သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, January 7, 2014

PostHeaderIcon ယောက်ျား တေလေတို့ စနက်

 မန်လည်ဆရာတော်ကို မိန်းမမုန်းတဲ့ ဆရာတော်လို့ ဝေဖန်ကြသတဲ့။
ဒါကတော့ ဆရာတော်စပ်ခဲ့တဲ့ ယောက်ျားများ အကြောင်းပါ။
***************
ယောက်ျားတို့ ဆိုးတာတွေ ငြမ်းဖွေကာ ပြောရရင်ဖြင့်
ထောက်ထားလို့ ကိုးစရာ ကျမ်းတွေလည်း ပေါပါရဲ့
အသရမ်း လေမနှောနှင့် မရွှင်သမို့ နှလုံးငြိမ်ငြိမ်နေ
ကိုကိုရယ် အသွမ်းတေလေ ပေါပါရဲ့ ရှင်တို့ ပုလ္လိင်တွေ။
 
ပွေလီလှသရှင် ဘူမိန်သမ္မတ မှုးပေမယ့်
စေတီယဆိုတာ လူလိမ် ကနဦးပါပဲရှင်ရဲ့
မတရား ယုတ်မာထူးကာ လူတကာယုံအောင် ကြွားတတ်တာက
အစားပုပ်စွာ ကျုးသဟာရှင် ဇူဇကာပုဏ္ဏားပါတဲ့
အမှားသက်သက် ဆုတ်ချာ ဓမ္မာဂရုကင်းတာက
မတရား ရက်စက်ယုတ်မာသဟာ ကလာပုမင်းပါရှင်
သြော် အရင်း အမိမာတာကိုလေ
ကောက်ကျစ်တဲ့ သဘောဟာကြောင့်
မင်း အတိတြာဆိုတာ မျောက်ဖြစ်လို့ ချောပါသတော့်
ပြောဖို့တောင် မဖွယ်ရာဘူး အသွယ်သွယ် အဖြာဖြာထွင်လို့
အဆိုအခြေဖျက်ပေမဲ့ အနယ်နယ်အရွာရွာမှာ
ရှင်တို့ အဖိုတွေက လက်ပုံကူ ယှက်သမို့
မကျေနပ်နိုင်စရာပါနော်ရှင့် သြော်…ပျက်ဖို့ အသရေ။

မသွေမှတ်စရာ ထောက်ထားလို့ ကိုးရမှာဖြင့်
ဒေဝဒတ်ဆိုတာ ယောက်ျားတို့ မျိုးပါတဲ့ရှင့်
ပရမေနတ် ဘဂဝါကိုလေ မှောက်မှားလို့ ဆိုးပုံက
ချောက်ကမ္ဘားလျှို ရိုးမှာဖြင့် အသေသတ်ပလေ
အို....မြေဟပ်လို့ သေပါသတော့် အလေ့ကြောက်စရာကြီး။
ကိုကိုရယ်....ဒေဝဒတ်ရဲ့ အဖေပါရှင့် ပရမေ့ ယောက္ခမထီး။
 
ခြောက်ပါးလို့ကျော်
မှောက်မှားလို့ အယူချော်တဲ့
မသူတော် ဒိဋ္ဌိခပင်းကိုဖြင့်
ဇမ္ဗူကျော်အောင် ဣတ္ထိလို့လည်း မငြင်းပါနဲ့
သြော်...နုလှတဲ့ အချောတွေကို ဖောက်ပြားအထွေထွေ ကမြင်းတာက
ဒု,သ,န,သော ဆိုတာ ယောက်ျားတေလေ အသင်းပါရှင့်
မင်းခေမက ဆိုတာလေ ကြာသမား ဘုရင်အစစ်ဟာမို့
အယွင်းအခြေကျအောင်ဟာ ဆရာဘုရားသခင်တောင် မြစ်ရပါသတော့်
ဖြစ်ပုံကို သနစ်အကုန် မြွက်ရမှာဖြင့်
ဇွတ်မသမာ ဝဿကာ သူဝင်ဖျက်တာကြောင့်
စိတ်မသတီစရာရှင့် ...လိစ္ဆဝီရာဇာတို့ ပျက်ခဲ့ချေပေါ့။
အမယ်မင်း ရေတွက်လို့ မဆုံးနိုင်အောင် ဖောက်ပြားသေကြေပျက်စီးပါသရှင့်....
ကိုကိုရယ် ပြည်ပျက်တဲ့ ထုံးပါရှင့်
ယောက်က်ျားတေလေရဲ့ စနက်မီး။

(မန်လည်ဆရာတော်)

 (Nwehninmoe)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...