သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, January 8, 2014

PostHeaderIcon အိမ်မက်ထဲက ရွာ


အိမ်မက်ထဲက ရွာ
*******
အိမ်မက်ထဲတွင်၊ ကျွန်ုပ်မြင်သည်
ကောင်းကင်အောက်က ရွာကလေး။

သူ့ ကာရန်သည်
ရိုးဟန်ရိုးရုပ်၊ သိမ်ငယ်နုပ်လည်း
ငုတ်တုတ်မနေ၊ သက်ဝင်ပေသည်
နေခြည်နမ်းသည့် နှင်းရည်စက်။

ရွာဦးထိပ်က၊ စေတီလှသည်
ဓမ္မရည်ညွှန်း၊ ထုံးသင်္ကန်းနှင့်

ကြေးစည်သာယာ၊ ဆွမ်းဟစ်ကာလျှင်
ကြွလာရဟန်း၊ ရွာသူ့ ပန်းလည်း
ခြေလှမ်း ရေလျက်၊ ရွာမှထွက်ခဲ့။

ကျည်းသား တောက်ကာ၊ ထွေခင်းကာနှင့်
ကျောင်းမှာ စာကျက်၊ ရွာ့အသက်သည်
ရှင်လျက် သန်လျက်၊ တိုးပွားလျက်။

ယောက်ျား ဘသား၊ ရွာသားများကာ
တောသွား သစ်ခုတ်၊ ခြံလုပ် ပေါင်းသင်
လုပ်ငန်းဝင်၍
ဖိုတွင် ရှင်မ၊ ချက်ပြုတ်ရသည်
အိမ်ဝ ဟင်းလင်း၊ မျှော်စောင့်ရင်း။

နှင်းရည်စက်သည်
လက်လက် လင်းလင်း၊ နေခြည်တွင်း၌
ဝင်းဝင်း တောက်ကာ၊ ဒေါင်းမြီးဖြာခိုက်
ရွာဝင်တံခါး၊ စည်းရိုးကြားမှ
ခုန်လွှား ပျံတက်၊ ခြံတန်းထက်တွင်
အိမ်ကြက်ဖကြီး၊ မိုး မျှော်ပြီးသော်
အောက်အီး တွန်ကာ၊ ကြွေးကြော်ရာတွင်
ငါလျှင် နိုး၍၊ ငါ၏ရှေ့ ၌
ချမ်းမြေ့ မြင်ကွင်း၊ နှင်းမြူတွင်သို့ 
ဖောက်ထွင်း ပျောက်ကွယ်သွားသတည်း။
(မင်းသုဝဏ်)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...