သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, January 21, 2014

PostHeaderIcon အမျိုးသားရေးစိတ်ဓာတ်



အမျိုးသားရေးစိတ်ဓာတ်
****************
ကဲ...ကျောင်းသားတွေ မှတ်ထားကြ၊ ဒို့ဘုရားလောင်း ခွေးမင်းရဲ့အမျိုးသားရေး စိတ်ဓာတ်

ကို ငါပြောမယ်၊ ဘုရားလောင်း ခွေးမင်းဖြစ်စဉ်ကာလက ရှင်ဘုရင်ရဲ့တရားအဆုံးအဖြတ်
ကို မကျေနပ်တဲ့ ခွေးအပေါင်းက ဘုရားလောင်းခွေးမင်းထံ အကူညီတောင်းကြတယ်၊
ဒီကိစ္စနဲပတ်သက်ပြီးတော့ ခွေးမင်းက ဘုရင့်နန်းတော်ကို သွားတယ်၊ နန်းတော်ရောက်
တော့ ဘုရင်က မေးတယ်၊

အသင်ဘယ်သူလဲ?.. ကျူပ် ခွေးအမတ်ပါ၊ သင့်ကို ဘယ်သူက တင်မြှောက်ထားသလဲ?
ကျုပ်ကို ခွေးအပေါင်းက တင်မြှောက်ထားတယ်။ ဘာကိစ္စနဲ့ လာသလဲ?.. အရှင်မင်းကြီးရဲ့ တရားအဆုံးအဖြတ်ကို မတရားဘူးထင်လို့ လျှောက်တင်ဖို့ လာတာ၊ နန်းတော်ထဲက ရထား
တွေမှာ ချည်ထားတဲ့ သားရေတွေကို ပြင်ပခွေးတွေ စားတယ်ဆိုပြီး၊ ပြင်ပခွေး အားလုံးကို သတ်ဖြတ်ကြလို့ ခွေးမျိုးအားလုံး ပြုန်းတီးလုနီးပါး ရှိပါပြီ၊

ဒါကြောင့် အရှင်မင်းကြီးထံ လျှောက်တင်ဖို့လာခဲ့တာ၊ သားရေတွေကို စားတာ နန်းတော် ထဲက ခွေးတွေပဲဖြစ်မယ်၊ မယုံရင် နန်းတော်ထဲက ခွေးတွေကို နွားနို့နဲ့ ရက်တတ်ရည်

တိုက်ကြည့်ပါလို့ ဘုရားလောင်းခွးမင်းက လျှောက်တင်တယ်၊
 
ဘုရားလောင်းခွေးမင်း ပြောတဲ့အတိုင်း နွားနို့နဲ့ ရက်တက်ရည်ကို တိုက်ကြည့်တဲ့အခါ သားရေတွေ ပြန်အန်ထွက်လာတယ်၊ အပြင်ခွေးတွေ စားတာ မဟုတ်ကြောင်း
ထင်ရှားသွားတယ်၊

ဒီဇာတ်တော်ကို စပ်ပြီး ဆရာတော်က အမျိုးသားရေးအတွက် အမှန်ကို အမှန်တိုင်း
ပြောရဲတာဟာ (ကာကွယ်ပေးတာဟာ) အမျိုးသားရေးစိတ်ဓာတ်ပဲ။


ဂုဏပူဇာမော်ကွန်း ၁၉၉၀-ခုနှစ် ၊ ရွေးကောက်ပွဲ အကြိုကာလ အမျိုးသားနေ့တွင်

ကျောင်းသူကျောင်းသားများအား ပေးသော သြဝါဒ။
------------------------------------------------------
ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
မစိုးရိမ်တိုက်သစ် မန္တလေး

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...