သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, January 25, 2014

PostHeaderIcon ပန်းတိုင်ကို သွားရာမှာ အရေးကြီးတဲ့ သော့ချက် (KEY) တွေ


(ဒီလို သာယာလှပတဲ့ အိမ်လေးမှာ စိတ်တူကိုယ်တူ ချစ်သူနဲ့ အေးချမ်းစွာနေနိုင်ဖို့... 
အနော့်... စိတ်ကူး အိပ်မက်)

သင့်ရဲ့ပန်းတိုင်ကို သွားရာမှာ အရေးကြီးတဲ့ သော့ချက် (KEY) တွေ
******+++++ ******+++++********+++++*****

များသောအားဖြင့်တော့''ပန်းတိုင်''ဆိုတာ လွယ်လွယ်နဲ့ ရောက်နိုင်တာမျိုးတော့ မဟုတ်လေ
ဘူး။ ပန်းတိုင်က လန်ကျတာတွေ၊ ပန်းတိုင်ပျောက်သွားတာတွေ၊ ပျက်ပြယ်သွားတဲ့ ငယ်အိပ်
မက်တွေ၊ အများကြီး ကြုံဖူးကြမှာပါ။
ဒီလိုအဖြစ်မျိုးတွေကို စဉ်းစားပြီး စိတ်ပျက် အားလျှော့လိုက်လို့ မဖြစ်ပါဘူး။ ဒီနေရာမှာ ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ဂျော့ဘားနဒ်ရှောရဲ့အတွေ့အကြုံကို နှလုံးသွင်းစေချင်ပါတယ်။
ရှောက အခုလို ပြောဖူးတယ်။ ''ကျုပ်ငယ်ငယ်က ဆယ်ခု လုပ်ရင်၊ ကိုးခုလောက်က
မအောင်မြင်တာ များတယ်။ ဒါပေမဲ့ ကျုပ်က အရှုံးသမားမဖြစ်ချင်တော့ အလုပ်ကို
ဆယ်ဆတိုး လုပ်ရတာပေါ့''
The 7 Habits of Highly Effective Teens စာအုပ်ကို ရေးတဲ့ ရှောင်ကိုဗေး-ကတော့
ပန်းတိုင်ကို ရှေးရှု သွားရာမှာ အရေးကြီးတဲ့ သော့ချက် (KEY)တွေ ရှိသတဲ့။
အခု ဒီသော့ချက်တွေကို ဆက်ပြောပါမယ်။ 
  
----- * ----- *----- * ----- * ----- * -----
သော့ချက် (၁) တက်ကြွပါ။ ကြွတက်တာ မဖြစ်စေနဲ့။
လူငယ်တွေမှာ မိုးကုပ်စက်ဝိုင်းလောက် ကျယ်တဲ့ ပန်းတိုင်ကြီးတွေ ရှိတတ်ပါတယ်။
ကောင်းပါတယ်။ ဒီမျှော်လင့်ချက် မိုးကုပ်စက်ဝိုင်းအတွက် ရနိုင်မယ့် ဆုလာဘ်နဲ့ ပေးရမယ့်
တန်ဖိုးကိုတော့ ချိန်ဆရပါလိမ့်မယ်။ ဒါကို တွက်ဆပြီးမှ စွန့်ရဲရင် လုပ်၊ မစွန့်ရဲရင် မလုပ်နဲ့၊
ဒါက ပိုသဘာဝကျမယ်ထင်တယ်။
ဥပမာ- အများအတွက် အနစ်နာခံသူ၊ ကိုယ်ကျိုးစွန့်လွှတ်သူ၊ အာဇာနည်သူရဲကောင်းဆိုတာ
တကယ့်မြင့်မြတ်သူတွေပါ။ အားကျသင့်ပါတယ်။ ဒါပေမဲ့ လိုအပ်ရင် အသက်တောင် စွန့်ရ
တယ်ဆိုတာကိုတော့ အလေးထား တွက်ဆရပါလိမ့်မယ်။ ဦးပုညရဲ့တေးထပ်တပုဒ် ရှိပါရော့
လား။ စိပ်ပုတီးကြီးနဲ့ ရိပ်ကြီးခိုတော့မယ်ဆိုပြီး ဆုံးဖြတ်ချက်နဲ့ လာတဲ့သူ တယောက်၊
တောစပ်လည်းရောက်ရော သူ့မိန်းမ သတိရတာနဲ့ ခုလို 'ဟဲ'လိုက်တယ်ဆိုပဲ ''မောင်ကြီးကို
တစ္ဆေကိုက်လိမ့်မယ်၊ ကွယ် … မင်းလိုက်ခဲ့ဦး…''။
ကိုယ်လုပ်နိုင်သလောက် အတိုင်းအတာနဲ့ မာန်သွင်းတာ ''တက်ကြွမှုပါ''၊ အလွန်ကောင်း
ပါတယ်။ မလုပ်နိုင်ပဲနဲ့ လေထတာ၊ မာန်သွင်းတာကတော့ တက်ကြွတာမဟုတ်ဘူး။
ကြွတက်တာပါ။ ကောင်းမယ် မထင်ဘူး။

......*.......*.......*........*.......*.....

သော့ချက် (၂) ရွေးချယ်သူဖြစ်ပါစေ၊ အရွေးချယ်ခံ မဖြစ်ပါစေနဲ့။
'တင်မီ'ဆိုတဲ့ ကလေးမတယောက်ရဲ့အတွေ့အကြုံပါ။ သူနဲ့ လက်ထပ်မယ့်ယောက်ျားမှာ
ဘယ်လို အရည်အချင်းတွေ ရှိသင့်တယ်ဆိုတာ 'တင်မီ'က စာရင်းလုပ်ထားတယ်တဲ့။
ဒါမျိုးတွေ ဖြစ်မှာပေါ့။ လေးစာမှု၊ မေတ္တာစစ်၊ ရိုးဖြောင့်မှု၊ သစ္စာရှိမှု၊ တော်တည့်မှန်ကန်၊
ဟာသဓာတ်ခံ၊ လုံခြုံစိတ်ချမှုပေး၊ ဖခင်ကောင်း၊ နားထောင်နိုင်သူ၊ ဘဝရပ်တည်မှုအတွက်
အာမခံချက်ရှိ … စတာမျိုးတွေ ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့'တင်မီ'ရဲ့ ရည်းစား 'ခရစ်'မှာ ဒီအရည်အချင်းတွေ တခုမှ မရှိလေဘူး။ 'တင်မီ'က
သူ့စိတ်သူ ဖြေပါတယ်။ "ဘယ်တတ်နိုင်မလဲ ငါနဲ့ ဖူးစာမှန်လို့ ဆုံစည်းကြရတာ။ ဘုရားသခင်
အလိုတော်တိုင်းပေါ့ "။ 'တင်မီ' မှာ ကိုယ်ပိုင် မစ်ရှင်(Mission) ဖော်ပြချက်တော့ ရှိပါရဲ့။
ဒါပေမဲ့ ကိုယ့်မစ်ရှင်ကို ကိုယ်တိုင် မရွေးချယ်နိုင်ဘူး။ သူက ရွေးချယ်သူ နေရာမှာ မနေပဲ
အရွေးချယ်ခံ ဘဝကို ကျေနပ်နေတာကလား။ ဒီကလေးမ အိမ်ထောင်ရေး ကံ
မကောင်းမှာ သေချာတယ်။

.....*.........*.........*.........*.........*.....

သော့ချက် (၃) ဖြစ်အောင်လုပ်၊ ဆင်ခြေမပေးနဲ့။
ရွေးချယ်ပြီးပြီ ဆုံးဖြတ်ပြီးပြီဆိုတာနဲ့ ဆင်ခြေပေးလို့ မရတော့ဘူး။ စမ်းကြည့်ဦးမယ် လုပ်လို့
မဖြစ်တော့ဘူး။ မဖြစ်ဖြစ်အောင် လုပ်ဖို့ပဲရှိတော့တယ်။ မြန်မာရာဇဝင်မှာ ဘုရင့်နောင်ရဲ့
နောင်ရိုးတိုက်ပွဲ ကြားဖူးမှာပေါ့။ ဖောင်တွေ လှေတွေ အကုန်မီးရှို့ပစ်တော့ ဆုတ်လမ်းမရှိ
တော့ဘူး။ သေ-မြေကြီး၊ ရှင်-ရွှေထီး စိတ်ဓာတ်နဲ့ အနိုင်တိုက်တော့တယ်။
ကမ္ဘာ့ သမိုင်းမှာလည်း ဒါမျိုးတွေရှိပါတယ်။ ကျူးဘားကနေ မက္ကစီကိုကို သင်္ဘော ၁၁.စီးနဲ့
ချီတက်တိုက်ခိုက်တဲ့ 'ကော်တီ' ဆိုတဲ့ ရေကြောင်းဗိုလ်ချုပ်ဟာ မက္ကစီကို ကမ်းခြေလည်း
ရောက်ရော သင်္ဘောအားလုံး မီးရှို့ပစ်ခဲ့ဖူးတယ်။
ဂျာမန်ကဗျာဆရာကြီး 'ဂိုသီ'ရဲ့ ဟောဒီကဗျာလေးကို ဖတ်ကြည့်လိုက်ပါ။-
အိပ်မက်ရှိရင် အကောင်အထည်ဖော်- ဆုံးဖြတ်ပြီးရင် စ,လုပ်-
ရဲရင့်မှုထဲမှာ ပါရမီရှိ၊ စွမ်းအားလည်းရှိ၊ ပဉ္စလက်တန်ခိုးလည်း ရှိလေရဲ့
စတားဝါး ရုပ်ရှင်ထဲက ဂျေဒိုင်သခင်ယိုဒါ ပြောတဲ့ စကားကိုလည်း အစဖော်လိုက်ပါဦးမယ်။
'လုပ်မယ်ဆိုလုပ်၊ မလုပ်ဘူးဆိုမလုပ်နဲ့၊ စမ်းကြည့်ဦးမယ်ဆိုတာ မရှိဘူး' ။
ဘဝမှာ 'ရီဟာဆယ်' မရှိဘူးလို့ သတိပေးချင်တာ ဖြစ်ပါလိမ့်မယ်။

......*........*........*........*........*......

သော့ချက် (၄) အလှည့်အပြောင်းကို အသုံးချ၊ မကြောက်နဲ့၊ မရှောင်နဲ့။
လူတယောက်ရဲ့ ဘဝဖြတ်သန်းချိန်မှာ အလှည့်အပြောင်းကာလတွေ ရှိတတ်ပါတယ်။
အကောင်းရော အဆိုးရောပေါ့။ ဥပမာ ဒါမျိုးတွေ။ စာသင်နှစ်အစ သို့မဟုတ် စာသင်နှစ်
အဆုံး- စာမေးပွဲအောင်ခါစ သို့မဟုတ် စာမေးပွဲကျခါစ- ရည်းစားရခါစ သို့မဟုတ်
ရည်းစားနဲ့ ကွဲခါစ- အိမ်ထောင်ကျခါစ သို့မဟုတ် အိမ်ထောင်ဘက်နဲ့ ကွာကွာရခိုက်-
မွေးဖွားခြင်းနဲ့ ကြုံရခိုက် သို့မဟုတ် သေဆုံးခြင်းနဲ့ ကြုံရခိုက်- ရာထူးတိုးခါစ သို့မဟုတ်
ရာထူးကျခါစ- ချမ်းသာချိန် သို့မဟုတ် ဆင်းရဲချိန်
အောင်မြင်မှုကို မသာယာဖို့ လိုသလို ဆုံးရှုံးမှုမှာလည်း စိတ်ပျက် ချောက်ချားနေလို့
မဖြစ်ပါဘူး။ ကြုံလာတဲ့ အပြောင်းအလဲတိုင်းကို ဘဝခရီးအတွက် တွန်းအားအဖြစ်
သဘောယူနိုင်ကြဖို့ပါ။

.......*.......*.......*.......*.......*.......

သော့ချက် (၅) အပြန်အလှန် အမှီသဟဲပြု၊ တကိုယ်တော် သူရဲကောင်းမလုပ်နဲ့။
တောင်မြင့်မြင့်ကြီးတွေကို တက်ကြတဲ့အခါ တောင်တက်အဖွဲ့ဝင်တွေဟာ တယောက်ခါးကို
တယောက် ကြိုးချည် ဆက်ထားရပါတယ်။ ဒါမှ တယောက်ယောက် ခြေချော်လက်ချော်
ဖြစ်ခဲ့ရင် ကယ်နိုင်မှာကိုး။ ဒီလိုပါပဲ။ ဘဝရဲ့တချို့သော ပန်းတိုင်တွေဟာ တောင်ထိပ်တွေလို
မြင့်မားတတ်တာမို့ တကိုယ်တော် သူရဲကောင်းစိတ်နဲ့ ချွန်လုပ်လို့ မရပါဘူး။ တယောက်နဲ့
တယောက် အပြန်အလှန် အမှီသဟဲပြုပြီး ဝိုင်းဝန်းကြိုးစားရပါတယ်။
.
သင့်ရဲ့ပန်းတိုင်ကို သွားရာမှာ အရေးကြီးတဲ့ သော့ချက်တွေကို ဖော်ပြပြီးပါပြီ။
ဒီသော့ချက်တွေကို အသုံးပြုပြီး မိမိဘဝရဲ့ပန်းတိုင်များသို့ အရောက်လှမ်းနိုင်တဲ့
သူတွေ ဖြစ်ကြပါစေ။

( The 7 Habits of Highly Effective Teens by Sean Covey ကို
ကျော်ဝင်း ဘာသာပြန်သော နှစ်ဆယ့်တစ် ရာစု သားရွှေဥ စာအုပ်မှ ထုတ်နှုတ်သည်။)

credit-your life success
(စု- တိုးတိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...