သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, January 24, 2014

PostHeaderIcon ~အသည်းအတွက် သိရင်ဖြေကြည့် အဖြေညှိ~



 ~အသည်းအတွက် သိရင်ဖြေကြည့် အဖြေညှိ~
*****************************
* အသည်းကင်ဆာ ရောဂါလက္ခဏာကို သိပါသလား?
သိပါတယ်။ ညာဘက် ရင်ဘတ်အောက်ပိုင်း အောင့်တယ်။ တင်းတယ်၊ ညာဘက် ဝမ်း

ဗိုက်အပေါ်ပိုင်းမှာ အလုံးအကျိတ် ပေါ်တယ်။ ဗိုက်နာတယ်။ ပိန်သွားတယ်၊ မစားချင်
မသောက်ချင် ဖြစ်တယ်။

* အဖြစ်များတဲ့ ကင်ဆာထဲမှာပါသလား?
အဖြစ်များတဲ့ ကင်ဆာတခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ ကင်ဆာတွေထဲမှာ ပဉ္စမ

လိုက်ပါတယ်။ အမျိုးသားတွေမှာ အဖြစ်များတယ်၊ အမျိုးသားကင်ဆာ အားလုံးရဲ့၇.ရာခိုင်
နှုန်း ရှိတယ်။ အမျိုးသမီး ကင်ဆာအားလုံးရဲ့၃. ရာခိုင်နှုန်း ရှိတယ်။

* အသည်းခြောက်တာနဲ့ ဆက်စပ်မှု ရှိသလား?
အသည်းခြောက်ရင် ကင်ဆာဖြစ်နိုင်တယ်။ ဖြစ်တယ်လို့ ပြောတာမဟုတ်ဘူး။ ဖြစ်နိုင်ခြေ

များတယ်။ အသည်းကင်ဆာဟာ အသည်းခြောက်သူတွေရဲ့၆၀.ရာခိုင်နှုန်းမှာ တွေ့တယ်။
အသည်းခြောက်မှုမရှိတဲ့ လူတွေရဲ့၁၀.ရာခိုင်နှုန်းမှာပဲ တွေ့တယ်။
ဆေးပညာအရ Pre-malignant stage လို့ ခေါ်တယ်။

* အသည်းရောင် B ပိုးနဲ့ အဆက်အစပ်ရှိသလား?
အသည်းရောင် B ပိုးရှိတဲ့ လူတွေမှာ အသည်းရောင် B ပိုးမရှိတဲ့ လူတွေထက် ငါးဆကနေ

၁၅ ဆ ပိုဖြစ်နိုင်တယ်။ တရုတ် (တိုင်ပေ)က အမျိုးသားတွေမှာ လေ့လာချက်အရ အသည်း
ရောင် B ပိုးရှိခဲ့ရင် အဆတရာတောင်မှ ဖြစ်နိုင်ခြေ ရှိတယ်လို့ ပြောတယ်။ အသည်းရောင်
B ပိုးများတဲ့ နေရာမှာ အသည်းကင်ဆာဖြစ်တာများတယ်။

* အသည်းရောင် C ပိုးရှိတဲ့လူတွေမှာ အသည်းကင်ဆာ များသလား?
အသည်းရောင် C ပိုးကလည်း အသည်းခြောက် ဖြစ်စေတယ်။ အသည်းရောင် C ပိုးရှိတဲ့

လူတွေမှာ အသည်းကင်ဆာ အဖြစ်များတယ်။

* အရက်စွဲတဲ့လူတွေမှာကော အသည်းကင်ဆာ ဖြစ်သလား?
အရက်စွဲတဲ့လူတွေမှာ အသည်းကင်ဆာဖြစ်တာ များတယ်။ အသက်ကြီးလေ ဖြစ်လေပဲ။

*ငရုတ်သီးခြောက်မှိုကကော အသည်းကင်ဆာ ဖြစ်နိုင်သလား?
Aflatoxin လို့ခေါ်တယ်။ မြေပဲ၊ ငရုတ်သီးခြောက်၊ နှမ်းဖတ်ချဉ်မှာ စွဲတဲ့ မှိုတွေက လာတယ်

လို့ ပြောတယ်။

* အသည်းရောင်တာဖြစ်ပေမယ့် ရောဂါလက္ခဏာ မပြပဲ ဖြစ်နိုင်သလား?
ကင်ဆာအလုံး သေးတဲ့အခါမှာ ရောဂါလက္ခဏာက မပြဘူး။ အကြောင်းအမျိုးမျိုးကြောင့်

အာထရာဆောင်း ရိုက်ကြည့်တဲ့ အခါ၊ CT Scan ရိုက်ကြည့်တဲ့အခါမှာ တွေ့တယ်။ တချို့က
တခြားအကြောင်းကြောင့် အသည်းကို ဖြတ်ထုတ်လိုက်တဲ့အခါ အသည်းကင်ဆာ ရှိနေတာ
တွေ့ရတယ်။ အသည်းရောင် B ပိုး၊ C ပိုးရှိတဲ့လူတွေမှာ အာထရာဆောင်း မကြာခဏ
ရိုက်တော့ စောစောတွေ့တယ်။ ရောဂါလက္ခဏာ မပြသေးခင် စောစောတွေ့တယ်။

* စောစောတွေ့တာ ကောင်းသလား?
စောစောတွေ့တာ ကောင်းတာပေါ့။ အသည်းကင်ဆာ ရှိတဲ့ အပိုင်းကို ဖြတ်ထုတ်လို့ ရတယ်။ ဓာတ်ရောင်ခြည်လှိုင်းနဲ့ ဖြတ်ပစ်လို့ရတယ်။ အသည်း အစားထိုးလို့ရတယ်။

* အသည်းခြောက်တဲ့လူက အသည်းကင်ဆာ ဖြစ်တယ်ဆိုရင် ဘယ်လိုလုပ် သိနိုင်မှာလဲ?
အသည်းခြောက်ရောဂါ ရုတ်တရက် ပိုဆိုးလာတယ်။ မျက်လုံးတွေ ဝါတယ်။ ရေဖျဉ်း ပိုများ

လာတယ်။ ဗိုက်လည်း နာတယ်။ ပိန်လည်း ပိန်တယ်။ အသည်းခြောက်ရင် အသည်းက
ကျုံ့သွားတယ်။ အသည်းကင်ဆာ ပေါ်လာရင် အသည်းက ကြီးလာတယ်။ ရေဖျဉ်းကို
ဖောက်ကြည့်ရင် ရေဖျဉ်းရေကြည် မဟုတ်ပဲ သွေးနီနီ ရေဖျဉ်း ဖြစ်နေတတ်တယ်။ ရေဖျဉ်း
ထဲမှာ ဓာတ်ခွဲကြည့်ရင် ကင်ဆာဆဲလ်တွေ တွေ့နိုင်တယ်။

* Alpha-feto protein ခေါ်တဲ့ သွေးစစ်ချက်ကကော ပြောင်းလဲသလား?
အသည်းခြောက်တဲ့လူမှာ အသည်းကင်ဆာဖြစ်လာရင် သွေးထဲမှာ alpha-feto protein

တွေ များနေတယ်။ အာထရာဆောင်းမှာလည်း အလုံးပေါ်တယ်။ ဆရာဝန်စမ်းရင် အသည်း
ကြီးတာ တွေ့ရမယ်။ ဖုထစ်နေတဲ့ အလုံး တွေ့နိုင်တယ်။ အလုံးပေါ်မှာ နားကြပ်နဲ့
နားထောင်ရင် သွေးတိုးသံ "bruit" ကြားရတယ်။

* အစာအိမ် သွေးကြော ပေါက်တတ်သလား?
အသည်းခြောက်တဲ့အတွက် အစာရေမျိုပြွန်နဲ့ အစာအိမ်မှာ သွေးကြောထုံးတွေ ရှိတတ်တယ်။

အသည်းကင်ဆာ အလုံးက ပေါ်တယ်။ သွေးပြန်ကြောခေါ်တဲ့ အစာအိမ် အူလမ်းကြောင်းက
လာတဲ့ သွေးကြောထဲကိုဝင်ပြီး ပိတ်နေရင် သွေးကြောထုံးတွေ အစာအိမ် အူလမ်းကြောင်းမှာ
ရှိတတ်တယ်။ ဒါတွေက ပေါက်ရင် သွေးယိုနိုင်တယ်။ အစာအိမ် နာကလည်း ရှိတတ်သေး
တယ်။

* အသည်းကင်ဆာလို့ ခန့်မှန်းနိုင်တဲ့ အချက် (၃)ချက်ရှိတယ်။ အဲဒါဘာလဲ?
ညာဘက် ရင်ဘတ်အောက်ပိုင်း အောင့်တာ၊ ပိန်တာ၊ အသည်းကြီးနေတာ ဒီသုံးချက်ရှိရင်

အသည်းကင်ဆာ ဖြစ်နိုင်ချေ များတယ်။ နာတာက တသတ်မှတ်တည်း အောင့်နေတာ တခါ
တလေ ညာဘက်ပခုံးမှာ နာတယ်။

* တခါတလေ အသည်းကင်ဆာရှိတဲ့ သူတွေမှာ ရုတ်တရက် ဗိုက်နာလာတာ၊ အောင့်လာတာ

ဘာကြောင့်လဲ?
အသည်းကင်ဆာက ပေါက်ပြီး ဝမ်းခေါင်းထဲကို သွေးယိုလို့ ဖြစ်တာ၊ တခါတလေ နည်းနည်း

ပါးပါး ထိခိုက်မိရုံနဲ့ နာတယ်။ တခါတလေ အလိုလို သွေးယိုတတ်တယ်။

* တခါတလေ ချွေးပြန်တာ ဘာကြောင့်လဲ?
အသည်းကင်ဆာမှာ သွေးထဲက အချိုဓာတ် ရုတ်တရက် ဗြုန်းစားကြီး ကျနိုင်တယ်။

Hypoglycaemia (ဟိုက်ပိုဂလိုက်စီးမီးယား) လို့ခေါ်တယ်။ အသည်းကင်ဆာဆဲလ်တွေက
အင်ဆူလင်လို ဟော်မုန်းမျိုး ထုတ်နေလို့ ဖြစ်တာ။

* တခါတလေ သွေးအားမနည်းပဲ သွေးနီဥတွေ များနေတယ်လို့ ပြောတယ်။ သိပါသလား?
ဟုတ်တယ်။ Polycythemia လို့ခေါ်တယ်။ အသည်းကင်ဆာက Erythropoietin ဆိုတဲ့

ဟော်မုန်း ထုတ်လို့ ဖြစ်တာ၊ သူက သွေးအား များစေတယ်။ Calcium ဓာတ်လည်း
သွေးထဲမှာ များတတ်တယ်။ တခါတလေ နည်းနည်းများတယ်။

ဆရာဖြစ်သော ပါမောက္ခ ဦးသံစစ် (အသည်းအထူးကု)
(via Mg Mandalay)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...