သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, January 2, 2014

PostHeaderIcon အပူကန် လည်ချောင်းနာအတွက် ဆေးတခွက်



 အပူကန် လည်ချောင်းနာအတွက်...
ဆောင်းရာသီကဲ့သို့ အေးမြတဲ့ရာသီ ရောက်လာတဲ့အခါတိုင်း၊ ခန္ဒာကိုယ်တွင်း အပူဓာတ်
များသူတွေမှာ အပူကန်ထွက်လာပြီး လည်ချောင်းနာလေ့ရှိကြပါတယ်။ အဲဒီလို အပူဓာတ်
များသူတွေအဖို့ ခါတိုင်းထက် ရေပိုသောက်ပေးရမှာဖြစ်ပြီး၊ ပုံမှန် ရေချိုးနေကျအတိုင်း
တနေ့၂-ကြိမ်(သို့မဟုတ်)အနည်းဆုံး ၁-ကြိမ် နေ့စဉ် ရေချိုးပေးဖို့လိုပါတယ်။ ကိုယ်လက်
လှုပ်ရှား များများလုပ်ကာ၊ ကောက်ညှင်းပေါင်းလို ဝမ်းချုပ်စာတွေမစားဘဲ၊ သင်္ဘောသီး၊
ဌက်ပျောသီးတို့လို ၀မ်းနူးစာတွေကို စားပေးသင့်ပါတယ်။ အပူကန်၍ လည်ချောင်းနာတဲ့
ဝေဒနာဟာ လည်ချောင်းထဲကို မီးစနဲ့ ထိုးခံရသလို ပူစပ်ပူလောင်ခံစားရပြီး၊ အာသီးရောင်
သကဲ့သို့ တံတွေးမျိုချတဲ့အခါတိုင်း နာတဲ့အပြင်၊ လည်ချောင်းထဲက ယား၍ ချောင်းဆိုး
တတ်ပြန်တာကြောင့် အင်မတန် ခက်ရခက်တဲ့ ဝေဒနာတမျိုးပါပဲ။

ဒီအတွက် စိတ်ညစ်မနေပါနဲ့။ ဟောဒီမှာ ဆေးကောင်းတလက်ရှိပါတယ်။ ဒီဆေးဖော်စပ်
နည်းက လုပ်ရတာလွယ်ကူလို့ အထင်မသေးလိုက်ပါနဲ့ ဘေးထွက်ဆိုးကျိုး မရှိပဲ ပျောက် ကင်းသက်သာသွားစေမယ့် ဆေးကောင်းတခွက်ဖြစ်လို့ပါ။
သဘာဝပျားရည်စစ်စစ်၊ သံပုရာသီး၊ ဂျင်းစတဲ့ ပစ္စည်း ၃-မယ်ရှိရင် ဆေးဖော်စပ်ဖို့ ရပါပြီ။
(၁၀၀% သဘာဝပျားရည်စစ်စစ်ကို City Mart ဆိုင်များနဲ့ ဆေးဆိုင်တွေမှာ အလွယ်တကူ
ဝယ်ယူရရှိနိုင်ပါတယ်။ သံပုရာသီး ၁-လုံးကို အစေ့ဖယ် အရည် မညှစ်ပဲ ခပ်ပါးပါး အချပ်
လေးတွေ လှီးပေးရပါမယ်။ ဂျင်း လက်၂-ဆစ်ခန့်ကို အခွံနွှာပြီးနောက် ခပ်ပါးပါး အချောင်း
မျှင်မျှင်လေးတွေရအောင် လှီးဖြတ်ပါ) စောစောက လှီးဖြတ်ထားတဲ့ သံပုရာသီးအလွှာချပ်
လေးတွေနဲ့ ဂျင်းအချောင်းလေးတွေကို ခြောက်သွေ့ သန့်ရှင်းတဲ့ ဖန်ပုလင်းလွတ် ၁-လုံးထဲ
မှာထည့်ပြီး၊ ၄င်းတို့ မြုပ်ရုံ ပျားရည်စစ်စစ်ကို အပေါ်က လောင်းချပေးပါ။ ပြီးရင် ဖန်ပုလင်း
လေလုံအောင် အဖုံးကို ကျပ်ကျပ်ပိတ်၍ ထိုအရောအနှော ၃-မျိုး ဂျယ်လီပုံစံပြောင်းသွားတဲ့
အထိ ရေခဲသေတ္တာထဲမှာ သိမ်းထားရပါမယ်။ ဂျယ်လီဖြစ်လာတဲ့အခါ ၄င်းကို ဇွန်းနဲ့ ခပ်ကာ
မတ်ခွက် တခွက်ထဲပြောင်းထဲ့ပြီး ရေနွေး ဆူဆူလောင်းချ၍ ခပ်နွေးနွေးအနေအထားမှာ
စားလို့ ရပါပြီ။ ပျားရည်နဲ့ဓာတ်ပြုထားတာကြောင့် သံပုရာခွံကို ဝါးစားလို့ရပါတယ်။ အဲဒီ
အချိုးအစားအတိုင်း တနေ့တကြိမ်ကျ သောက်ပေးခြင်းဖြင့် ၃-ရက်မျှကြာတဲ့အခါ အပူကန်
လည်ချောင်းနာများ ပျောက်ကင်းသွားပါလိမ့်မယ်။
(ပုလင်းဖုံး လုံလုံပိတ်ပြီး ရေခဲသေတ္တာထဲမှာ ၂-လ ၃- လ ကြာတဲ့အထိ သိမ်းထားလည်း
ဆေးဓာတ်မပြယ်နိုင်ပါဘူး) 

2-01-2014 နေ့ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာ (စာမျက်နှာ ၂၁)
စေတနာများစွာဖြင့်.....ပေါက်ပေါက်@တင်ထက်ထက်ဇော်@promise.pauk
(ကိုးကား…..BeautyTips4Her.com)
(ရိုးသားမှုသည် တခါတရံ၌ ရှုံးနိမ့်စေတတ်၏။
သို့သော် တသက်လုံးကား လိပ်ပြာလုံစေတော့၏။)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...