သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, January 18, 2014

PostHeaderIcon ရှက်တတ်ရင် ကိုယ့်ကိုကိုယ် အရေးယူ



 ရှက်တတ်ရင် ကိုယ့်ကိုကိုယ် အရေးယူ
*****************************
ရန်ကုန်မှာ သံဃမဟာနာယကအဖွဲ့က အမိန့်ကြေညာစာတွေ ထုတ်ထားတယ်ဗျာ၊ အခု

မန္တလေးကိုလဲ မနေ့က အမိန့်ကြေညာစာပို့လိုက်တယ်။ အဲဒါ ကျောင်းတိုင်းကျောင်းတိုင်း
နာယကဘုန်းကြီးတွေကို ကပ်ထားတယ်၊ အဲဒီအမိန့်စာမှာ လိုရင်းက ည(၉)နာရီကနေ
မနက် (၄)နာရီအတွင်း အကြောင်းမရှိပဲနဲ့ ကျောင်းဝင်းအပြင်ဘက် မထွက်နဲ့။ ထွက်ရင်
သူတို့ အရေးယူချင်ယူလိမ့်မယ်၊ အဲသလို သူတို့ ကြေညာချက် ပို့တယ်။ သူများ အရေး
ယူမခံရအောင် မင်းတို့ ကိုယ့်ဟာကို အရေးယူတာ အကောင်းဆုံး အသက်သာဆုံးပဲ။

လယ်တီပဏ္ဍိတ ဦးမောင်ကြီးဆိုတာ မင်းတို့ ကြားဖူးကောင်း ကြားဖူးလိမ့်မယ်၊ လယ်တီ

ပဏ္ဍိတဦးမောင်ကြီးက ဘုန်းကြီးဘဝက လူထွက်ပြီးတော့ မဂ္ဂဇင်းအယ်ဒီတာ သတင်းစာ
အယ်ဒီတာတွေ လုပ်တယ်။ အယ်ဒီတာလုပ်တော့ တချို့ဧည့်ခံပွဲတွေက သူ့ကို ဖိတ်တယ်။
သူ ဧည့်ခံပွဲတခု သွားတက်ရတယ်၊ အဲဒီဧည့်ခံပွဲမှာက နိုင်ငံခြားသံတမန်တွေလဲ တက်ကြတယ်။

သူက ပညာတော်လွန်းလို့ ရန်ကုန်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင် မဟာဝိဇ္ဖာ(MA)ဘွဲ့ပေး
ထားတာ။ အဲသလို ပေးထားတဲ့ ပုဂ္ဂိုလ်ဆိုတော့ နိုင်ငံခြားသံတမန်တွေက သိပ်လေးစား
ကြတယ်၊ သူက ဆေးလိပ်သိပ်ကြိုက်တယ်၊ ဧည့်ခံပွဲတခုမှာ စားသောက်ပြီးတော့ ဆေး
လိပ်သောက်ချင်တာ၊ သောက်ချင်တော့ ပတ်ဝန်းကျင်ကြည့်လိုက်တယ်တဲ့။ ကြည့်လိုက်
တော့ အုတ်ခုံလေးတခုပေါ်မှာ ဆေးပြင်းလိပ် အတိုလေးချထားတာ တွေ့ရတယ်၊
တွေ့ရတော့ သူက အဲဒီဆေးပြင်းလိပ် အတိုလေးကို ယူပြီး သောက်ချင်တာ၊ ဒါပေမဲ့
ပရိသတ်အလယ်ဆိုတော့ မြင်သွားရင်လဲ ရှက်စရာကောင်းတယ်၊

ဒီတော့ သူက ပရိသတ်အငိုက် ကြည့်နေတယ် ဆိုပါစို့၊ အငိုက်ကြည့်ပြီးတော့ ပရိသတ်

အားလုံးက သူ့ဘက် အာရုံမစိုက်ဘူးလို့ ယူဆရတဲ့အတွက် အဲဒီဆေးပြင်လိပ်တိုလေးကို
သွားယူပြီးတော့ သောက်တယ်၊ အဲဒါကို သံတမန်တယောက်က မြင်တော့ သူ့ကို ကြည့်ပြီး
ပြုံးတယ်တဲ့။ အဲဒီလို ပြုံးတော့ကို ဦးမောင်ကြီးက ငါ ဆေးလိပ်ကြောင့် အရှက်ကွဲတယ်၊
ဒီဆေးလိပ်ကို ငါ ဘယ်တော့မှ မသောက်တော့ဘူး ဆိုပြီးတော့ ဆေးလိပ်ဖြတ်လိုက်
တယ်တဲ့။

အဲဒါ ဆရာဦးမောင်ကြီးက ကိုယ့်ကိုကိုယ် အရေးယူတာခေါ်တယ်။ အဲ သူကတော့ ရှက်

တက်တဲ့ ပုဂ္ဂိုလ်ကိုးကွ။ ရှက်တတ်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ကိုယ့်ကိုကိုယ် အရေးယူလိုက်တယ်။
နိုင်ငံခြားသံတမန်တွေက ငါ့ကို အထင်သေးသွားပြီ ဆိုပြီးတော့ သူ့ကိုသူ အရေးယူတဲ့
အနေနဲ့ အဲဒီအချိန်က စပြီးတော့ ဆေးလိပ်ဖြတ်လိုက်တယ်။ အဲဒါမှတ်ထား၊ မင်းတို့ အရေး
ယူတယ်ဆိုတာ ကိုယ့်ကိုကိုယ် အရေးယူတာ အသက်သာဆုံး။ သူတို့ အရေးယူတာ မခံရ
အောင် မင်းတို့စာသင်သားအားလုံး ယနေ့ကစပြီးတော့ ကိုယ့်ကိုကိုယ် အရေးယူကြ။

(၁၃၆၈-ခု၊နတ္တော်လပြည့်နေ့ သြဝါဒ)

ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မစိုးရိမ်တိုက်သစ်

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...