သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, January 5, 2014

PostHeaderIcon လူဆိုတာ


လူဆိုတာ
*******
လူဆိုတာ ဆိုတဲ့ ခေါင်းစဉ်အောက်က စာသားတွေဟာ လူပေါင်းများစွာရှိတဲ့ အထဲက 

တချို့သော လူတွေရဲ့စိတ်ဓာတ်တွေကို ထင်ဟပ်ပြစေလိုခြင်း ဖြစ်ပါတယ်။

၁။ ကိုယ့်အလို ပြည့်တဲ့အခါ တမျိုး (မိတ်ဆွေလို့ သတ်မှတ်ပြီး)
ကိုယ့်အလို မပြည့်တဲ့အခါ တမျိုး (ရန်သူလို့ သတ်မှတ်လေ့)ရှိတယ်။

၂။ ကိုယ်အဆင်ပြေနေရင်ပြီးရော တပါးသူ အဆင်ပြေလား မပြေဘူးလား
စဉ်းစားပေးတတ်ကြတာ နည်းတယ်။

၃။ ကိုယ့်ကို အကူအညီပေးတတ်သူကို မိတ်ဆွေကောင်းလို့ သတ်မှတ်ပြီး
ကိုယ်အကူအညီ လိုတဲ့အခါ မပေးခဲ့ရင် မိတ်ဆွေ မစစ်ဘူးလို့ သတ်မှတ်လေ့ရှိတယ်။

၎။ ကိုယ့်ကိုယ်ကိုသာ ပိုချစ်တတ်တဲ့ သတ္တဝါတွေမို့ ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓာတ်ရှိကြသူတွေလည်း ရှိတယ်။

၅။ ချစ်တုန်းကတော့ အပြုံးပန်းတွေ တပွင့်ပွင့်နဲ့ မုန်းကြပြီဆိုရင် မျက်စောင်းတွေ တဝင့်ဝင့်

ဖြစ်နေတတ်ကြတယ်။

၆။ ကိုယ်သာချစ်နေရင် ဘာပဲလုပ်လုပ် မျက်စိထဲ ချစ်စဖွယ်တွေ ဖြစ်နေတတ်ပြီး
ကိုယ်သာမုန်းနေရင် ဘာပဲလုပ်လုပ် မျက်စိထဲ ဆူးညှောင့်သဖွယ်ဖြစ်နေတတ်တယ်။

၇။ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာကို ကိုယ့်အတွက် အကျိုးရှိခြင်း မရှိခြင်း
ကိုယ်လိုအပ်တဲ့အခါ ရှိခြင်း မရှိခြင်းနဲ့လည်း ဆုံးဖြတ်တတ်ကြတယ်။

၈။ အမှန်တရားကို မျက်ကွယ်ပြုပြီး အတုအယောင်တွေကြားမှာပဲ ပျော်မွေ့တတ်ကြတယ်။

၉။ တချို့လူတွေက ကိုယ့်မိတ်ဆွေရဲ့စိတ်ဓာတ်ကို ကိုယ့်အတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတဲ့ အမြင်ပေါ်မူတည်ပြီး ပေါင်းသင့်လား မပေါင်းသင့်လား ဆုံးဖြတ်တယ်။
(တကယ်တော့ သိပ်အတ္တကြီးလွန်းပြီး ကိုယ့်ကိုယ်ကိုသာ ချစ်မြတ်နိုးတတ်သူတွေရဲ့
လုပ်ရပ်ဖြစ်တယ်)။

၁၀။ အကျိုးလိုလို့ ညောင်ရေသွန်းတတ်ကြတယ်။ လိုချင်တာရှိရင် ဖော်လံဖားတတ်ကြတယ်။ 

မရခဲ့ရင် အတင်းပြောတတ်ကြတယ်။ အညှိုးထားလေ့ရှိတယ်။ မိတ်ဆွေ မစစ်ဘူးလို့ 
ပြောလေ့ရှိတယ်။

(သက်တန့်ချို)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...