သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, January 19, 2014

PostHeaderIcon သေချာတဲ့ လမ်းကို ရွေးပြီးလျှောက်ပါ


သေချာတဲ့ လမ်းကို ရွေးပြီးလျှောက်ပါ
**************************
တမလွန်ဘဝ နောင်ဘဝကို ဘယ်လိုလုပ်ပြီးတော့ အဖြေရှာမလဲ၊ နောင်ဘဝဖြစ်ဦးမှာလား
မဖြစ်ဘူးလား၊ ကိုယ်လုပ်ထားတဲ့ အကုသိုလ်တွေရဲ့အကျိုးကို ခံရဦးမှာလား၊ မခံရဘူးလား၊
အကုသိုလ်တွေက အကျိုးပေးသလား၊ မပေးဘူးလား ဆိုတာနဲ့ ပက်သက်လာလို့ ရှိရင် အဖြေမထုတ်နိုင်တဲ့အခါမှာ မြတ်စွာဘုရားက သေချာတာလုပ် ဆိုပြီးတော့ မှာခဲ့တယ်၊ အဖြေ မထုတ်နိုင်တဲ့အခါကျတော့ သေချာတဲ့လမ်းကို ရွေးတဲ့၊ ဘယ်လိုရွေးမတုန်း။

ကောင်းပြီ၊ ငါ ဒီဘဝမှာ လူတော်လူကောင်းဖြစ်အောင် နေလိုက်မယ်၊ လူတော်လူကောင်း
ဆိုတဲ့ စံနဲ့  ကိုက်အောင်နေလိုက်မယ်၊ လူတော်လူကောင်းဖြစ်အောင် နေလိုက်လို့ရှိရင်
နောင်ဘဝရှိတယ် ဆိုလို့ရှိရင်လည်းပဲ အိုကေပဲ၊ နောက်ဘဝမှာ ငါဟာ ကောင်းတဲ့ ဘဝ
ရောက်မယ်၊ နောက်ဘဝ မရှိဘူး ဆိုရင်လည်းပဲ အိုကေပဲ၊ ဒီဘဝမှာ ငါဟာ လူကောင်း
လူတော်ဖြစ်တယ်။ ကဲ နှစ်ဖက်စလုံး မကောင်းဘူးလား၊

ဒီဘဝမှာ ကိုယ့်ကိုကိုယ် လူတော်လူကောင်းဖြစ်အောင် လုပ်ခြင်းဖြင့် နောင်ဘဝရှိရင်လည်း
ကောင်းတဲ့ဘဝ ရောက်ဖို့ သေချာတယ်၊ နောင်ဘဝမရှိဘူးဆိုလည်း ဒီဘဝ ငါလူကောင်းပဲ၊
ဟော နှစ်ဖက်ကောင်းတဲ့ လမ်းကိုရွေး။

အကုသိုလ်တွေကို တချို့က အကျိုးပေးတယ်လို့ပြောတယ်၊ တချို့ကလည်း အကုသိုလ်တွေ
အကျိုးမပေးဘူးလို့လည်း ပြောတယ်၊ ဘယ်ဟာက မှန်သလဲ၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်ရမယ်။
မဆုံးဖြတ်နိုင်လို့ရှိရင် သေချာတာလုပ်။ ဘာလုပ်မလဲ၊ အကုသိုလ် မလုပ်ပဲ နေလိုက်ပေါ့။

ဥပမာအားဖြင့် သူများအသက် သတ်လို့ရှိရင် ငရဲကြီးတယ်။ တယောက်က မကြီးဘူး
ပြောတယ် ဆိုပါစို့။ ကဲ မသတ်ပဲ နေလိုက်ပေါ့။ မသတ်ပဲနေလိုက်သောအားဖြင့် ကိုယ့်
အတွက် ဒီဘဝမှာလည်း ချမ်းချမ်းသာသာနေရတယ်။ အကုသိုလ်က အကျိုးပေးတယ်
ဆိုရင်လည်းပဲ ကိုယ်က မသတ်သည့်အတွက်ကြောင့် အကျိုးပေးစရာမရှိဘူး။

အကုသိုလ်ဆိုတာ မရှိပါဘူးလို့ ပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့ အယူဝါဒအရလည်း ပင်ကိုယ်က
အကုသိုလ်မရှိတာရယ်၊ ကိုယ်က မလုပ်လို့ မရှိတာရယ်ကြောင့် ဘယ်ဘက်က ကြည့်ကြည့်
ကိုယ့်မှာ အကုသိုလ်ဆိုတာ မရှိဘူး၊ နှစ်ဖက်နှစ်လမ်း ကောင်းသွားပြီ၊
ဟုတ်တယ် မဟုတ်လား။ အကုသိုလ်ကို ကိုယ်တိုင်ကမှ မလုပ်တာ၊ မလုပ်သည့်အတွက်
ကြောင့် အကုသိုလ်က အကျိုးပေးတယ်ဆိုရင်လည်းပဲ ကိုယ်က မလုပ်သည့်အတွက်ကြောင့်
အကျိုးပေးမှာ မဟုတ်ဘူး။

အဲဒါ ကာလာမသုတ်မှာ မြတ်စွာဘုရားက ဘဝခရီးလျှောက်တဲ့အခါမှာ သံသယဖြစ်စရာတွေ
ကြုံလာလို့ရှိရင် သေချာတဲ့ လမ်းကနေ ရွေးချယ်ပြီးတော့ လျှောက်လို့ ဟောထားတယ်။

(ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)
(ဘခရီးဝယ် ရွေးချယ်ရမယ့်လမ်း တရားတော်မှ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...