သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, January 10, 2014

PostHeaderIcon မှာခဲ့မည် မောင်

မှာခဲ့မည် မောင်
*****
အချစ်ဆုံးငယ်လေ
ကျွန်မရယ် သေကာသွားမှဖြင့်
လွမ်းစရာ့ တေးတွေကို
 မောင်မဆိုနေနှင့် နော်။

သြော်…နှင်းဆီပင်ဖြစ်စေ
အရိပ်ဝေဝေသက်ပေးတဲ့
ဆိုင်းပရက်(စ်)ပင်ပဲဖြစ်ဖြစ်
ဘယ်သစ်ပင်တွေကိုမှ
ကျွန်မရဲ့ မြေပုံဦးမှာ
အထူး မစိုက်နဲ့ရှင်ရယ်…နော်။

သြော်…မိုးဖွဲလေးတွေ
နှင်းဥလေးတွေနှင့်ပဲ
ကျွန်မ မြေပုံထက်က
မြက်ခင်းလေး စိမ်းမြမြ
သဘာဝအတိုင်း စိုနေပါစေ…နော်။

သြော်…ပြီးတော့လည်းရှင်
သတိရချင်လည်း…
သတိရနေပေါ့…နော်။
မေ့ချင်တော့လည်း
မေ့သာပစ်လိုက်တော့မောင်…နော်။
အရိပ်တွေကို ကျွန်မ မြင်ရတော့မှာ မဟုတ်ဘူးလေ။

မိုးရေမြမြကိုလည်း
ကျွန်မ ခံစားရမယ် မဟုတ်ဘူးရှင်။
နာကျင်မှုနဲ့ ညည်းသလို
မပြတ်တမ်း တေးဆိုနေတဲ့
နိုက်တင်ဂေး(လ်)လေးကိုလည်း
ဘယ်လိုမှ ကျွန်မ ကြားရတော့မှာ မဟုတ်ဘူး။

ပျို့ဦးပြီးလည်း တက်မလာ
ငုတ်ကာလည်း သက်မဆင်း
သည်သဘောတွေက ကင်းတဲ့
အရုဏ် မလင်းတလင်းလေး တကြော
မြောအိပ်မက် မက်ရင်းက
ကျွန်မလည်း…
ပျော်ပျော်ကြီး သတိရချင်ရနေမယ်
ပျော်ပျော်ကြီး မေ့ချင်လည်း မေ့နေမယ်မောင်…နော်
(ခရစ်စတီးနရိုးဆက်တီ)
(တမ်းတမိခြင်း)ကဗျာစာအုပ်မှ ဘာသာပြန်ကဗျာ)
(တက္ကသိုလ်ဘုန်းနိုင်)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...