သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, January 23, 2014

PostHeaderIcon ဗိုလ်ချုပ်၏ ဘာသာရေး အမြင်



"နိုင်ငံရေးကို ဘာသာတရားဖြစ်သကဲ့သို့ ပြောဆိုကြသောသူများမှာ ယုတ်မာညစ်ထေးသော
နိုင်ငံရေးသမားများပင်လျှင် ဖြစ်ပေ၏။ ထိုသူတို့၏ ရည်ရွယ်ချက်မှာ ဤကဲ့သို့ ကြီးကြီး
ကျယ်ကျယ် လည်ဆယ်၍ ပြောခြင်းအားဖြင့် ပြည်သူတို့၏ စိတ်ကို ရှုတ်ထွေးစေ၍
အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ခြင်းငှာ မစွမ်းနိုင်အောင် လုပ်ခြင်းမျှသာ
ဖစ်ပေ၏။

အမှန်မှာ ထိုသူတို့ ပြုလုပ်မှုသည် နိုင်ငံရေးမဟုတ်။ မိမိတို့ အကောက်ဉာဏ်ကို သုံး၍ မိမိတို့
ကြီးပွားရေး တနပ်စား နိုင်ငံရေးပင်ဖြစ်ပေ၏။ ကိုးကွယ်သည့်ဘာသာရေးမှာ လူအသီးသီး
တို့၏ သက်ဝင်ယုံကြည်မှုဖြစ်၏။ နိုင်ငံရေးမှာကား၊ လူအသီးသီးတို့၏ ပေါင်းသင်းဆက်ဆံမှု
သိပ္ပံအတတ်သာလျှင်ဖစ်၏။ သိပ္ပံအတတ်အနေအားဖြင့် နိုင်ငံရေးသည် လူအသီးသီးတို့၏
အခွင့်အရေးကို စောင့်ရှောက်ရပေလိမ့်မည်။ အခွင့်အရေးများတွင် လွတ်လပ်စွာ ဘာသာ
ကိုးကွယ်နိုင်မှုလည်း ပါဝင်လေ၏။ ဤအခွင့်အရေး ပေးရာ၌ပင် ကျွန်ုပ်တို့သည် နိုင်ငံရေးနှင့်
ကိုးကွယ်သည့်ဘာသာရေး နှစ်ဌာန စပ်ကြားတွင် စည်းတားရပေလိမ့်မည်။ အဘယ်ကြောင့်
ဆိုသော် နိုင်ငံရေးနှင့် ဘာသာရေးမှာ သဘောမတူ တမူကွဲပြား တခြားစီ ဖြစ်သေ
ကြာင့်တည်း။

ဘာသာရေးနှင့်သဘောရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာ
ရောက်ပေ၏။ အကြောင်းမူကား၊ ဘာသာရေးသည် နောင်တမလွန် ဘဝများကို (ဝါ)
လောကုတ္တရာကို ရှေ့ရှုသည်ဖြစ်သောကြောင့် လောကအရေးနှင့် များစွာ မသက်ဆိုင်ချေ
နိုင်ငံရေးမှာမူကား လောကီရေးရာသာဖြစ်ပေ၏"

အထက်ပါစကားမှာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီ

၂၀.တွင် ဖဆပလဥက္ကဋ္ဌအဖြစ် ရွှေတိဂုံဘုရားအလယ်ပစ္စယံ၌ ပြောကြားခဲ့သည့် မိန့်ခွန်း ထဲမှ ကောက်နှုတ်ထားခြင်းဖြစ်သည်။

ဖဆပလအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားခဲ့သော အဆိုပါ မိန့်ခွန်းကို
ထောက်ရှုခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံကို ဘာသာရေးနှင့်
နိုင်ငံရေး ရောယှက်ခြင်း မပြုသော Secular State အဖြစ် တည်ထောင်ရန် ဆန္ဒရှိခဲ့
ကြောင်း ပေါ်လွင်ထင်ရှားလျက်ရှိသည်။
သို့သာ် မြန်မာ့နိုင်ငံရေးတွင် ရဟန်းသံဃာတော်များ၏ အခန်းကဏ္ဍသည် သမိုင်းတလျှောက်
လုံး အရေးပါသည့် နေရာတွင်ရှိခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့တို့ လက်အောက်မှ လွတ်မြောက်
ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် ဆရာတော်ဦးဥတ္တမ၊ ဦဝိစာရ အစရှိသည့် သံဃာတော်
များမှ အစ၊ ရှစ်လေးလုံး အရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေးတို့တွင် ပါဝင်ခဲ့သော သံဃာတော်များအလယ်၊ လက်ပံတောင်းတောင်အဆုံး နည်းမျိုးစုံဖြင့် စွန့်လွှတ်အနစ်နာခံကာ တိုင်းပြည်အကျိုးအတွက် မတရားမှုများကို တွန်းလှန်ခဲ့ကြသည်။

ဗိုလ်ချုပ်၏ သဘောထား
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအတွင်းရေးမှူး ဦးကျော်ငြိမ်းတို့သည် ၁၉၄၆ ခုနှစ်၊ ဧပြီ

၎.ရက်နေ့၌ သံဃာတော်အရှင်သူမြတ်များနှင့် သွားရောက်တွေ့ဆုံရာ၌ ဗိုလ်ချုပ်က
အောက်ပါအတိုင်း လျှောက်ထားခဲ့သည်။

"ဆရာတော်ဘုရားကြီးများဟာ ပရိယတ် ပဋိပတ်တရားနှင့် သာသနာတော်ကြီး ကြီးပွားရန်

သာ တာဝန်ထားပြီး ရိုးရိုးကြီးတွေဆိုတာ တပည့်တော် ယုံကြည်ပါတယ်။ တခု သတိထားဖို့ ကတော နိုင်ငံရေးသမားများသည် အလွန် ပရိယာယ်များပါသည်ဘုရား။ ကောင်းသေ
ပရိယာယ်နှင့် တွေ့ကြုံလျှင် တော်ပါသေးသည်။ မကောင်းသောပရိယာယ်နှင့် တွေ့ကြုံက
ငါးပါးတွင်မက သံဃာစင်ပါ မှောက်တတ်ပါသည်ဘုရား။ 

ပရိယာယ်ဆိုတာ မြတ်စွာဘုရားတောင်ပင် ပရိယာယ်သုံးသင့်သောနေရာ သုံးပါသည်။
ကောင်းသော ပရိယာယ်ကို ဆိုလိုပါသည်။ ဘယ်လို ပရိယာယ်လဲဆိုလျှင် ညီတော် မင်းနန်
ချွတ်ခန်းတွင် ဆရာတော်များသိတော်မူသည့်အတိုင်း ညီတော်မင်းနန္ဒအား ပထမ မျောက်အိုမ
ကြီးကို ၄င်း၏ မိဖုရားနှင့် ယှဉ်ပြောပြီးနောက် နတ်သမီးကို ပြပြီးလျှင် ဤနတ်သမီးကို-
အသင် အလိုရှိပါသလောဟုမေးရာ အလိုရှိကြောင်း လျှောက်၏။
သင်အလိုရှိက နတ်သမီးကို ရစေသော ဂါထာကောင်း ငါဘုရားပေးမည်။ အသင်
ဤဂါထာတော်ကို လေ့ကျက်ပါလေဟု မြတ်စွာဘုရားသည် သူကျွတ်ထိုက်သော
တရားကို ပေးရာ ထိုတရားနှင့်ပင် အရဟတ္တမဂ်အရဟတ္တဖိုလ် ရောက်သွားပါသည်။
ဤပရိယာယ်ကား ကောင်းသောပရိယာယ်ပါဘုရား၊
မကောင်းသော ပရိယာယ်ကား နိုင်ငံရေးသမားတွေက ဆရာတော်ကြီးများအား အမျိုးမျိုး
လှည့်ပတ်ပြီး သူတို့၏ တက်လမ်း နိုင်ငံရေးငြမ်းဆင်ပြီး သွားမှာကို စိုးရိမ်သောကြောင့်
လျှောက်ထားရခြင်းဖြစ်ပါသည်ဘုရား"ဟု လျှောက်ထားခဲ့ဖူးသည်။

ထို့ကြောင့် ဆရာတော် အရှင်သူမြတ်များအနေဖြင့် မသမာသော နိုင်ငံရေးသမားများ၏
ပရိယာယ်သို့ သက်ဆင်းမိခြင်း မရှိကြစေရန် သတိမူကြစေလိုကြောင်း လျှောက်ထား
တင်ပြအပ်ပါသည်။
 
Zin Thaw Naing.၏ ဆောင်းပါးတွင် ဗိုလ်ချုပ်၏ အမြင်များကို သိမ်းဆည်းလိုပါသဖြင့်
အချို့သော စကားရပ်များကို ချန်လှပ်၍ ထားခဲ့သည်ကို ဝန်ခံရင်း ခွင့်တောင်းလိုပါသည်။
အပြည့်အစုံကိုတော့ အောက်ပါလင့်တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။

(Zin Thaw Naing)
မြန်မာပို့စ်ဂျာနယ် အတွဲ(၆) အမှတ်(၄)တွင် ဖော်ပြခဲ့သော ဆောင်းပါး။ 
http://www.dawnmanhon.com/

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...