီနိုင်ငံသို့ လာပါကုန်အံ့နည်း။ လာရောက်ကြဘူးသော ရဟန္တာတို့သည်လည်း ဝဇ္ဇီနိုင်ငံ၌
အဘယ်သို့ ချမ်းချမ်းသာသာ နေထိုင်သီတင်းသုံးကြပါအံ့နည်းဟု စိတ်မှာထား၍ တရားနှင့်
ညီသော လုံခြုံရေးစောင့်ရှောက်မှုကို စီမံပေးနေသမျှ စီးပွားတိုးတက်ခြင်းသာဖြစ်နိုင်၍
ဆုတ်ယုတ် ပျက်စီး ကျရှုံးခြင်း လုံးဝ မဖြစ်နိုင်ပေ။

ဆိုလတံ့သော သင်္ဂဟတရားလေးပါတွင် လာသည့်အတိုင်း နိုင်ငံကို စောင့်ရှောက်
ထိမ်းသိမ်းသော်လည်း ရဟန္တာတို့ကို အထူးကြည့်စေလို၍ ထုတ်ဖော်ဟောကြားတော်
မူသည်။ ရဟန္တာမရှိလျှင် ပုထုဇဉ်တို့ကိုပင် စောင့်ရှောက်ရပေလိမ့်မည်။ (ရဟန္တာများ၊
သီလသမာဓိနှင့်ပြည့်စုံသော ရဟန်းသံဃာများကို စောင့်ရှောက်၍ စိတ်ချမ်းသာ
အောင် ထားရှိရခြင်း)

မင်းသားတို့!ဤမဆုတ်ယုတ် မပျက်စီး မကျရှုံးစေနိုင်သော တရား(၇)ပါးသာ ဝဇ္ဇီလူမျိုးတို့

သန္တာန်၌ ဖြစ်ပေါ်နေ၊ ထင်ထင်ရှားရှား ရှိနေသမျှ ဝဇ္ဇီလူမျိုးတို့သည် စီးပွားတိုးတက်ခြင်းသာ
ဖြစ်နိုင်၍ ဆုတ်ယုတ် ပျက်စီး ကျရှုံးခြင်း လုံးဝ မဖြစ်နိုင်ပေ။

(ကျမ်းကိုး ---
အင်္ဂုတ္တရနိကာယ၊သတ္တကနိပါတ၊၃.ဝဇ္ဇီသတ္တကဝဂ္ဂ၊၁.သာရန္ဒဒသုတ် နှာ-၂-၄၀၇ ဒီဃ

နိကာယ၊မဟာဝဂ္ဂ၊ ၃.မဟာပရိနိဗ္ဗာနသုတ် နှာ-၂-၆၂ သီ ဋီ သစ်၊ ၆.မဟာလိသုတ်
နှာ-၂-၃၃၁
ဝိဘင်္ဂအဋ္ဌကထာ၊၂.အာယတနဝိဘင်္ဂ၊၂.အဘိဓမ္မာဘာဇနိယအဖွင့် နှာ-၄၇၊ အဘိဓာန်ဋီကာ၊

၂.သဂ္ဂကဏ္ဏ၊ ပိုဒ်ရေ-၁၀၈၊နှာ-၉၁ ခုဒ္ဒကပါဌပါဠိ၊ ၅. မင်္ဂလသုတ် နှာ-၃ နိဒါနဝဂ္ဂပါဠိ၊၁၀၊ ဘိက္ခုသံယုတ်၊၆.လကုဏ္ဍကဘဒ္ဒိယသုတ် နှာ-၁-၄၆၆ ဇာတကပါဠိ၊ဒုကနိပါတ၊၂၀၂.
ကေဠိသီလဇာတ်၊ ဂါထာ-၁၀၃-၄၊ နှာ-၁-၃၃)

လောက လူမှုအဖွဲ့အစည်းတိုင်း နိုင်ငံတိုင်းတွင် အထက်ပါ အပရိဟာနိယ (မဆုတ်ယုတ်
ကြောင်း) တရားများကို လက်ကိုင်ပြုပြီး ကျင့်သုံးသွားကြမည်ဆိုလျှင် မလွဲဧကန်ပဲ
ညီညွတ်စည်းလုံးနေကြ၍ ကိုယ်စိတ် ချမ်းသာစွာဖြင့် ကြီးပွားတိုးတက် အောင်မြင်ကြ
မည်မှာပင်ဖြစ်သည်။ ဒါဟာ တကယ်တမ်း ပြောရမည်ဆိုလျှင် လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်လောက်က မြတ်ဗုဒ္ဓရဲ့လူမှုအဖွဲ့အစည်း နိုင်ငံအဖွဲ့အစည်းများအတွက် ညီညွတ်
ပြီး ကြီးပွားတိုးတက်စေမယ့် အဖွဲ့အစည်း ကောင်းစား တိုးတက်ရေးအမြင်များ လမ်းညွှန်
မှုများပင်ဖြစ်သည်။
-
အချို့သောနိုင်ငံများတွင် ဒီတရားများကို သိ၍လား၊ မသိပဲလား မပြောနိုင်ပေမယ့် ဒီနည်း
လမ်းအတိုင်း ကျင့်သုံးနေကြသည်ကို၎င်း၊ မင်းကျင့်တရား ဆယ်ပါးနဲ့လည်း ပြည့်ဝနေကြ၍
၎င်း ကြီးပွားချမ်းသာ တိုးတက်နေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ကျနော်တို့ လူမှုဝန်း
ကျင် အဖွဲ့အစည်းများနဲ့ နိုင်ငံတွင်လည်း မြတ်ဗုဒ္ဓရဲ့လမ်းညွှန်မှု အဆုံးအမများကိုသာ
တကယ်တမ်း လက်ကိုင်ပြု ကျင့်သုံးသွား နိုင်ကြမည်ဆိုလျှင် ချမ်းသာနေကြတဲ့ နိုင်ငံများနဲ့
လူမျိုးများ နည်းတူ တန်းတူ ဖြစ်နေကြမည် ဆိုတာကို ဖြင့် အပြည့်အဝ ယုံကြည်မိပါသည်။

မြတ်ဗုဒ္ဓဟာ လူမှု ဆက်ဆံပေါင်းသင်းရေး စီးပွားရေး နိုင်ငံရေး ငွေကြေး သုံးစွဲရေး ကျန်းမာ
ရေး ပညာရေး ဘက်စုံဒေါင့်စုံကနေပြီး ကြီးပွားတိုးတက် အောင်မြင်အောင် ချမ်းသာ
အောင် ဘယ်လို လိုက်နာကျင့်သုံး လုပ်ဆောင်ရမယ် ဆိုတာကို အပြည့်အစုံ ဟောကြားထား
ခဲ့ပါလျှက် ကျနော်တို့တတွေ အပြည့်အဝ မလိုက်နာနိုင်သည်ကတော့ ကျနော်တို့ရဲ့
အားနည်းချက်များပင်ဖြစ်ပါသည်။
(နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...