သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, January 16, 2014

PostHeaderIcon ကြီးပွားတိုးတက်ပြီး ဘဝအရောင် ထွန်းပြောင်နိုင်ရန်


ကြီးပွားတိုးတက်ပြီး ဘဝအရောင် ထွန်းပြောင်နိုင်ရန်
********************************
နိုင်ငံတကာက အဆိုအမိန့်များဆိုသည်ဆိုတာ ကျနော်တို့ မြတ်ဗုဒ္ဓရဲ့မိန့်မှာချက်များနဲ့ ယှဉ်
လျှင် စေ့စပ်သေချာမှု မှန်ကန်တိကျမှုနဲ့ ထိရောက်မှုများမှာ အင်မတန် ကွာခြားလှပါတယ်။
တူညီတဲ့ အချက်အလက်များလည်း ရှိသင့်သလောက် ရှိကြပါတယ်။ ဒါကလည်း သူတို့ဆီ
က ပညာရှင် အများစုဟာ ဗုဒ္ဓရဲ့အဆိုအမိန့်ဖြစ်တဲ့ စာပေကျမ်းဂန်များကို များသောအားဖြင့်
လေ့လာဖတ်ရှုဖူးသူက များပါတယ်။ အိုင်စတိုင်းလ်တို့ တဂိုးလ်တို့ မဟတ္တမဂန္ဓီနဲ့ နေရူး စတဲ့
ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးများစွာက ချီးကျူး ဝန်ခံပြီး ပြောခဲ့ဖူးကြသည်ကို လေ့လာလျှင်
သိနိုင်ပါသည်။

ဗုဒ္ဓရဲ့ဆုံးမချက် လမ်းညွှန်ချက်များစွာထဲမှာ သိပ္ပံပညာရှင်များပင် အံ့အားသင့်စေတဲ့ မိန့်
ဆိုချက်များနဲ့ ရှာဖွေတွေ့ရှိချက်တွေ များစွာပင် ရှိနေပါလျှက် သိပ္ပံပညာနောက်ကိုသာ
အဓိက အားထားနေလို့ မြတ်ဗုဒ္ဓရဲ့တွေ့ရှိသမျှ မိန့်မှာချက်များကို မျက်ကွယ်ပြုသလို ဖြစ်နေ
ကြတာပဲဖြစ်သည်။ သိပ္ပံသမားများက ယခုမှ ရှာဖွေတုန်းမှာ မြတ်ဗုဒ္ဓက လွန်ခဲ့တဲ့ နှစ်ပေါင်း
သုံးထောင်လောက်ထဲ ဒါတွေ ဒီနေရာမှာ ရှိနေတယ်ဆိုတာကို သေချာစွာ ပြောဆိုမိန့်ခဲ့လေ
သည်။ သစ်ပင် တောတောင် ရေ မြေများမှာ ဒါတွေရှိနေတယ်။
ဥပမာ ရေတွင် သိပ္ပံသမားက သုံးမျိုးလောက်ပဲ ရှာတွေ့သေးတာ၊ မြတ်ဗုဒ္ဓက ရှစ်မျိုး
တောင်ရှိတယ်လို့ ပြောခဲ့တာ နှစ်ပေါင်း သုံးထောင်နီးလာပါပြီ။ 
ကျန်းမာရေးသိပ္ပံများက ခွဲခြမ်းရှာနေတုန်း အချိန်မှာ မြတ်ဗုဒ္ဓက လူ့ခန္ဓာကိုယ်မှာ ကဏ္ဍကြီး
သုံးဆဲ့နှစ်မျိုး ခွဲစိပ်ပြတဲ့ အပြင် အကြောဘယ်လောက် အရိုးဘယ်လောက် ရှိတယ်ဆိုတာ
ကို လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်ထဲက ပြောခဲ့တာပါ။ သိပ္ပံသမားများပင် အဲဒီအချိန်တုန်း
ဒီလို မြင်နိုင် တွေ့နိုင်တဲ့သူ ရှိဖူးလို့လားဟုပင် အံ့သြခဲ့ကြရတဲ့ အကြောင်းကို ပါချုပ် ဆရာ
တော်ကြီးက သူ့ကို မေးမြန်းကြတဲ့ အနောက်တိုင်းပညာရှင်များရဲ့အံ့သြမှုကို ပြန်လည်
မျှဝေခဲ့ဖူးပါတယ်။

ဒီလို ထူးခြားတဲ့ မြတ်ဗုဒ္ဓရဲ့လမ်းညွှန်မှုများကို ရှိနေလျှက်နဲ့ လက်တွေ့ အသုံးမချနိုင်ကြသေး
တာပါ။ ဒီလိုနဲ့ပဲ ဘဝတွေက လုံးပါးပါးကုန်ကြတာ မနည်းတော့ပါဘူးလေ။
အားလုံးကတော့ အတူတူနဲ့ အနူနူပဲလို့ပင် ပြောရမလားပင်။

ထားပါတော့။ မြတ်ဗုဒ္ဓက သင်္ဂဟတရား(သူတပါးအား ချီးမြှောက်ခြင်း) သမ္ပဒါ(ပြည့်စုံခြင်း)
ဆိုပြီး မိန့်ကြားခဲ့ပါသေးသည်။ ချီးမြှောက်ခြင်းနဲ့ ပြည့်စုံခြင်းတရားများလို့ ပြောရမည်။
ဒီတရားများကို လက်ကိုင်ထားပြီး ကျင့်သုံးနေထိုင် ဆောင်ရွက်သွားမည်ဆိုလျှင်လည်း
မိသားစုမှအစ လူမှုအသိုင်းအဝိုင်းနဲ့ အဖွဲ့အစည်းများကြားတွင် ပေါင်းသင်းဆက်ဆံရေးနဲ့
တိုးတက်ရေးကြီးပွားရေး မှန်သမျှတို့အတွက်၎င်း၊ မိမိတဦး တည်းအတွက်လည်း လူမှုဆက်
ဆံရေး၊ စီးပွားဥစ္စာ ဖြစ်ထွန်းရေး၊ အတူတကွ နားလည်မှုများနဲ့ အေးချမ်းသာယာစွာ
လက်တွဲနေထိုင်သွားနိုင်ရေး စသည်တို့တွင်ပါ အလွန်တရာမှ အဖိုးတန်လှသော
တရားများပင်ဖြစ်သည်။

မြတ်ဗုဒ္ဓ မိန့်မှာခဲ့သော ၎င်းတရားနှစ်မျိုးတွင် သမ္ပဒါလေးပါးမှာ အကျဉ်းအားဖြင့်...
၁။ ဥဋ္ဌာနသမ္ပဒါ- မည်သည့်အလုပ်မဆို လုပ်ငန်းလုပ်ရာတွင် မိမိလုပ်တဲ့ လုပ်ငန်းတွင် ကျွမ်း
ကျင်နားလည်မှု၊ မည်သို့မည်ပုံ တိုးတက်အောင် လုပ်ကိုင်ရမည်ကို သိရှိနေမှု၊ အောက်လက်
ငယ်သားများကို စီမံညွှန်ပြနိုင်မှုစတဲ့ ထကြွမှု လုံ့လ ဝီရိယရှိရမည်။

၂။ အာရက္ခသမ္ပဒါ- မိမိ ကြိုးစားရှာ၍ ရရှိလာသော ပစ္စည်းများကို ခိုးဆိုး တိုက်ခိုက် လု
ယက် ပျောက်ပျက်မှုစတဲ့ ရန်သူမျိုးငါးမှ ကင်းဝေးနိုင်အောင်၊ သားဆိုး သမီးဆိုး အမွေခံ
ဆိုးတို့ရဲ့ဖျက်ဆီးဖြုန်းတီးမှုများ မဖြစ်ရလေအောင် လုံခြုံ စိတ်ချစွာဖြင့် ထိန်းသိမ်းစောင့်
ရှောက်ထားနိုင်ရမည်။ အမြဲ တိုးပွားနေအောင် စုဆောင်းနိုင်ရမည်။ အကျိုးအမြတ် မရှိ၊
အဓိပ္ပာယ်မရှိတဲ့ ငွေထွက်ပေါက်များကိုလည်း ပိတ်ဆို့တားမြစ်နိုင်ရမည်။
“စီးတဲ့ရေ ဆယ်တဲ့ ကန်သင်း”ဆိုသလို စေ့စပ်သေချာပြီး အသုံးနဲ့အဖြုန်းကို နားလည်စွာနဲ့
မျှတအောင် ခွဲခြားဝေဘန်တတ်တဲ့ သုံးစွဲမှုဆိုတာ ရှိမှသာ ဥစ္စာပစ္စည်းက တိုးပွားနေမည်
ဖြစ်သည်။

၃။ ကလျာဏမိတ္တ သမ္ပဒါ- စီးပွားရှာဖွေရာ၌ ကြီးပွားရာ ကြီးပွားကြောင်း အကြံကောင်း
ဉာဏ်ကောင်းများ ပေးနိုင်မယ့် မိတ်ဆွေကောင်းလည်း လိုအပ်ပေသည်။ လောကရေးရာ
ဓမ္မရေးရာများတွင် နည်းမှန် လမ်းမှန်ကို ညွှန်ပြနိုင်တဲ့၊ ကိုယ်စိတ်ချမ်းသာမှုကို ရစေနိုင်ရန်
ညွှန်ပြနိုင်မယ့် မိတ်ဆွေကောင်းလည်း ရှိနေရပါမည်။ ရှေ့မှာတမျိုး ကွယ်ရာတမျိုး ပြော
တတ်တဲ့ မိတ်ဆွေမျိုး၊ သစ္စာမရှိပဲ လုပ်ငန်းကို ဖျက်ဆီးမယ့် မိတ်ဆွေမျိုးကို ရှောင်ကြဉ်၍
အလုပ်အကိုင်နဲ့ အတွေးအခေါ် နည်းလမ်းများ မှားနေလျှင် ကြီးပွားတိုးတက်စေမယ့် အမှန်
တရားနဲ့ မှန်ကန်တဲ့ လမ်းကြောင်းကို ညွှန်ပြပေးနိုင်မယ့် မိတ်ဆွေကောင်း ရှိဖို့လိုပါသည်။
ပေးကမ်း ချီးမြှင့်၊ ကိုယ်နှင့် ယှဉ်ထား၊ စီးပွား ဆောင်ရွက်၊ နှုတ်မြွတ် ချိုသာ၊ သစ္စာ မှန်စေ၊
ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ ဆိုတဲ့ မိတ်ဆွေအင်္ဂါနဲ့ ညီညွတ် တဲ့ မိတ်ဆွေမျိုး
ရှိနေပါမှ ကြီးပွားတိုးတက်မည်ဖြစ်သည်။

၎။ သမဇီဝိတ သမ္ပဒါ- ဝင်ငွေနဲ့ ထွက်ငွေ၊ ကုန်သင့်တာနဲ့ ဖြုန်းပစ်တာကို ခွဲခြား သိမြင်ပြီး
မကုန်သင့်တာကို မကုန်ရလေအောင် ခွဲခြားပြီး သင့်တင့်မျှတစွာနဲ့ သုံးစွဲပြီး အသက်မွေး
ရမည်ဖြစ်သည်။ စတုဓာ ဝိဘဇေ၊ ဘောဂေ ပဏ္ဍိတော ဃရမာဝသံ။ ဧကေန ဘောဂံ
ဘုေဥၨယ်၊ ဒီြဟိ ကမၼံ ပေယာဇေယ်၊ စတုတၳဥၥ နိဓာေပယ်၊ အာပဓာသု ဘဝိႆတိ…ဆုိၿပီး
မိန့်မှာထားတာ ရှိ၍ တနေ့တာ မိမိရှာဖွေ၍ ရလာတဲ့ ဝင်ငွေထဲမှ တပုံကို စား၊ နှစ်ပုံကို အရင်း
အနှီးပြန် လုပ်၊ နှစ်ပုံကိုတော့ အခွန်အကောက်တွေ ဆက်ကြေးတွေ အတွက်ပါ စဉ်းစားကာ
စုဆောင်းမိအောင်၊ တိုးပွားလာအောင် သိမ်းဆည်းထားရမည်လို့ မြတ်ဗုဒ္ဓက
မိန့်မှာခဲ့ပါတယ်။ 
-
ကုသိုလ်အတွက်ကိုတော့ ရှေ့နေဆရာကြီးအဌကထာက မိမိ စားသုံးတဲ့ အထဲမှ ပိုလျှံတာကို
တတ်စွမ်းသမျှ ပေးကမ်းလှူဒါန်းပါတဲ့။  ဝင်ငွေထွက်ငွေ မျှတအောင် အသက်မွေးမြူပါပေါ့
ဗျာ။ 
မိမိရတဲ့ ဝင်ငွေထက် ပိုပြီး သုံးစွဲနေမိရင်တော့ ဘဝက တိုးတက်မလာတဲ့အပြင် ဘယ်လိုမှ
နလံထူနိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီလို တနေ့တာ ဝင်ငွေကို ချန်ပြီး ကိုယ့် အိပ်ထဲမှာ
ကျန်ရှိနေအောင် စုဖြစ်အောင် သိမ်းဆည်းပြီး သုံးစွဲမယ်ဆိုရင် မကြာခင် သေချာပေါက်
ကြီးပွားဖို့ မခဲယဉ်းတော့ပါဘူး။
ဆရာဖေမြင့်ရဲ့ဘေဘီလုံက သူဌေးကြီး ပြောသလို ကိုယ်ရှာသမျှငွေဟာ မိမိ အိပ်ကပ်ထဲ
တစိတ်တပိုင်း စုဆောင်းထားမိပါမှ ကိုယ်ပိုင်ငွေ ကိုယ်ပိုင်ဥစ္စာ ဖြစ်နေပါလိမ့်မည်။ မလိုအပ်ပဲ
သုံးစွဲဖြုန်းပစ် လိုက်ရင်တော့ ကိုယ်ရှာထားပေမယ့်လည်း ကိုယ်ပိုင်ငွေ မဟုတ်တော့ဘူးပေါ့။
သူများအတွက် ဖြစ်သွားမှာမို့ သူကြွယ် စိတ်ဓာတ်ဖြစ်နေဖို့ ကိန်းနေအောင် ကြိုးစားဖို့ လိုတာ
ပေါ့ဗျာ။ ဒါက ပြည့်စုံခြင်းဆိုတဲ့ သမ္ပဒါလေးမျိုး အကျဉ်းပဲဖြစ်ပါတယ်။

သူတပါးတို့အား ပေးကမ်းချီးမြှောက်ခြင်း သင်္ဂဟတရားလေးပါး ဆိုတာကတော့…
၁။ မိမိရဲ့သားသမီး ဇနီးမယားကို အဝတ်အစား၊ မုန့်ဖိုးစသည် သင့်တော်မည့်အရာများကို
ဝယ်ပေးသင့်တဲ့ အချိန်မှာ ဝယ်ခြမ်းပေးရခြင်း၊ ဇနီးမယား သမီးသားများကို ပစ်မထားရဘူး။
အသိအမှတ်ပြုတဲ့အနေနဲ့ ပေးကမ်း ချီးမြှောက်ခြင်းပါပဲ။ လက်အောက်ငယ်သားများ၊ အလုပ်
သမားများ၊ သွားရင်းလာရင်း ချို့တဲ့သူများကို တွေ့မြင်ရင် နိုင်သမျှ ပေးကမ်းစွန့်ကြဲခြင်း၊
အမှုထမ်း ဝန်ထမ်းများကို လုံလောက်မယ့် လစာများကို ပေးကမ်းထောက်ပံ့ခြင်း၊
အခါအားလျော်စွာ အထိမ်းအမှတ်အဖြစ် လက်ဆောင်ပစ္စည်းများ ပေးကမ်းခြင်းဖြင့်
ချီးမြှောက်ရခြင်း၊ သာရေးနာရေးတို့တွင်လည်း ကူညီလှူဒါန်းခြင်းဆိုတဲ့ ချီးမြှောက်မှု-
ဒါန။

၂။ မိမိ မိသားစုတွင်၎င်း၊ အပေါင်းအသင်းများနဲ့ လူမှုဆက်ဆံရေးတွင်၎င်း၊ စီးပွားရေး အုပ်

ချုပ်ရေး စီမံခန့်ခွဲရေးစတဲ့ နေရာတို့တွင်၎င်း၊ သွားလာ လုပ်ကိုင် ပေါင်းသင်းဆက်ဆံ ပြော
ဆိုရာ၊ စေခိုင်းရာတို့၌ တဘက်သား နားချမ်းသာ စိတ်ချမ်းသာစေမယ့် သာယာနာပျော်ဖွယ်
ဖြစ်သော အကို အမ ညီမ ဦးကြီး ဦးလေး ဘကြီး အဖိုး ညီငယ် ညီမ-စတဲ့ နေရာဒေသနဲ့
လိုက်လျောညီစွာ အလိုက်အထိုက် သုံးနှုန်းပြီး ချစ်ဖွယ်စကားကို ပြောဆိုခြင်း၊ အားပေးခြင်း၊
နှစ်သိမ့်ခြင်း စသည်တို့ဖြင့် ချီးမြှောက်ခြင်းဆိုတဲ့- ပေယျဝစ္စ။

၃။ သူတပါးတွင် ကိစ္စကြီးငယ်များ၊ အကြောင်းကိစ္စများပေါ်လာပါက အားပေးစကား

နှစ်သိမ့်စကား ပြောပေးရုံ၊ ပစ္စည်းများဖြင့် ကူညီထောက်ပံ့ပေးရုံမျှဖြင့် မဟုတ်တော့ပဲ
တဖက်သား၏ အခက်အခဲများကို တတ်နိုင်ပါက ကိုယ်တိုင် ကူညီဖြေရှင်းပေးခြင်း၊
တဘက်သား ကိုယ်စား လုပ်ကိုင်ဆောင်ရွက်ပေးခြင်းစတဲ့ သူ့အကျိုး ပြီးမြောက်အောင်
ဆောင်ရွက်ပေးခြင်း၊ အတူတကွ ကိစ္စပြီးအောင် ဆောင်ရွက်ပေးခြင်းဖြင့်  ချီးမြှောက်ခြင်း
ဆိုတဲ့- အတ္ထစရိယာ။

၎။ မိမိရဲ့ဆွေမျိုးသားချင်းများနှင့်ဖြစ်စေ၊ အသိမိတ်ဆွေများနှင့် ဖြစ်စေ၊ စားသောက်

ရာ နေထိုင် ပြောဆိုရာ အပြုအမူနဲ့ ဆက်ဆံရာတို့တွင် ဆင်းရဲ၍၎င်း၊ ချမ်းသာ၍၎င်း
ဂုဏ်ရှိဂုဏ်မဲ့ စသည်ဖြင့် ခွဲခြားဆက်ဆံတာမျိုး မဖြစ်သင့်ပဲ။ ကိုယ်နှင့်ထပ်တူ တန်းတူ
ညီတူထားပြီး နေထိုင် စားသောက် ပြောဆိုမှုများကို ပြုလုပ် ဆက်ဆံခြင်းအားဖြင့်
ချီးမြှောက်ခြင်းဆိုတဲ့- သမာနတ္ထတာ တို့ပင် ဖြစ်သည်

ဒီတရားများကို လက်ကိုင်ပြုပြီး ကျင့်သုံးနေထိုင်သွားကြမည်ဆိုရင် မိသားစုအတွင်းမှာပဲ
ဖြစ်ဖြစ်၊ ပေါင်းဆက်ဆံရတဲ့ လူမှုရေး လုပ်ငန်းများပဲဖြစ်ဖြစ် အတော်လေးကို အဆင်ပြေ
ချောမွေ့ပြီး မိမိရဲ့လုပ်ငန်းများ အောင်မြင် ပြီးမြောက်နိုင်သလို မိတ်ဆွေအပေါင်းအသင်း
များလည်း တိုးပွားလာမည်ကတော့ မလွဲဧကန်ပဲဖြစ်တယ်။ မြတ်ဗုဒ္ဓ လမ်းညွန်ချက်များကို
အပြည့်အဝမဟုတ်တောင်မှ တတ်နိုင်သမျှ ကျင့်သုံးမိတဲ့အတွက် မိမိကိုယ်တိုင် သွားလာရာ
နေရာတိုင်းတွင် အဆင်ပြေချောမွေ့မှုများစွာနဲ့ ကြုံခဲ့ရပါသည်။ သွားလေရာ နေရာတိုင်းတွင်
လည်း ကလေးကအစ လူချစ်လူခင်လည်း ပေါများလှပါသည်။ ကိစ္စဖြင့် တခါသွားဖူးတဲ့
နေရာတခုကို နောင်လေးငါးနှစ်ကြာမှ ပြန်သွားရင်တောင် လှိုက်လှဲဖော်ရွေမှု များစွာနဲ့
ကြိုဆိုမှုကို ခံစားနေရတုန်းပင်ဖြစ်သည်။
-
မိမိက အမြဲတမ်း တပါးသူအတွက် အနစ်နာခံလိုစိတ် ကူညီချင်စိတ်က များနေလို့လား မသိ၊
ကူညီ ရိုင်းပင်းမှုများအတွက် ငွေကုန်ကြေးကျတော့ များပါသည်။ ဒါပေမယ့်လည်း မိမိ
အကျိုးစီးပွား ထိခိုက်သွားနိုင်လောက်တဲ့ အထိတော့ အနစ်နာခံသည်တော့ မဟုတ်ပါ။ တဖက်သား ကျေနပ်နေလျှင် ပျော်ရွှင်နေတတ်တဲ့ အကျင့်က ငယ်စဉ်ထဲက ပါလာလေ
ရော့သလား မသိ၊ အဲဒီလို ကူညီလိုက်ရတာကိုပဲ အမြဲ ဝမ်းမြောက် ကြည်နူးနေမိတတ်တာ
အကျင့်လို ဖြစ်နေသည်။
ဒါပေမယ့် ‘အားနာတတ်စွာ၊ အရာရာ၊ မကြာ ပျက်စီးကြောင်း”ဆိုတဲ့ ရှင်မဟာသီလဝံသ
ဆရာတော်ရဲ့ဆုံးမချက်ကလည်း နားထဲမှာ စွဲနေတာမို့ မိမိ စီးပွားကို ထိခိုက်အောင်တော့
မလုပ်ဖြစ်တာပါ။ အားနာလို့ ဆုံးရှုံးမှုများလည်း ကြုံခဲ့ဖူးတာ မနည်းပေ။ ဒါပေမယ့်လည်း
စိတ်ထဲ မထားပဲ ရှင်းအောင် ကျင့်သုံးနိုင်ခဲ့ပါသည်။
-
ဒီတော့ မြတ်ဗုဒ္ဓရဲ့လမ်းညွှန်မှုများကို အမှန်တကယ်သာ လက်တွေ့ ကျင့်သုံးနိုင်မည်ဆိုလျှင်
အင်မတန်မှ ကျေနပ်စရာကောင်းတဲ့ အကျိုးရလာဒ်များကို ခံစားရမည်သာဖြစ်သည်။ မိမိ
တို့ရဲ့စိတ်နေစိတ်ထား အပြုအမူများကလည်း သိသာစွာပဲ ပြောင်းလဲပြီး နူးညံ့သိမ်မွေ့လာ
မည်သာဖြစ်သည်။ အဲဒီက တဆင့် ကြီးပွားတိုးတက်များကလည်း ထပ် ချပ်မကွာ လိုက်ပါလာ
မည်ဖြစ်သည်။ စိတ်ကြည်လင် ဖြူစင်နေလျှင် လုပ်တဲ့အလုပ်များကလည်း ထိရောက် အောင်
မြင်နိုင်တယ်ဆိုတာ လက်တွေ့ လုပ်ကြည့်သူများ သိပါလိမ့်မည်။

စိတ်ရှုတ်နေတဲ့အခါမှာတော့ ဘယ်အလုပ်မှ ဖြောင့်တန်းအောင် လုပ်လို့ မဖြစ်သလို အမှား အယွင်းတွေပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်ဆုံး စိတ်ရှုတ်နေတုန်း ထမင်းချက်ရင်တောင်
အဟပ်မတည့်ပဲ မနူးမနပ် ဖြစ်သွားနိုင်တာပါ။
-
ပွင့်တော်မူပြီး ဖြစ်ကြတဲ့ မြတ်ဗုဒ္ဓအားလုံးရဲ့ “မကောင်းမှုရှောင်၊ ကောင်းမှု ဆောင်၊
ဖြူအောင် စိတ်ကိုထား’’ဆိုတဲ့ အကျဉ်းချုပ် ဆုံးမမှုတွင်လည်း အဓိက အကျဆုံးက
ဖြူအောင် စိတ်ကိုထား ဆိုတာပါပဲ။ ပိဋကတ်တွေ ဓမ္မက္ခန္ဓာတွေ အားလုံးပေါင်းလိုက်ရင်
အကျဉ်းချုပ်အားဖြင့် ဒီသုံးချက်ပဲ အဖြေထွက်လာတယ် ဆိုတာ လူတိုင်းသိပါတယ်။

ဒီသုံးချက်ထဲမှာ စိတ်ကို ဖြူစင်အောင်ထားဖို့က အဓိပဲဖြစ်ပါတယ်။ မိမိစိတ်ကသာ
သန့်ရှင်းဖြူစင်နေမယ်ဆိုရင် ကျန်တာတွေက အလိုလို ပြည့်စုံသွားမှာပဲဖြစ်တယ်။
ဗုဒ္ဓသာသနာမှာလဲ အဓိက အဆုံးအမနဲ့ ဒုက္ခအားလုံး ငြိမ်းချမ်းဖို့ရာကို ရောက်နိုင်
ဖို့ရာမှာလည်း ဒီစိတ်ကပဲ အဓိက ဖြစ်နေပြန်ပါတယ်။ ဒါကို ဘာဝနာလို့ ပါဠိတော်
များမှာ သုံးနှုန်းပါတယ်။ ဘာဝနာလုပ်ငန်းဆိုတာဟာ စိတ်ရဲ့အလုပ်ပဲဖြစ်ပါတယ်။
စိတ်က ဖြူစင်သန့ှ်ရှင်းနေပြီး တည်ငြိမ်နေမယ်၊ လောကရဲ့အမှန်တရားများကို ကြည့်
ရှု မှတ်သားနေမယ်၊ သတိမလပ် ပွားများဆင်ခြင်နေရင်း အဖြစ်အပျက် အားလုံးရဲ့
အမှန်တရားများကို မြင်အောင် ရှုကြည့်နိုင်မယ်ဆိုရင် အေးငြိမ်းရာဖြစ်တဲ့ လမ်းဆုံးကို
ဧကန် ရရှိနိုင်ပါပဲဖြစ်သည်။

အဓိက မိန်းဖြစ်တဲ့ စိတ်ကို ဖြူစင်အောင်၊ သန့်ရှင်း ကြည်လင်နေအောင်၊ မကောင်းတာ
မှန်သမျှ သူတပါးအကျိုး ထိခိုက်ပျက်စီးစေတာ မှန်သမျှ မလုပ်မိအောင် ထားနိုင်ခဲ့ပြီး
အထက်က ဆုံးမလမ်းညွှန်မှုများကို ကျင့်သုံးသွားမည်ဆိုလျှင်တော့ ဖြူစင်သန့်ရှင်း အညစ်
အကြေး ကင်းနေတဲ့ ပိတ်ဖြူစလေး အပေါ်မှာ ဘယ်လို အရောင်ပဲ တင်တင် ဆိုးဆိုး
တောက်ပတဲ့ ကာလာရောင်များပဲ ထွက်ပေါ်လာမည် ဖြစ်သလိုပါပဲ၊

လူတိုင်းရဲ့အနာဂတ်များမှာ တည်ငြိမ်တဲ့ စိတ်ဆန္ဒများ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များနဲ့အတူ
တောက်ပ ထွန်းပြောင်တဲ့ ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ချင်ပါသည်။

 (နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...