သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, January 19, 2014

PostHeaderIcon လူကြီး စုန်းပြူး

 ချစ်ရင်
*-*-*-
ဘယ်သူတွေက ဘာပြောနေနေ
မင်းကိုယ်မင်း ချစ်ရင် ပညာသင်ပါ။ စာဖတ်ပါ။
မိဘကို ချစ်ရင် ပညာသင်ပါ။ စာဖတ်ပါ။
တိုင်းပြည်နဲ့ လူမျိုးကို ချစ်ရင် ပညာသင်ပါ။ စာဖတ်ပါ။
(ဦးအောင်သင်း)


အနာဂတ်မှာ
*-*-* 
"အောင်သင်း မဟာဝိဇ္ဇာမှာ ဂုဏ်ထူးနဲ့ အောင်တာ
ကျုပ်အထက် မျဉ်းကြောင်းတောင် မရှိဘူး။
အဲဒီလို နေလာခဲ့တဲ့ အောင်သင်း၊
အိမ်မှာဆို ဧည့်ခန်းထဲမှာ ကျုပ်စာဖတ်နေလို့
ကလေးတွေ အနားလာဆော့ရင်
ကျုပ်မိန်းမက ထွက်ဟောက်တယ် ကလေးတွေ သွားကြစမ်း...
တကယ်တဲတော်... ဖအေ စာဖတ်တဲ့ နားကို...
သွား..အခြားတနေရာ သွားဆော့ချေ။ အဲဒီလို...
 အခုကြတော့
ကလေးတွေကြီးလာလို့ သူတို့ သူငယ်ချင်းတွေ အိမ်ကိုလာတယ်၊
ကျုပ်မိန်းမက ကလေးတွေကိုခေါ်ပေးတယ် သား/သမီး ဘယ်သူရေ
ဒီမှာ ဧည့်သည်လာတယ် လာလာ သားတို့သမီးတို့ ထိုင်ကြ..
ကဲ ကိုအောင်သင်း... တော် တနေရာရာ သွား...စာဖတ်စမ်းပါတော်...
 ဟော ကျုပ်က နေရာ ဖယ်ပေးရတယ်ဗျာ...
ပြန်စဉ်းစားကြည့်တော့ ကလေးတွေက ဧည့်ခန်းကို အာဏာသိမ်းသွားပြီ"

(မြင်သာထင်သာ ရှိသလို တရားရဖို့လည်း ကောင်းပါတယ်။)

ကျွန်တော်တို့ ဘဝတွေက 
လူငယ်တွေရဲ့လက်ထဲကို အပ်ကို အပ်ရတော့မှာပါ။
အဲဒီအခါမှာ လူငယ်တွေက အသုံးမကျဘူး ဆိုရင် အနာဂတ်ဟာ သွားပြီ။
(ဦးအောင်သင်း) 
.
လူကြီး စုန်းပြူး
*-*-*-*-**
မိတ်ဆွေ အယ်ဒီတာတယောက်က စိတ်ပျက်တဲ့လေသံနဲ့ စကားတခွန်းလာပြီး
ပြောတယ်။ သူ့ကို စာပေနယ်က လူတယောက်က ပြောတယ်တဲ့။
*ပညာတတ် ဘွဲ့ရတဲ့ လူငယ်တွေတောင် ယောင်နန ဖြစ်နေကြရတဲ့အချိန်မှာ
အောင်သင်းက ဘာကြောင့် လူငယ်တွေ ပညာကို ကြိုးစားသင်ကြဖို့
တိုက်တွန်းနေတယ်မသိဘူး *လို့ ပြောသတဲ့။

ဒီစကားမျိုး ကွယ်ရာမှာ မထိတထိ ပြောသံဆိုသံ ကြားနေရတာ ကြာပါပြီ။
ငါ့ကိုတော့ ဘယ်သူမှ တေ့တေ့ဆိုင်ဆိုင် မပြောကြသေးပါဘူး။ ပြောလာလို့
ရှိရင်တော့
*အနာဂါတ်မျိုးဆက်သစ်မှာ ခင်ဗျားတို့လို 'တုံး' တဲ့ လူမျိုးတွေ မပါစေချင်လို့ပါ*လို့
ပြောလိုက်မိမှာပါပဲ။

(ဦးအောင်သင်း)
မျိုးဆက်သစ်တိုးတက်ရစ်ဖို့ /လူကြီးစုန်းပြူး

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...