သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, January 3, 2014

PostHeaderIcon ပြည်ထောင်စု မြန်မာနိုင်ငံတော် ပထမဆုံး လွတ်လပ်ရေးနေ့ အခမ်းအနား




 ပည်ထောင်စု မြန်မာနိုင်ငံတော် ပထမဆုံး လွတ်လပ်ရေးနေ့ အခမ်းအနား
*************************************************
မြန်မာနိုင်ငံသည် ၄ ဇန်နဝါရီ ၁၉၄၈ နံနက် ၄ နာရီ မိနစ်၂၀.တွင် ဗြိတိသျှအစိုးရထံမှ
လွတ်လပ်ရေးရရှိကာ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။
ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ပတ်သက်၍ ဦးသန့်(နောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်)က မှတ်တမ်းတင်ခဲ့ဖူးသကဲ့သို့ ထိုခေတ်ကာလ သိမှီသူများကလည်း ပြန် လည်ပြောပြခဲ့ကြသည်။ ထိုခေတ်ကာလ အခမ်းအနားကျင်းပခဲ့ကြပုံကို အောက်ပါအတိုင်း
လေ့လာတွေ့ရှိရပါသည်။

ပါလီမန် လွှတ်တော်ရင်ပြင်
နံနက် ၄.နာရီအချိန်တွင် တိုင်းပြည်ပြုလွှတ်တော် မျက်နှာစာရှိ အလံတိုင်ရှိရာ မြက်ခင်းပြင်

သို့ ယာယီသမ္မတ စဝ်ရွှေသိုက် ရောက်ရှိလာခဲ့သည်။ သူနှင့်အတူ ကိုယ်ရံတော် ဗိုလ်များဖြစ်
ကြသည့် ကာနယ်မြင့်သိန်း၊ ကာနယ်ထင်စီတို့အပြင် အတွင်းဝန်ဦးရွှေဘော်၊ အိမ်တော်ဝန်
ဦးစံဖေတို့ လိုက်ပါလာခဲ့ကြသည်။ ထို့ပြင် ယာယီဝန်ကြီးချုပ် သခင်နု၊ ယာယီပါလီမန် လွှတ်
တော်ဥက္ကဋ္ဌ၊ ယာယီ ဝန်ကြီးများလည်း ရောက်ရှိလာခဲ့ကြသည်။ ၎င်းပြင် တိုင်းမင်းကြီးများ၊ ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံခြားအထူးသံတမန်များ၊ ရာဇဝတ်တရားသူကြီး
များလည်း စုရုံးရောက်ရှိခဲ့ကြသည်။

တပ်များကို စစ်ဆေးခြင်း
စည်တော်ရွမ်းလိုက်ချိန်တွင် နိုင်ငံတော် ယာယီသမ္မတကြီး စဝ်ရွှေသိုက် အဆောင်
အယောင်များဖြင့် ဆင်ဝင်ရှေ့သို့ ထွက်လာခဲ့သည်။ ထို့နောက် စည်တော်ရပ်သွား
ကာ ကရင်အမျိုးသားတပ်၏ ဘင်ခရာသံနှင့်အတူ သမ္မတကြီးက ဗမာ့တပ်မတော်၊
ဗမာ့ရေတပ်၊ ဗမာ့လေတပ်၊ သောင်းကျန်းမှုနှိမ်နင်းရေးတပ်၊ ဗမာ့လက်နက်ကိုင်
ပုလိပ်အဖွဲ့တို့အား တတပ်ပြီးတတပ် လိုက်လံစစ်ဆေးခဲ့သည်။ ထိုအချိန်အထိ အလံတိုင်
ထိပ်မှ ယူနီယံဂျက်အလံက ဆောင်းလေကြောင့် တဖျပ်ဖျပ် လှုပ်ရှားနေဆဲဖြစ်သည်။

ယူနီယံဂျက် အလံကို ရုပ်သိမ်းခြင်း
နံနက် ၄.နာရီ မိနစ် ၁၉.တွင် ပရိသတ်အားလုံး ငြိမ်ကြရန် မီးရောင်အချက်ပေးပါသည်။
အလံတိုင်၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် အသီးသီးရပ်နေကြသော ဗာမင်ဟမ်
စစ်သင်္ဘောမှ အရာရှိနှစ်ဦးနှင့် ဗမာ့ရေတပ်မှ အရာရှိနှစ်ဦးတို့က အခါတော်ပေး အမြောက်
သံကို နားစွင့်နေကြသည်။ နံနက် ၄.နာရီ မိနစ်၂၀ တိတိတွင် ရန်ကုန်မြစ်ဆိပ်၌ ဆိုက်ကပ်
ထားသော ဗာမင်ဟမ်စစ်သင်္ဘောမှ အမြောက်ပစ်ဖောက် အချက်ပေးလိုက်ပါသည်။ ထိုအခါ ဘင်ခရာတပ်ဖွဲ့က စတင်တီးမှုတ်လိုက်၏။ ယူနီယံဂျက်အလံက တဖြည်းဖြည်း တိုင်ထိပ်မှ
ကျလာသည်။ အင်္ဂလိပ် ဘုရားရှိခိုးကျောင်းများမှ ခေါင်းလောင်းသံများ၊ ဥသြဆွဲသံများ ဆူညံသွားသည်။ သေနတ်ပစ်ဖောက်သံ၊ ဗြောက်အိုးဖောက်သံများနှင့်အတူ ကောင်းကင်ပြင်
တခုလုံး မီးရှူးမီးပန်းများဖြင့် လင်းထိန်သွားသည်။ ယူနီယံဂျက်အလံကို ရုပ်သိမ်းလိုက်ပြီ
ဖြစ်ပါသည်။ 

မြန်မာနိုင်ငံတော်အလံ လွှင့်ထူခြင်း
ဗြိတိသျှအစိုးရ၏ ယူနီယံဂျက်အလံကို ချလိုက်သည်နှင့် တပြိုင်နက် ဗမာ့ရေတပ်မှ အရာ ရှိ စောချစ်စိန်က ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို တိုင်ထိပ်သို့ ကြိုးဖြင့် ဆွဲတင် လွှင့်ထူလိုက်ပါသည်။ ထိုစဉ် စစ်တီးဝိုင်းက မြန်မာနိုင်ငံတော်သချင်းကို တီးမှုတ်ပေးနေပါ

သည်။ အလံတော် တိုင်ထိပ်သို့ ရောက်သည်နှင့်တပြိုင်နက် ပုဏ္ဏားတော်များက ခရုသင်း
မှုတ်လိုက်ကာ မင်းပရိသတ်အပေါင်းက မြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။
စည်တော်ကလည်း ရွမ်းလျက်ရှိနေသည်။

ပါလီမန် လွှတ်တော်ခန်းမ
နံနက် ၄ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့ အတွင်းဝန်ရုံးတွင်းရှိ ပါလီမန်လွှတ်တော်ခန်းမ

အတွင်းသို့ ပရိသတ်များ ဝင်ရောက်နေရာယူကြသည်။ ပရိသတ်စုံညီ ရောက်ရှိပြီးနောက်
၎ နာရီ ၄၅ မိနစ်အချိန်တွင် နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်၊ ဝန်ကြီးချုပ်သခင်နု၊ ယာယီ ပါလီမန်ဥက္ကဋ္ဌ ပျော်ဘွယ်ဦးမြတို့ ခန်းမအတွင်းသို့ ဝင်ရောက်လာရာ ပရိသတ်တို့က မတ်
တတ်ရပ် အရိုအသေပြုခဲ့ကြသည်။ သမ္မတကြီး စင်မြင့်ထက်၌ နေရာယူပြီးနောက် သမ္မတ
ရာထူးကို လက်ခံသိမ်းပိုက်ကြောင်း ကြေညာလိုက်သည်။ ထို့နောက် ပြည်ထောင်စုမြန်မ
နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတည်ဖြစ်ကြောင်း ကြေညာလိုက်ရာ ပရိသတ်
အားလုံးက တခဲနက် သြဘာပေးကြသည်။

ထို့နောက် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြသူများအား ဂုဏ်ပြုသောအားဖြင့်
၂ မိနစ် ငြိမ်သက်နေကြသည်။ ယင်းနောက် ဝန်ကြီးချုပ်သခင်နုက အောင်စေသတည်း အစ
ချီ လွတ်လပ်ရေးကြေညာစာတမ်းကို ဖတ်ကြားပါသည်။ ပြီးသောအခါ ဦးကျော်မြင့်လေးက တိုင်ပေးသည့် နိုင်ငံတော်သီချင်းကို စုရုံးရောက်ရှိလာကြသည့် ပရိသတ်များက သီဆိုခဲ့ကြ
သည်။

ဝန်ကြီးချုပ်မိန့်ခွန်း
ဝန်ကြီးချုပ် သခင်နုက ကျမ်းသစ္စာကျိန်ဆို လက်မှတ်ရးထိုးလိုက်ပြီးနောက် လွတ်လပ်ရေး မိန့်ခွန်းတရပ်ကို ဟောကြားခဲ့သည်။ ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာတွင် “ ဒီနေ့
ကျွန်တော်တို့ လက်ထဲကို ရောက်လာတဲ့ လွတ်လပ်ရေးကြီးဟာ အစဉ်ထာဝရ ခိုင်မြဲတည်တံ့
ပါစေ။ လွတ်လပ်ရေးနဲ့အတူ ရရှိလာတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကြီးဟာလည်း
အစဉ်ထာဝရ ခိုင်မြဲတည်တံ့ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။”စသည်ဖြင့်
ပါရှိခဲ့သည်။

ဘုရင်ခံအိမ်တော်
လွတ်လပ်ရေးနေ့ အခမ်းအနားကို ဘုရင်ခံအိမ်တော်၌လည်း ကျင်းပခဲ့သည်။ ဘုရင်ခံ
နေထိုင်ရာ အိမ်တော်မှာ ယခုရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်း ရှိခဲ့ဖူး
ကြောင်းဆိုသည်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)နေထိုင်ရာ အိမ်တော်သည် လွတ်လပ်
ရေးရ ရှိပြီးနောက် သမ္မတအိမ်တော် ဖြစ်လာခဲ့သည်။ နံနက် ၆ နာရီ မိနစ် ၃၀ တွင်
ဘုရင်ခံအိမ်တော်၌ အာဏာလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ယင်းအခမ်းအနားသို့ သမ္မတကြီး စဝ်ရွှေသိုက်နှင့် ဇနီး မဟာဒေဝီ၊ ဝန်ကြီးချုပ်ဦးနုနှင့်
ဇနီးဒေါ်မြရီ၊ စဝ်ခွန်ချို၊ ဗိုလ်လက်ျာ စသူတို့ တက်ရောက်ခဲ့ကြသည်။

အချိန်ကျရောက်သောအခါ ဘုရင်ခံနှင့် ဘုရင်ခံကတော်တို့ အလံတင်အခမ်းအနား လုပ်မည့်

နေရာသို့ ထွက်လာခဲ့ကြသည်။ထို့နောက် ယူနီယံဂျက် အလံကိုချပြီး မြန်မာနိုင်ငံတော်အလံ
ကို လွှင့်ထူလိုက်ကြသည်။ မြန်မာနိုင်ငံတော်အလံ လွှင့်ထူစဉ် ဘုရင်ခံဆာဟူးဘတ်ရန့်(စ်)
အပါအဝင် ပရိသတ်များက အလံတော်အား အလေးပြုခဲ့ကြသည်။

ဘုရင်ခံ ပြန်လည်ထွက်ခွာ
ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)သည် အလံတင်အခမ်းအနား ပြီးဆုံးသည်နှင့် အိမ်တော်မှ
သင်္ဘောဆိပ်သို့ တန်းဆင်းခဲ့သည်။ ထိုစဉ်က သင်္ဘောဆိပ်မှာ ပန်းဆိုးတန်း၌ တည်ရှိပါ
သည်။ သမ္မတကြီး စဝ်ရွှေသိုက် အပါအဝင် အားလုံးက လိုက်ပို့ကြသည်။ ဘုရင်ခံနှင့်
ဇနီးတို့သည် ပန်းဆိုးတန်းဆိပ်တွင် ဆိုက်ကပ်ထားသော ဗာမင်ဟမ် စစ်သင်္ဘောဖြင့်
ပြန်လည်ထွက်ခွာခဲ့ကြသည်။

ကန်တော်ကြီးအတွင်း အခမ်းအနား
ဘုရင်ခံကို သင်္ဘောဆိပ်သို့ လိုက်လံပို့ဆောင်ခဲ့ကြပြီးနောက် နံနက် ၈ နာရီ အချိန်တွင်
ရန်ကုန်မြို့ ကန်တော်ကြီး၌ အခမ်းအနား ဆက်လက်ကျင်းပခဲ့ပါသည်။ သမ္မတစဝ်ရွှေသိုက်၊
ဝန်ကြီးချုပ် သခင်နုတို့ မိသားစုများသည် ကရဝိတ်ဖောင်တော်စီးနင်းကာ ကန်တော်ကြီး
အတွင်း လှည့်လည်စဉ် ကမ်းထက်မှ ပရိသတ်က လက်ပြနှုတ်ဆက်ခဲ့ကြသည်။သမ္မတကြီး၊
ဝန်ကြီးချုပ်နှင့် မိသားစုဝင်များကလည်း ပြန်လည်လက်ပြ နှုတ်ဆက်ခဲ့ကြ၏။
 
ပျော်ပွဲရွှင်ပွဲများ
လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများကို ရန်ကုန်မြို့နေရာအနှံ့အပြားတွင် ကျင်းပခဲ့ကြသည်။
ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်တွင် ပြခန်းများ၊ ဈေးဆိုင်ခန်းများဖြင့် စည်ကားနေခဲ့
သည်။ ရန်ကုန်မြို့တွင်သာမက မြန်မာပြည် မြို့ရွာ အသီးသီးတွင်လည်းကောင်း၊ ပြည်ပတွင်
စတင် ဖွင့်လှစ်စ မြန်မာသံရုံး အချို့တွင်လည်းကောင်း လွတ်လပ်ရေးနေ့ အခမ်းအနားအဖြစ်
ပျာ်ပွဲရွှင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။

ပထမဆုံး လွတ်လပ်ရေးနေ့တွင် ၃ ရက် ညဘက် ညဥ့်နက်အထိ စားကြသောက်ကြ စကား
ပြောကြနှင့်မို့ ၄ ရက်တွင် အလံတင် အခမ်းအနားသို့ အချိန်မီ မရောက်ခဲ့သည့် ဆရာကြီး
ကိုသန်း (ကြည့်မြင်တိုင်)ကမူ “ဆူးလေခုံးတံတားကြီးပေါ်ရောက်တော့ ကျွန်တော်တို့
ဂျစ်ကား ပိတ်မိနေတယ်။ ထွက်တာနောက်ကျတော့ အတွင်းဝန်ရုံးမှာ လုပ်တဲ့ အလံတင်
အခမ်းအနားကို မမီတော့ဘူးလေ။ အလံတင်ပြီးလို့ အမြောက်တွေတောင် ဖောက်နေပြီ။
အဲဒီအချိန်မှာ ရန်ကုန်မြို့တမြို့လုံး သေနတ်သံတွေ တညံညံနဲ့။ မိုးပေါ်ထောင်ဖောက်
ကြတာ။ လွတ်လပ်ရေးရတဲ့ အထိမ်းအမှတ် အနေနဲ့ပေါ့”ဟု ပြန်လည်ပြောကြားခဲ့သည်။

(ဗြိတိသျှအစိုးရ၏ ယူနီယံဂျက်အလံကို ချလိုက်သည်နှင့် တပြိုင်နက် ဗမာ့ရေတပ်မှ အရာ ရှိ စောချစ်စိန်က ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို တိုင်ထိပ်သို့ ကြိုးဖြင့် ဆွဲတင် လွှင့်ထူလိုက်ပါသည်။ ထိုစဉ် စစ်တီးဝိုင်းက မြန်မာနိုင်ငံတော် သီချင်းကို
တီးမှုတ်ပေးနေပါသည်)
 Written By -တင်နိုင်တိုး

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...