သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, January 10, 2014

PostHeaderIcon စိတ်ညစ်နေတာကို စိတ်နဲ့ပဲ ဖြေဖျောက်ပစ်လိုက်ပါ



 စိတ်ညစ်နေတာကို စိတ်နဲ့ပဲ ဖြေဖျောက်ပစ်လိုက်ပါ
*********************************
မိမိတို့ရဲ့သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့ အကြံအစည်တွေ၊ မကောင်းတဲ့ အလုပ်တွေ၊ စိတ်ဆိုးတာတွေ ဒေါသဖြစ်တာတွေ သူတပါး ထိခိုက် နာကျင်အောင် လုပ်ချင်တဲ့ စိတ်တွေ၊
ပြောရရင်ဗျာ သတ်ဖြတ်ချင်တာ၊ ခိုးချင်တာ၊ လွန်ကျူးချင်တာ၊ သောက်စားချင်တာ၊ လိမ်ညာ
စားချင်နေတာ၊ သူတပါး အဆင်ပြေနေတာကို ပျက်စီးအောင် ဖျက်ဆီးချင်တာ၊ အကျိုးမဲ့ဖြစ်
အောင် လုပ်တာ၊ အကျိုးမရှိတာတွေကို လုပ်တာ ပြောတာ၊ မတော်တဲ့ လောဘတက်နေတာ စတာတွေပေါ့ဗျာ…
အဲဒီ ဒုစရိုက် ဆယ်ပါးအပါအဝင် မကောင်းတာ မှန်သမျှတွေဟာ ဆိုရင် …
ကဲ ဘယ်သူက မိမိဆီကို ပို့ပေးလိုက်တာလဲ … စဉ်းစားကြည့်ပါဦး..။
ဘယ် တန်ခိုးရှင် ဖန်ဆင်းရှင်က ထည့်ပေးလိုက်တာလဲ? မိမိတို့ မိဘတွေကရော
ထည့်ပေးထားတာလား? ဘယ်မိဘကမှ ကိုယ့်သားသမီး ဒီလို ဖြစ်အောင် ထည့်ပေးမယ်
မထင်ပါဘူး။
ကဲ ဘယ်သူက လာထည့်သွားတာလဲ?
မိမိရဲ့မိတ်ဆွေအပေါင်းအသင်းတွေကများလား?
ဒါမှမဟုတ် ပတ်ဝန်းကျင်ကြောင့် လား?  စဉ်းစားကြည့်စမ်း …

တကယ်တော့ အဲဒီလို အကုသိုလ်အရာတွေက တည်ငြိမ် ဖြူစင်နေတဲ့ မိမိတို့ရဲ့စိတ်တွေကို ညစ်ထေးသွားအောင်၊ ညစ်နွမ်းသွားအောင်၊ ညစ်ပတ်သွားအောင် လုပ်ပစ်လိုက်တာ
ပါပဲ။

ဒါတွေကို ဘယ်သူကနေပြီး ကိုယ့်ရဲ့စိတ်ထဲကို လာထည့်သွားတာလဲ? တကယ်တော့
ဘယ်သူကမှ ထည့်တာ မဟုတ်ပါဘူး။ ဘယ်သူ ဘယ်တန်ခိုးရှင် ဖန်ဆင်းရှင်မှလည်း
လာထည့်လို့ မရပါဘူး။ မိမိကိုယ်တိုင်ပဲ ထည့်ထားတာဖြစ်တယ်။ ဟုတ်တယ်နော်…။
သေချာ စဉ်းစားကြည့်ပါ။ ကိုယ်တိုင်က စိတ်ထဲမှာ ထည့်မထားရင် လက်ခံ မထားရင်
ဘာ စိတ်ညစ်စရာ ဒေါသဖြစ်စရာမှ ဖြစ်ပေါ်လာစရာ အကြောင်း မရှိပါဘူး။

ဒါကိုပဲ တို့ ဗုဒ္ဓရှင်တော်မြတ်ကလေ… ဇလေန ပကတံ ပင်္ကံ ဇလေနေဝ ဝိသုဇ္ဈတိ၊
စိတ္တေန ပကတံ ပင်္ကံ စိတ္တေနေဝ ဝိသုဇ္ဈတိ၊တဲ့- ရေများ ပြည့်လျှံ တက်လာပြီး ပြန်လည်
ကျဆင်းသွားတဲ့အခါမှာ အိမ်တိုင်တွေ နံရံတွေ တခြား နေရာတွေမှာ ရွှံ့တွေ နွံဗွက်တွေ
ဖြစ်ကျန်ခဲ့တယ် မဟုတ်လား၊ အဲဒီ ရွှံတွေ နွံဗွက်တွေကို အဝတ်စနဲ့ လိုက်လံပြီး သုတ်နေရုံနဲ့ အားလုံး ပြောင်စင်ဖို့ ခက်ခဲနေမှာဖြစ်လို့ အားလုံး ပြောင်စင်သွားအောင် မလုပ်နိုင်လို့
အဲဒါတွေကို အမြန်ဆုံး ပြောင်စင်သွားအောင် ရေနဲ့ပဲ ဆေးကြော သန့်စင်ပစ်မှ စင်ကြယ်
သွားနိုင်တယ်။ သူက ရေကြောင့် ဖြစ်လာရတာလေ။ ခဲလုံးကြီးက ရေမထိရင် အမာကြီးပဲ
နေမှာပေါ့။ ရေနဲ့ ထိမှ ရွှံတွေ နွံဗွက်ဆိုတာဖြစ်လာတာ၊ အဲဒါကို ရေနဲ့ပဲ ပြန်ပြီး ဆေးကြော
ပစ်မှ ပြောင်စင်သွားရသလိုပဲ ….။

မိမိတို့ စိတ်ကြောင့် မိမိစိတ်က လက်ခံထားမိလို့ ဖြစ်ပေါ်လာတဲ့ အထက်က ပြောခဲ့တဲ့
စိတ်ညစ်စရာ အားလုံးဟာလည်း ဒီ မိမိတို့ စိတ်ကြောင့် ဖြစ်လာရတဲ့အတွက် … အဲဒီ
ညစ်နွမ်းနေတဲ့ ညစ်ပတ်သွားတဲ့ မကောင်းတဲ့ မိမိတို့ စိတ်လေးကို ဖြူစင်သွားအောင်
မိမိတို့ စိတ်နဲ့ပဲ ပြန်ဆေးကြောရမယ်။
မိမိတို့ စိတ်ကို ဖြူစင် သန့်ရှင်းသွားအောင် ထားလိုက်ခြင်း၊ မကောင်းတဲ့ စိတ်တွေကို
ဖယ်ထုတ်ပစ်ခြင်းဖြင့် စင်ကြယ်သွားအောင် ဖြူစင်သွားအောင် လန်းဆန်း တက်ကြွ
သွားအောင် ဆေးကြော သုဓ်သင်ပစ်ရမယ်လို့ …. အဲဒီလို ..ဆုံးမခဲ့တယ်။

အဲဒါပဲ ဆွေတော်မျိုးတော်တို့ … ဒါတွေကို ဘယ်သူကမှ လာထည့်သွားတာ လုပ်သွားတာ
မဟုတ်ပါဘူး။ မိမိတို့ကိုယ်တိုင်ပဲ လုပ်ကြတာ၊ လက်ခံထားကြတာ ဖြစ်တယ်။ ဒါတွေကို
ဖြူစင်အောင် ပပျောက်သွားအောင်လည်း ဘယ်သူကမှ ဘယ်ဖန်ဆင်းရှင် တန်ခိုးရှင်တွေနဲ့ ဗုဒ္ဓရှင်တော်မြတ်များ ကိုယ်တိုင်ပင် လုပ်ပေးလို့ မရပါဘူး။ ဆုတောင်းနေရုံနဲ့လည်း မရပါဘူး။ 
မိမိတို့ ကိုယ်တိုင် ပြင်ဆင် လိုက်နာ ကျင့်သုံးလိုက်မယ်။ ဒီ မကောင်းတဲ့ စိတ်တွေ အကုသိုလ်
တွေကို စိတ်ထဲကနေ ဖယ်ရှားပစ်လိုက်မယ် ဆိုရင် အားလုံး မကောင်းတာတွေ ကင်းရှင်းပြီး သန့်ရှင်းစင်ကြယ်နေတဲ့ လန်းဆန်း တက်ကြွနေတဲ့ စိတ်တွေ လူတွေ ဖြစ်သွားမှာပဲ
ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓရဲ့ဓမ္မလမ်းညွှန်မှု ဆိုတာ အဲဒါပါပဲ။ မိမိတို့ စိတ်ထဲမှာ ဓမ္မအသိဉာဏ်လေးနဲ့
ရှင်းပစ်လိုက်ပြီး စင်ကြယ်အောင် လုပ်ပစ်လိုက်တာပါပဲ။
ကောင်းမွန်ပြီး ပျော်ရွှင် ကြည်နူးဖွယ်ရာများကိုပဲ စိတ်ထဲမှာ ထားရင် စိတ်က ကောင်းပြီး
ပျော်ရွှင်ဖွယ်ပဲ ဖြစ်နေမှာပေါ့ ဆွေတော်မျိုးတော်တို့။ 

(ဂမိက ဝနဝါသီအရှင်၏ မြတ်ဗုဒ္ဓ အဆုံးအမများမှ)
(နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...