သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, January 24, 2014

PostHeaderIcon ~မိနစ်ဝက် ၃ မျိုး (နာရီဝက် ၃ မျိုး)~



 ~မိနစ်ဝက် ၃ မျိုး (နာရီဝက် ၃ မျိုး)~
************************
(မိနစ်ဝက် (၃)မျိုးဆိုတဲ့ စကားလုံးဟာ တပြားတချပ်မှ ကုန်ကျစရာမလိုပဲ အသက်ပေါင်း
များစွာကို ကယ်တင်နိုင်တယ်)

သိပ္ပံပညာရှင်တွေ အမြဲ ပြောလေ့ပြောထရှိတဲ့ စကားတခွန်း ရှိပါတယ်။ အသက်ကြီးသူတွေ

"မိနစ်ဝက် (၃)မျိုး၊ နာရီဝက် (၃)မျိုးကို သတိပြုပါ"တဲ့။ မိနစ်ဝက် (၃)မျိုးဆိုတဲ့ စကား
လုံးဟာ တပြားတချပ်မှ ကုန်ကျစရာမလိုပဲ အသက်ပေါင်းများစွာကို ကယ်တင်နိုင်တယ်။

လူအတော်များများဟာ နေ့ခင်းနေ့လည်မှာ အကောင်း၊ နေ့ခင်းမှာ ဘာမှမဖြစ်ဘူး။ ညကြ

တော့ ဆုံးပြီတဲ့။ ဟင် မနေ့ကမှ သူ့ကို တွေ့ခဲ့သေးတယ်။ ဘယ်နှယ့်ဆုံးပြီလဲ။ ညဥ့်နက်မှာ
အိမ်သာသွားဖို့ ရုတ်တရက် ထလိုက်ရာမှာ အမလေး ဦးနှောက်တွင်း သွေးလျော့သွားတယ်။
ခန္ဓာကိုယ်အနေအထားကြောင့် ဖြစ်ရတဲ့ သွေးတိုး နိမ့်ကျသွားမှုကြောင့် ဦးနှောက်တွင်း
သွေးဝင်နည်းပြီး မူးလဲသွားတာ၊ တချို့လဲကျပြီး ခေါင်းခွံကွဲကြေသွားမယ်။ တချို့နှလုံး
ရုတ်တရက် ရပ်သွားမယ်။ ဒါဆိုရင် သိပ္ပံပညာရှင်တွေ ဘာဖြစ်လို့ မိနစ်ဝက် (၃)မျိုး
ဆိုတာကို အကြံပြုကြတာလဲ။

ကျွန်တော်တို့က နှလုံးခုန်နှုန်း တိုင်းတာ မှတ်တမ်းပြုစက် (ECG)နဲ့ ဂရုတစိုက် လေ့လာ လိုက်တော့ တွေ့ရှိရတာက နေ့ခင်းနေ့လည်တွေမှာ နှလုံးခုန်နှုန်းဟာ ပုံမှန်ပဲ၊ ညပိုင်းကျတော့

လူတော်တော်များများမှာ ရုတ်တရက် နှလုံးမှာ သွေးအား လျော့နည်းသွားတာ တွေ့ရတယ်။
နှလုံးကျုံ့မှု စောနေတယ်။ ဘယ်လိုအကြောင်းကြောင့် ဖြစ်ရတာလဲ။ အော် သူ ရုတ်တရက်
ကုတင်က ထလိုက်တော့ ချက်ချင်းပဲ သွေးဖိအား ကျဆင်းသွားတယ်။ ဦးနှောက်တွင်း
သွေးလျော့နည်း ချို့တဲ့ သွားမယ်။ နှလုံးခုန်ရပ်သွားမယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေက
မိနစ်ဝက် (၃)မျိုးကို အကြံပြုတာ ဖြစ်ပါတယ်။

မိနစ်ဝက် (၃)မျိုး...

နိုးနိုးချင်း ကုတင်ပေါ်က မထပါနဲ့။ မိနစ်ဝက် ဆက်လှဲနေပါ။
မိနစ်ဝက်ပြည့်ရင် ထထိုင်ပါ။ မိနစ်ဝက် ထိုင်ပါ။
ပြီးမှ ခြေထောက် တွဲလောင်းချပြီး မိနစ်ဝက် နေပါ။
မိနစ်ဝက် သုံးမျိုးပြီးမှ လိုရာ ထသွားပါ။

(မှတ်ချက်။ တညလုံး ညသိပ်ထားသော မော်တော်ကားလို မနက် ချက်ချင်း စက်နှိုးပြီး

မောင်းသွား၍ မရပါ။ စက်ကို ပူအောင် raise လုပ်ရပါတယ်။ ထို့အတူ လူကြီးများသည်
နိုးနိုးချင်းချင်း ရုတ်တရက်ချက်ချင်း ထသွားက မသင့်လျော်ဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။
မိနစ်ဝက်ဆိုသည်မှာ တမှ သုံးဆယ်ထိ ရေတွက်လျှင် မိနစ်ဝက်ဖြစ်ပါသည်။
ဘာသာပြန်သူ)

မိနစ်ဝက် (၃)မျိုးကို လိုက်နာကျင့်သုံးတာ တပြားတချပ်မှ မကုန်ဘူး။ ဦးနှောက်တွင်း

သွေးယုတ်လျော့ ကျဆင်းတာလည်း မဖြစ်တော့ဘူး။ နှလုံးလည်း ဘာမှမဖြစ်ဘူး။
မလိုလားအပ်တဲ့ လဲကျ ကွဲကြေ သေဆုံးရမှုတွေ အများကြီး လျော့နည်းသွားမယ်။
မလိုလားအပ်တဲ့ နှလုံးသွေးကြောပိတ်ရောဂါတို့၊ လေဖြတ်တာတို့ မဖြစ်တော့ဘူး။

နာရီဝက် (၃)မျိုး...

(၁) မနက် အိပ်ရာထပြီးတဲ့နောက် နာရီဝက် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။ အနှေး

ပြေးတာမျိုး လုပ်ပေးပါ။ အနည်းဆုံး သုံးကီလိုမီတာ (၂.မိုင်နီးပါး)အောက် မလျော့ပါစေနဲ့။
ဒါမှမဟုတ် တခြား ကိုယ်လက်လှုပ်ရှားမှု တခုခုလုပ်ပါ။

(၂) နေ့လည်ပိုင်းမှာ နာရီဝက် အိပ်ပါ။ ဒါကတော့ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝအချိန်ဇယားအရ လို

အပ်ချက် ဖြစ်ပါတယ်။ နေ့လည် နာရီဝက် အိပ်ခြင်းဖြင့် တညနေလုံး လန်းဆန်းနေပါလိမ့်
မယ်။ သက်ကြီးရွယ်အိုတွေ ပိုလို့တောင် လိုအပ်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့
သက်ကြီးရွယ်အိုတွေက ည-ညတွေမှာ စောစာအိပ် စောစာထတော့ အအိပ်အနေ နည်းတယ်။ ဒါကြောင့် နေ့လည်ပိုင်းမှာ ဖြည့်စွက်အိပ်စက် အနားယူသင့်တယ်။

(၃) ညနေဘက် ၆.နာရီ ၇.နာရီလောက်မှာ နာရီဝက် ဖြည်းဖြည်း လမ်းလျှောက်ပေးခြင်း

အားဖြင့် ညည အိပ်လို့ ပိုကောင်းမယ်။ နှလုံးသွေးကြောပိတ်ရောဂါနဲ့ သွေးတိုးရောဂါ
ဖြစ်ပွားနှုန်း လျော့နည်းစေတယ်။

By မောင်မောင်လှိုင် (အပ်စိုက်ကု)
(ကျန်းကျန်းမာမာအသက်(၁၀၀)မှ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...