သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, January 4, 2014

PostHeaderIcon သင့်ရဲ့တန်ဖိုးဆိုတာ




သင် ပညာ ဘယ်လောက်တတ်နေသလဲဆိုတာ သင့်တန်ဖိုး မဟုတ်ပါဘူး။
သင်တတ်ထားတဲ့ ပညာနဲ့ လောကအကျိုး လူတွေအကျိုး ဘယ်လောက်
သယ်ပိုးပြီးပြီလဲဆိုတာက သင့်တန်ဖိုးပါ။

သင် ဘယ်လောက် ချမ်းသာသလဲဆိုတာ သင့်တန်ဖိုး မဟုတ်ပါဘူး။
သင် ချမ်းသာသမျှနဲ့ ဝေမျှသော အလှူဒါန ဘယ်လောက် လုပ်ပြီးပြီလဲဆိုတာ
သင့်တန်ဖိုးပါ။

သင် ဘယ်ရာထူးရနေသလဲဆိုတာ သင့်တန်ဖိုး မဟုတ်ပါဘူး။ သင့်ရာထူးအောက်က
လက်အောက်ငယ်သားတွေ သင့်ကို ဘယ်လောက် လေးစားကြသလဲဆိုတာကသာ
သင့်တန်ဖိုးပါ။

သင် ဘယ်လောက်တော်သလဲဆိုတာ သင့်တန်ဖိုး မဟုတ်ပါဘူး။
သင်ဘယ်လောက် အမှားနည်းနည်းနဲ့ ဘဝကို ဖြတ်သန်းနိုင်သလဲ
ဆိုတာကသာ သင့်တန်ဖိုးပါ။
(သက်တန့်ချို)
**********************

မိမိရဲ့စိတ်ကို တန်ဖိုးရှိအောင် ထားတတ်ပါမှ တန်ဖိုးရှိတဲ့ အကျိုးပြု လုပ်ငန်းဆိုတာကို
လုပ်ဆောင်ဖြစ်ကြမှာပါ။ 
စိတ်ထားတတ်ရင် မြတ်တယ်ဆိုတဲ့အတိုင်း စိတ်ကို ကဏ္ဍမခွဲခြားပဲ တပြေးညီ ထားနိုင်တဲ့
သူများအတွက် နေရာတိုင်းက လိုအပ်ချက် မှန်သမျှဟာ မိမိရဲ့အဓိပ္ပာယ်ရှိ အကျိုးဖြစ်စေတဲ့
လုပ်ငန်းများချည်းပါပဲ။
ဘာ မျှော်လင့်ချက်မှ မရှိတဲ့ အများအကျိုး သည်ပိုးခြင်းကသာ မြင့်မြတ်တဲ့ ပရဟိတနဲ့
ပါရမီမြောက်တဲ့ သူတော်ကောင်းတို့ လမ်းစဉ်ပဲဖြစ်တယ်။
  (နွေနှင်းမိုး)
 

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...