သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, January 25, 2014

PostHeaderIcon လိုရင် သုံးကုန် ဆေးနည်းစုံ



သောက်သုံးရန် မသင့်သော ရေ(၅)မျိုး
**********************
(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး (၂) ဓာတ်ဗူးထဲတွင်
ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး (၃) အကြိမ်ကြိမ် ဆူဗွက်အောင် ကြိုခဲ့
သောရေနွေး (၄) တညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထား
သောရေနွေး (၅) ထမင်း၊ ဟင်းပေါင်းခံရည် ၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ
အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြား
သတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။
Credit အဆိုအမိန့်များနှင့် ဗဟုသုတဆိုင်ရာစာပေများ
(ဒါလဲ သတိထားရမှာပဲ၊ အနော်က ရေနွေးဓာတ်ဗူးကို တခါထဲ ပလပ်ထိုးထားတာ တနေ့ကို
တခါတလေ ဘယ်နှစ်ခါ ဆူပွက်မှန်းကို မသိတော့ဘူး။ ဘယ်အရာမှ အလွန်အကျွံဆိုတာ
မကောင်းဘူးလေ။)


 ကွန်ပျူတာသမားများအတွက် ကိုယ်တွေ့ ခါးနာ ပျောက်ရန်
*************************************
ကွန်ပျူတာသုံးတာ ကြာပြီဆိုတော့ ခါးနာရောဂါလည်း ဖြစ်လာတာပေါ့။ ဒီနှစ်ပိုင်းမှာ ခါးက
ပိုနာလာတယ်။ ဆေးနည်းက နက္ခတ္တရောင်ခြည်ကနေ ရထားတာ ကြာလှပြီ။ အမှုမဲ့အမှတ်မဲ့
မစမ်းကြည့်ဖြစ်ဖူး။ အခုတော့ စမ်းမှ ဖြစ်မယ်ဆိုပြီး - အာလူးကြီး တလုံးကို ခပ်ပါးပါး
အလွှာတွေ ရအောင် လွှာပြီး ညအိပ်ယာဝင်တော့ နာနေတဲ့ ခါးပေါ်မှာ စီပြီး ကပ်လိုက်တယ်။
အားကစားသမားတွေ သုံးတဲ့ အလပ်စတစ် ပတ်တီး ပတ်ပြီး အိပ်လိုက်တယ်။
မနက်ကျတော့ ခါးနာနေတာ ယူပစ်သလို ပျောက်သွားတယ်။ အံ့ရောပဲ...
Read More >> http://www.myawady.com.mm/health/preventing/item/

ဆီးချိုရောဂါ
***** 
ဒီသဘာဝနည်းလမ်းက ဆီးချိုရောဂါရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက
ကုထုံးနည်း တခု ဖြစ်ပါတယ်။ ဆီးချိုတင်မက သွေးချိုလည်း ပျောက်ပါတယ်။ အစာလဲ
ဆေး ဆေးလဲအစာလိုပေါ့။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ရတဲ့ နည်းလမ်း
ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ်ပါတယ်။ ရုံးပတီသီး (Lady Finger-၂ လုံး /၂တောင့်) ကို
ထိပ်နှစ်ဘက်ဖြတ်၊ အလယ်မှာ ဓားနဲ့အပေါက်/အစင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့
ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထားလို့လည်း လိုပါ
တယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့
သောက်နိုင်ပါပြီ။ ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းစင်အောင် အသေချာဆေးကျောဖို့
လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို
စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား(ဂလူးကိုစ့်ဓာတ်) နည်းသွားတာကို တွေ့ရမှာ
ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်းပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ
ဒုက္ခပေးနေတတ်ရင် ဒီရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချို
ရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။
by နှင်းဆီဖူးလေးများ-Love BUDS

(အနော့်လက်တွေ့အရတော့ ဒီရုံးပတီသီးဟာ ဒူးနာများပျောက်တာ ကြုံဖူးပါတယ်။ အသက်
၇၀ ကျော်ရှိတဲ့ ရွှေတောင်မြို့က ဆရာတော်ကြီးက သူကိုယ်တိုင် နေ့တိုင်း အလုံး ၂၀-
လောက်ကို ပြုတ်ပြီး သောက်တာ ဒူးတာ ထိုင်ထ မကောင်းတာတွေ အခု အကုန်ကောင်း
သွားလို့ ပုံမှန်အတိုင်း  လမ်းလျှောက်နိုင်နေတာကို မြင်တွေ့ခဲ့လို့ လုပ်ကြည့်တာ တကယ်
ကောင်းပါသည်။
*တိုးတိုး*)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...