သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, January 4, 2014

PostHeaderIcon ကျော်ကြားခဲ့သူများ၏ အဆိုအမိန့်များ





 ကျော်ကြားခဲ့သူများ၏ အဆိုအမိန့်များ
***************************
ခင်ဗျားသာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ရင် အဲဒါ ခင်ဗျား အမှား မဟုတ်ဘူးဗျ။
ဒါပေမဲ့ ချို့ ချို့ တဲ့တဲ့နဲ့ သေသွားရင်တော့ ခင်ဗျား အပြစ်ပဲနော်။
(အင်တယ်လ် အိုင်တီသူဌေးကြီး ဘီလ်ဂိတ်)

အောင်ပွဲရဖို့ဆိုတာ အကြောင်းသုံးချက်ပြည့်စုံရတယ်။
တခြားသူတွေထက် ပိုသိရမယ်
တခြားသူတွေထက် ပို ကြိုးစားရမယ်
အဲ… တခြားသူတွေလောက်တော့ အလှမ်းမကျယ်စေနဲ့။
(ပြဇာတ်ဥသျှောင် ဝီလျှံ ရှိတ်စပီးယား)

စစ်တိုက်လို့ နိုင်နေသမျှ မင်းရှင်းပြစရာ မလိုဘူးကွ။ အေး… စစ်ရှုံးလာပြီ ဆိုရင်လည်း
ဘာကြောင့်ဆိုတာ ရှင်းပြဖို့ မင်း အသက် မရှင်နဲ့တော့။
(နာဇီစစ်အာဏာရှင် အဒေါ့ဖ် ဟစ်တလာ)

ကမ္ဘာပေါ်က ဘယ်သူနဲ့ဖြစ်ဖြစ် သင့်ကိုယ်နဲ့ မနှိုင်းမိပါစေနဲ့။ တကယ်လို့
နှိုင်းယှဉ်မိလိုက်ရင်တော့ သင့်ကိုယ်သင် စော်ကားလိုက်တာပဲ။
(အလန် စထရိုက်)

မြင်နေရတဲ့ တို့ရှေ့က လူတွေကို တို့များတတွေ မချစ်နိုင်သေးသမျှ မမြင်ဖူးသေးတဲ့
အဖဘုရားသခင်ကို ကြည်ညိုနိုင်ပါ့မလား ကလေးတို့ရယ်။
(ကရုဏာရှင် မာသာထရီဇာ)

တကယ်လို့ နေ့တနေ့အတွင်းမှာ ပြဿနာ တစုံတရာကို သင်မကြုံခဲ့ရသေးဘူးဆိုရင်
သင် လမ်းမှားပေါ် လျှောက်နေပြီဆိုတာ သိပ်သေချာနေပြီ။
(သူတော်စင် ဝိဝေကာနန္ဒ)

အနိုင်ရတယ်ဆိုတာ တကယ်ဆိုတော့ ပြိုင်ပွဲမှာ ပထမရတာ မဟုတ်ဘူးရှင့်။
အရင်တုန်းကထက် ပိုကောင်းတာကို ရှင်တို့ ကျွန်မတို့ လုပ်နိုင်လိုက်တာပါပဲ။
(စကိတ် ချန်ပီယံ ဘော်နီ ဘလဲရ်)

သင်္ခန်းစာ
*****
အကြိမ် တထောင်လုံး ကြိုးစားတာ မအောင်မြင်ဘူးလို့ ကျုပ်တော့ မပြောဘူး။
ရှုံးနိမ့်စေနိုင်တဲ့ အကြောင်းရင်းပေါင်း တထောင်ကို ကျုပ် တွေ့ရှိလိုက်ပြီလို့ပဲ
ကြေငြာမယ်။
(တီထွင်ပညာရှင် သောမတ်စ် အက်ဒီဆင်)

လူတွေက ကမ္ဘာကြီးတခုလုံးကို ပြောင်းလဲဖို့ ကြိုးစားနေကြတာ၊ ကိုယ့်ကိုကိုယ်
ပြုပြင်ဖို့တော့ တယောက်မှ မစဉ်းစားကြဘူး။ လူငယ်တယောက်အတွက် ကြီးပွား
လမ်းဟာ မိမိတတ်နိုင်တဲ့ နည်းလမ်းမှန်သမျှကို ပိုပြီး တိုးတက်ကောင်းမွန်အောင်
လုပ်ဖို့ပဲ၊ အဲဒီလိုလုပ်တဲ့အခါ ငါ့ကို ဘယ်သူတွေ၊ ဘယ်အရာတွေက ဟန့်တား
နှောက်ယှက်နေတယ်လို့ ဘယ်တော့မှ သံသယမဖြစ်ပါနဲ့။

လူအတော်များများက အခြားသူများ မည်သို့ ပြောင်းလဲသင့်သည်ကို သိကြသော်လည်း လူအနည်းငယ်ကသာ သူတို့ မည်သို့ ပြောင်းလဲသင့်ကြောင်း သိကြပေသည်။
(ဂန္ထဝင် စာရေးဆရာကြီး လီယိုတော်စတွိုင်း)

လူတိုင်းကို အယုံလွယ်တာ အန္တရာယ်များတယ်ဗျ။ အဲ တယောက်ကိုမှ မယုံရင်တော့
သိပ်ကို အန္တရာယ် ရှိနေပြီ။ လူတိုင်း အတိုက်အခိုက်ဒဏ်ကို ခံနိုင်ကြသော်လည်း
အာဏာဒဏ်ကို မခံနိုင်။ လူတယောက်၏ သီလကို စမ်းသပ်လိုလျှင်
အာဏာပေးလိုက်ပါ။
(အမေရိကန်သမ္မတကြီး အေဗရာဟင် လင်ကွန်း)

တကယ်လို့များ ဘဝတလျှောက်လုံး အမှားတခုမှ မပြုဖူးဘူးလို့ ထင်ထားခဲ့ရင်
ဘာတခုကိုမှ ဆန်းသစ် ဖန်တီးဖူးတာ မရှိဘူးလို့ မှတ်ပါလေ။ အောင်မြင်
ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင် ကြိုးစားပါ။
(ရူပဗေဒ ပညာကျော် အဲလ်ဘတ် အိုင်စတိုင်း)

ဘဝမှာ
ကျင့်ဝတ်လေးဖြာကိုတော့ မချိုးဖောက်မိစေနဲ့...
ယုံကြည်မှု၊ ကတိ၊ ခင်မင်ခြင်းနဲ့ နှလုံးသားတို့ပဲ။
ချိုးဖောက်မိရင်တော့ အသံမကျယ်ပေမဲ့ နာကျင်မှုဆိုတာ
အထွတ်အထိပ်ရောက်လိမ့်မယ်။ (မင်းသားကြီး ချားလ်စ်)

နိုင်ငံရေးသမားဆိုတာ

**************
စွန်ဆိုတာ လေနဲ့အတူ လိုက်သွားတာ မဟုတ်ဖူး။ လေကို ဆန်တက်တာဖြစ်တယ်။ “နိုင်ငံရေးသမားကောင်းဆိုတာ မနက်ဖြန် နိုင်ငံဘာဖြစ်မယ်ဆိုတာ ခန့်မှန်းနိုင်ရမယ်။ အကယ်၍ ဖြစ်မလာခဲ့ရင် ဘာ့ကြောင့် ဖြစ်မလာခဲ့တာလဲဆိုတာ အကြောင်းပြချက်
ပေးနိုင်ရမယ်” (ဝန်စတန်ချာချီ)

တိတ်တိတ်နေ ထောင်တန်။
(ပိုက်သာဂိုလ်ရပ်)

မိမိဖိနပ် ညစ်ပတ်နေသည်ကို မကြည့်ပဲ သူတပါး အိမ်ခေါင်မိုးပေါ်က ဆီးနှင်းဖတ်ကို

အပြစ်မတင်ပါနှင့်။
စဉ်းစားမှု မပါပဲ ပညာသင်ခြင်းသည် အချည်းအနှီးမျှသာဖြစ်၍ ပညာမပါပဲ
စဉ်းစားခြင်းသည်ကား အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)

ရာဇဝင်ကို ဖတ်တာဟာ ရာဇဝင်အတိုင်း မျှောလိုက်သွားဖို့ မဟုတ်ဖူး။
ရာဇဝင်ကို ဖန်တီးဖို့သာဖြစ်တယ်။ (ဗိုလ်ချုပ်အောင်ဆန်း)
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာပဲ။ (ဝီလဆင်)
 
လူမိုက်တို့သည် မိမိ၏အမှားမှ သင်ခန်းစာယူကြ၏။
လူလိမ်မာတို့သည် သူတပါး၏ အမှားမှ သင်ခန်းစာယူကြ၏။

တစုံတရာကို ကြိုးစား ကြံစည်၍ ဆုံးရှုံးခြင်းသည် တစုံတရာကိုမှ မကြိုးစား
မကြံစည်ပဲ ရခြင်းထက် မြတ်၏။
(ပီမိုးနင်း)


လူတော်တယောက်ဆိုတာ မိမိထက်တော်တဲ့ သူတွေကို မိမိအကျိုးအတွက် လုပ်ဆောင်ပေးရန် ပြောဆိုတတ်ရတယ်။ ''လူမြင်လျှင် ပြုံးပါ''
(ဒေးကားနက်ဂျီ)

''စိတ်နေဘုံဖျား ၊ လူနေချုံကြား''ဟု ပြောခြင်းသည် နာစရာ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဘုံဖျားသို့ စိတ်မရောက်လျှင် ချုံကြားမှ ထွက်နိုင်မည်
မဟုတ်ပေ။ (လွိုက်ဂျုံး) 

လောက၌ မိမိကိုယ်ကို အချစ်ဆုံးသူသည် အရိုးသားဆုံးလူ ဖြစ်၍
အရိုးသားဆုံး လူသည်ကား မိမိကိုယ်ကို အချစ်ဆုံးဖြစ်သည်။
(ဟိုရှေးဖိုးကော)

ကျွန်တော်သိတာ တခုပဲရှိတယ်။ အဲဒါ ကျွန်တော် ဘာမှ မသိဘူး ဆိုတာပဲ။
(အရစ်တိုတယ်)

ယဉ်ကျေးသိမ့်မွေ့သူ
*************
ယဉ်ကျေးသိမ်မွေ့သူကား အခြားမဟုတ်။ တစုံတယောက်သောသူက တစုံတခုသော

အကြောင်းအရာကို လာရောက် ပြောဆိုသောအခါ ၄င်းအကြောင်းအရာသည်
မိမိ သိပြီးဖြစ်ပါလျက် ငြိမ်သက်၍ စိတ်ပါဝင်စားစွာ နားထောင်သူပင် ဖြစ်သည်။
(ဒီမောနေး)

မင်းတို့ ခွေးမသားတွေ မင်းတို့ တိုင်းပြည်အတွက် အသက်စွန့် တိုက်ရုံနဲ့
တိုက်ပွဲဆိုတာ မနိုင်ဘူး။ တဖက် ခွေးမသားကို သူ့တိုင်းပြည်အတွက်
အသက်စွန့်အောင် လုပ်ပေးနိုင်မှ တိုက်ပွဲဆိုတာနိုင်မယ်။
(ဗိုလ်ချုပ်ကြီး ပက်တန်)

အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌ တစိုက်မတ်မတ် လုပ်ခြင်းပင်ဖြစ်တယ်။
(ဘင်ဂျမင်ဒစ်ဆရေလီ)

လူသားတို့၏ဘဝတွင် မည်သည့်အရာမှ တည်မြဲခြင်း မရှိသည်ကို သတိရပါ။
ထို့ကြောင့် အဆင်ပြေသည့်အခါ၌ အလွန်အမင်း ဝမ်းသာခြင်း၊ အဆင်မပြေသည့်
အခါ၌ အလွန်အမင်း စိတ်ဓာတ်ကျခြင်း မဖြစ်ပါနှင့်။
(ဟင်းရစ်အစ်ဆန်)

ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သော စိတ်ရဲ့သင်္ကေတဖြစ်တယ်။
(အီစွတ်)

သင့်ထံမှ ဝေဖန်ချက် တောင်းကြသူများမှာ စင်စစ် သူတို့အား ချီးမွမ်းခြင်းကိုသာ
ခံယူလိုကြသူများ ဖြစ်တယ်။ (ဆမ်းမာဆက်မော)

ကျဉ်းထဲကြပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့နေသည့်အခါ၌ အရဲရင့်ဆုံး
အကြံဉာဏ်ဟာ လုံခြုံမှု အရှိဆုံးဖြစ်တယ်။ (လိုင်ဗွီ)

စာဖတ်ခြင်းက ပြည့်ဝသော လူတယောက် ဖြစ်စေတယ်။ ဆွေးနွေး ညှိနှိုင်းခြင်းက
အသင့်ပြင်ထားသော လူတယောက် ဖြစ်စေတယ်။ မှတ်သားခြင်းက
တိကျသော လူတယောက် ဖြစ်စေတယ်။ (ဆာဖရန်စစ်ဘေကွန်)

မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။
(နီကီတာခရုရှက်)

တစက်ချင်းကျနေသော ရေစက်များဟာ နောက်ဆုံးမှာ ကျောက်တုံးကိုပင်
တိုက်စားသွားတယ်။ (လူခရီးတပ်စ်)

သူငယ်ချင်းဆိုသည်မှာ ၄င်းအပေါ်ကျွန်ုပ်က ရိုးသား ဖြူစင်ရမည့်သူပင် ဖြစ်တယ်။
(ရပ်ဝယ်ဒိုအီမာဆန်)

ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများ အားလုံး ဝင်ရာဝင်ပေါက်ကြီး ဖြစ်တယ်။
အလုပ်မရှိတဲ့ လူတယောက်ဟာ နံရံ မရှိတဲ့ အိမ်တလုံးနဲ့ တူတယ်။
မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှ ဝင်ရောက်နိုင်တယ်။
(ဂျော့ဖရီချော်ဆာ)

ပြက်ရယ်ပြုခြင်းက သဘောထား သေးသိမ်ညံ့ဖျင်းတဲ့ လူများရဲ့ လှုပ်ရှားမှုပင် ဖြစ်တယ်။
(အဲဖရက်တင်နီဆင်)

အပြစ် မရှိသူတဦး မတရား ခံရခြင်းထက် အပြစ်ရှိသူ ဆယ်ဦး ထွက်ပြေး
လွတ်မြောက်သွားခြင်းက ပိုလို့ ကောင်းသေးတယ်။
(ဘလက်စတုံး)

သန္နိဋ္ဌာန်ချရာ၌ နှေးပါ ၊ လုပ်ဆောင်ရာ၌ မြန်ပါ။ (ဂျွန်ဒရိုင်းဒန်)

သာယာချမ်းမြေ့သော အိမ်ထောင်ရေး ဆိုသည်မှာ မျက်မမြင်မယားနဲ့
နားပင်းနေသော လင်ယောက်ျားတို့ရဲ့ အိမ်ထောင်ရေးပင် ဖြစ်ပါတယ်။
(ဒါ စဉ်းစားစရာပဲ) (ဂျွန်မီတန်)

ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးပဲ မိမိဘာသာ မိမိ ရပ်တည်သော
လူသာလျှင် အတော်ဆုံးလူဖြစ်တယ်။ (ဟင်းရစ်အစ်ဆန်)

သင့်လောက် ကံမကောင်းသူအား သင်၏ ပျော်ရွှင်မှုများ၊ အဆင်ပြေမှုများကို
သွားမပြောပါနှင့်။ အရာရာကို မလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်။ သို့သော်
မလုပ်တတ်ပဲ လုပ်ခြင်း၊ သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံ
တင်မက စိတ်ပျက်စရာလဲ ကောင်းလှတယ်။ (ပလူးတက်)

သူတပါးကို ထိခိုက် နာကျင်စေခြင်းထက် မိမိက အနစ်နာခံလိုက်သည်က
ပိုကောင်းတယ်။ (ချားဒါဝင်) (ဒါ တူတယ်)

အနည်းငယ် သုံးစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့ အပေါက်ကလေး
တပေါက်ဟာ အလွန်ကြီးမားတဲ့ သင်္ဘောတစင်းကို နစ်မြုပ်စေနိုင်တယ်။
(ဘင်ဂျမင်ဖရင်ကလင်း)

လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်း
မခံရပါ။ (စီဆာရို)

ခင်ဗျားရဲ့ သဘောတူညီမှု မပါပဲနဲ့ ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်
ဝင်အောင် မလုပ်နိုင်ပါဘူး။ (အယ်လင်နွာရုစဗဲ့)

ကြောက်စရာ ဆင်ခြေ
**************
ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ ဆိုးဝါးသလို ပို၍ ကြောက်စရာ
လည်း ကောင်းတယ်။ အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို
လုံခြုံအောင် ကာရံထားသောကြောင့် ဖြစ်တယ်။
(အလက်ဇန်းဒါးပုတ်)

စရိုက်၌လည်းကောင်း၊ အပြုအမှုများ၌လည်းကောင်း၊ ဟန်၌လည်းကောင်း၊
အရာအားလုံး၌လည်းကောင်း အဓိက အကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။
(လောင်ဖဲလ်လိုး)

ပိုက်ဆံအိတ်အတွင်း၌ ပြောင်သလင်းခါနေသည့် အချိန်၌ စိတ်မှာ တင်းကြပ်
နေတတ်သည်။ (ဗစ်တာဟူဂို)

ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း
တသွေမတိမ်း လုပ်ဆောင်တယ်။ (ဂျေဂျေ ရူးဆိုး)
ပညာရှိများနှင့် တနာရီ ဆွေးနွေးရခြင်းသည် မိမိဘာသာ စာအုပ်တရာ
ဖတ်သည်ထက် အကျိုးများ၏။ (သိုးဆောင်းစကားပုံ)

အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ပဲ ဇွဲမလျှော့သူများသာ ဖြစ်သည်။
(အဂ္ဂါး)

သူတပါးကို ကျကျနန သင်ကြားပေးခြင်းသည် မိမိအဖို့ သင်ယူခြင်း၌
အကောင်းဆုံးဖြစ်၏။ (အင်္ဂလိပ်စကားပုံ)

အားနည်းသူကို အားပေးပါ 
******************
စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အလိုရှိတတ်ကြသည်။ အခါမရွေး
အားကိုးရာ ရှာနေတတ်ကြသည်။ သူ့ကို ဖော်ရွေစွာ ဆက်ဆံနေစေချင်သလို
သူ့အလိုဆန္ဒကိုလည်း လိုက်လျောစေချင်တတ်ကြ၏။ ထိုသူများနှင့်တွေ့လျှင်
အကြံဉာဏ်နှင့် အားပေးစကား ပြောဖို့ရန် ဝန်မလေးအပ်ပေ။
စကားတခွန်း ပြောပေးရုံနှင့် သူ့အား မြေတောင်မြှောက်ရာ ရောက်ပေသည်။
(ဒီဖိုမင်း)

စိတ်ကို တည်ငြိမ်အောင် ထိန်းပါ။ ကြံခိုင်မှုနှင့် သည်းခံခြင်း စိတ်ဓာတ်ကို
မွေးဖွားပါ။ ဒုက္ခမှန်သမျှကို သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစ တုံးခြင်းနှင့်
အသိဉာဏ် ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှကို လုံးဝ လက်မခံပါနှင့်။
(ဒေါက်တာဝီလျံအိုစလာ)

စနစ်တကျ မှတ်သားထားတဲ့ ရည်မှန်းချက်ရယ်၊ ဆင်းရဲမှုဆိုင်ရာ
စိတ်ပျက်ဖွယ် ခံစားချက်တွေရယ်ကို ပေါင်းစပ်လိုက်မှ လူမှာ မှန်ကန်တဲ့
အား,ပေါ်လာတတ်တာပဲ။ (ဆာဝေါ်လ်တာစကော့)

စကားပြောကောင်းသူသည် စာဖတ်သည်၊ စဉ်းစားသည်၊ နားထောင်သည်။
ထို့ကြောင့် သူ့တွင် ပြောစရာ၊ အကြောင်းရပ် တခုခုရှိသည်။
(ဂရိုဗာဂရိဗ်လန်း)

အခက်အခဲကြောင့် စိတ်ဓာတ်မကျခြင်း၊ ဇွဲဖြင့်ဆက်လက် လုပ်ကိုင်ခြင်းသည်
အောင်မြင်ရေးအတွက် အဓိက သော့ချက်ဖြစ်၏။
(ဂျိမ်းစ်ဝှစ်ကွမ်းဘဲရီလေး၊ အမေရိကန် ကဗျာဆရာ)

စာဖတ်ခြင်းဖြင့် အကျိုးရှိလိုသော် နှိမ့်ချမှု၊ ရိုးသားမှုနှင့် ယုံကြည်မှုဖြင့် ဖတ်ရာ၏။
ပညာတတ် သုခမိန်ကြီးဖြစ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဘယ်သောအခါမှ
မဖတ်ရာ။ (သောမတ်ကေအင်ပစ်၊ ဂျာမန်ဘုန်းတော်ကြီး)

မျှော်လင့်ချက်နှင့်တူသော ဆေး မရှိချေ။ မနက်ဖြန်မှာ ပိုကောင်းမည်ဟု
မျှော်လင့်နိုင်တာလောက် ကြီးမားသော စိတ်ဓာတ် တက်ကြွမှုမရှိ။
အားဆေးလည်း မရှိ။ စိတ်ကူးယဉ်ခြင်း၊ မျှော်လင့်ခြင်း၊ ပိုမိုကောင်းမွန်မှု
ဖြစ်လာဖို့ရာ၌ မျှော်လင့်ခြင်းများသည် သတ္တိရှိစေသည်။ လေးလံသော
ဝန်ထုတ် ဝန်ပိုးများကို ပေါ့ပါးသွားစေသည်။ မှုန်ဝါးဝါး လျှောက်ရာလမ်းကို
ကြည်လင်သွားစေသည်။
(ခင်မောင်တိုး၊ မိုးမိတ်)

ခေါင်းဆောင်
********
ခေါင်းဆောင်မှု ဆိုသည်မှာ မဟာဗျူဟာနှင့် သီလ ပေါင်းစပ်ထားခြင်း ဖြစ်သည်။
တခုသာ ရနိုင်မည်ဆိုလျှင် မဟာဗျူဟာ (ရှိသူ)ထက် သီလ(ရှိသူ)ကို ဦးစားပေးပါ။
(အိပ်ခ်ျ နော်မန် ရှဝါ့ဇ်ကော့ပ်)

သူ့မှာ ရှိသော အသိဉာဏ်ပညာနှင့် စွမ်းရည်ထက် သာလွန်အောင်(လူအများကို)
လုပ်ပေးလိုသူသည် အမြင့်မားဆုံး ခေါင်းဆောင် ဖြစ်သည်တဲ့။
(ဖရက်ဒ် အေ မန်းစ်ကေး)

(ဝါသနာအရ ရှာဖွေ ဖတ်ရှုမိရင်း ရှိပြီးသားရော မရှိတာများပါ ရောနှော၍
စုဆောင်းခြင်းဖြစ်သည်။)
 (နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...