သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, January 14, 2014

PostHeaderIcon မြန်မာစာပေနှင့် မြန်မာ့သမိုင်းကပေးသော အတုယူစရာများနှင့် သင်ခန်းစာများ



မြန်မာစာပေနှင့် မြန်မာ့သမိုင်းကပေးသော အတုယူစရာများနှင့် သင်ခန်းစာများ
******************************
မြန်မာစာပေနှင့် မြန်မာ့သမိုင်းအကြောင်း ပြောမယ်ဆိုရင်တော့ အများကြီးပါ။ စာရှုသူတို့နဲ့
လည်း ရင်းနှီးပြီးသားပါ။  အဲဒါတွေထဲကမှ စာရေးသူ လေ့လာမိတာလေးတွေကို ပြန်လည်
မျှလေိုက်တာပါ။
ပထမဆုံးတွးမိတာကတော့ ငယ်စဉ်ကသင်ကြားခဲ့ဖူးတဲ့ ကဗျာလေးတပုဒ်ဖြစ်တဲ့''ပန်း
စံပယ် နန်းလယ် မပေါ်ခိုက်ဟာမို့''နဲ့ အစချီတဲ့ 'စံပယ်ပန်း'ကဗျာလေးပါပဲ။ နန်းတော်တွင်း
မှာ စံပယ်ပန်းတွေ မပေါ်ခိုက်မှာ နန်းတွင်းသူတွေဟာ ခံပွင့်ပန်းလေးတွေကို သီကုံးပန်
ဆင်ကြရပေမယ့် ''နန်းရေ မန်းမြေမှာ စံပယ်လှိုင်တော့'' ဆိုသလို နန်းတော်တွင်းမှာ
စံပယ်ပန်းတွေ လှိုင်လှိုင်ပေါတော့ ခံပန်းပွင့်လေးတွေဟာ တောဓလေ့ရွာသုံး ဖစ်သွား
ပါတယ်။ ကဗျာအမည်က စံပယ်ပန်း ဆိုပေမယ့် ခံပွင့်ပန်းကလေးတွေရဲ့အဖြည့်ခံ ကိုပါ ဖေါ်ပြသွားတာပါ။ လိုအပ်ရင်ခေါ်သုံးပြီး မလိုအပ်ရင် နည်းမျိုးစုံ အကြောင်းပြပြီး
ပစ်ပယ်တတ်တဲ့ အတ္တကြီးတတ်တဲ့ လူအချို့ရဲ့ လူ့သဘောကိုပါ ပေါ်လွင်စေပါတယ်။

ဒါပေမယ့် ခံပွင့်ဆိုတာ ပန်းကလေးတွေပါ။ ခံပွင့်ပန်းကဲ့သို့သော လူတွေလည်း ရှိပါ
သေးတယ်။ အဲဒီလို ခံပွင့်ပန်းကဲ့သို့သော လူတွေကို အားပေးချင်တာက လူဆိုတာ
သူများထားရာနေ၊ စေရာသွား ဘမှာ တသက်လုံး မနေပါဘူး။ နည်းလမ်း ရှာတတ်ပါ
တယ်။ ကိုယ်ကသာ ကိုယ်ကျင့်တရားကောင်းမြတ်ပြီး သမ္မာအာဇီကျမယ်ဆိုရင်
ကိုယ့်ကို သူများတွေကို ဘယ်လိုပဲ အသုံးချနေပါစေ စွန့်ပယ်နေပါစေ။ အချိန်တန်ရင်
တော့ ကိုယ့်အတွက် ထွက်ပေါက်နဲ့ အောင်မြင်မှုဆိုတာ ရလာမှာပါ။ ဒါဟာ ဘာသာရေး အဆုံးအမတွေထဲမှာလည်း ရှိပါတယ်။
နောက်တခု သွားတွေးမိတာက ဦးပုညရေး ဆဒ္ဒန်ဆင်မင်းဇာတ်။ အားလုံး သိကြပြီးဖြစ်တဲ့
အတိုင်းပဲ၊ ဇာတ်ကြီးဆယ်ဘွဲထဲက ဆဒ္ဒန်ဆင်မင်းဇာတ်။ စာဆိုတော်ဦးပုညရဲ့ကလောင်စွမ်း၊ အားလုံးမြည်းဖူးကြမှာပါ။ ခံပွင့်ပန်းလို လူတွေအကြောင်းပြောပြီးတော့ ဆဒ္ဒန်ဆင်မင်း ဇာတ်
တော်ထဲက သောနုတ္တရမုဆိုးလို လူတွေအကြောင်း ဆက်ပြောချင်ပါသေးတယ်။

မုဆိုး သောနုတ္တိုရ်ဘာလုပ်သလဲ၊ သတ်တယ်၊ ဖြတ်တယ်၊ ပြီးတော့ရော- အခက်အခဲကြုံ
လာရင် ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချ၊ အဲဒီတော့ သင်ခန်းစာ အဟောင်းလေး ပြန်တွေးကြည့်ရ
အောင်။
ဆဒ္ဒန်ဆင်မင်းဇာတ်အကျဉ်းကို မျှပေါရစေ။ ဆဒ္ဒန်ဆင်မင်းမှာ မိဖုရားနှစ်ပါးရှိတယ်။ မဟာ
သုဘဒ္ဒါနဲ့ စူဠသုဘဒ္ဒါ။ တရက်မှာတော့ ဆဒ္ဒန်ဆင်မင်းက မိဖုရားနှစ်ပါးကို ပန်းပေးမယ်ဆို
လုပ်တယ်။ ဆင်တွေဆိုတော့လည်း သူတို့နည်းသူတို့ဟန်နဲ့ ပန်းပေးတာပေါ့နော်။ မိဖုရား
နှစ်ပါးကို ဝဲညာရံစေလျက် ဆဒ္ဒန်ဆင်မင်းက အင်ကြင်းပင်ကို ဦးနဲ့ဝှေ့တော့ သစ်ပင်ပေါ်က အင်ကြင်းပန်းတွေက ကျလာတာပေါ့။ အဲဒီမှာဖြစ်ချင်တော့ မဟာသုဘဒ္ဒါဘက်ကို ပန်းတွေ
ကျပြီး စူဠသုဘဒ္ဒါဘက်ကိုတော့ ခါချဉ်ကောင်တွေကျလာခဲ့တယ်။ အဲဒီတော့ စူဠသုဘဒ္ဒါက အမျက်တော်ရှသွားခဲ့တယ်။ အဲဒီစူဠသုဘဒ္ဒါမိဖုရားက သေဆုံးသွားပြီး ဒီဘမှာ လူပြန်ဖြစ်ပြီး
ဘုရင်ကြီးရဲ့မိဖုရားဖြစ်နေတယ်။ ဆဒ္ဒန်ဆင်မင်းကတော့ ကံမကုန်သေးဘူး။ ဆင်မင်းဘနဲ့ပဲ ရှိနေသေးတယ်။  အဲဒီမှာ သူ့ရဲ့ဒီဘက လင်တော်မောင်ဘုရင်ကြီးကို သူက ဆဒ္ဒန်မင်းရဲ့
အစွယ်ကို နားကွင်းလုပ်ပန်ချင်တာကြောင့် ဆဒ္ဒန်မင်းကို သတ်ပေးဖို့ ပူဆာတော့တယ်။
အမှန်တော့ ဆဒ္ဒန်ဆင်မင်းကို လက်စားချေတာပေါ့လေ။ အဲဒီတော့ ဘုရင်က မုဆိုး
သောနုတ္တရ်ကို စေခိုင်းတော့တာပါပဲ။
မုဆိုးသောနုတ္တိုရ်အကြောင်း…
ဆဒ္ဒန်ဆင်မင်းကို လုပ်ကြံတယ်။ နောက်ဆုံး ဆဒ္ဒန်ဆင်မင်းက ထိုမုဆိုးကို ဖမ်းမိသွားတာ့ သင်း(သောနုတ္တိုရ်)ဘာလုပ်သလဲသူ့အပြစ်လွတ်အောင် 'မြမရှား စိန်မရှား အလွန်ပင် များ
သည့်ကြားက နားလေးလေဟန် ဆင်စွယ်ကိုမှ နားတောင်းကွပ်၍ ပန်ဆင်လိုပါသည်'ဆိုပြီး
မိဖုရားကို လွှဲချ၊ ဒါတင်ပဲလား၊ မဟုတ်သေးဘူး၊ 'သူ့မယား ငိုတည့်လျှင် ဟိုလူကြီးက ပျာယီး
ပျာယာ ပဇာအရေး မမျှော်တွေးပဲ ကျွန်တော်မျိုးအား ဆင့်ခေါ်ပြီးလျှင် ဟယ်...နော်လုဒ္ဒက
ဆဒ္ဒန်အစွယ် မရက ဇီနတ္ထိ နင်သေမည်သိ' ဆိုပြီး ဘုရင်ကို လွှဲချနဲ့…ကဲ…ကြည့် ... 
နာက်ဆုံး သူ့ကိုယ်သူတော့ ဘယ်လိုပြောတယ်ထင်သလဲ။

'အစွယ်လိုသူ မိဖုရား၊ စေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော် ကြံဖော်
ကြံဖက် သုံးယောက်အနက်မှ ကံကွက်ကျား ငမိုက်သား မုဆိုးလေ'တဲ့..သောနုတ္တရတို့
လျှောက်တင်ပုံများ။ ဆဒ္ဒန်ဆင်မင်းက သူ့ကို လာသတ်နေတဲ့၊ သူ့ကိုလးနဲ့ခွင်းထားတဲ့
ဒီမုဆိုးကို အပြစ်ပြောဖို့နေနေသာသာ 'သြာ်…ဒီကောင်လေးလည်း နီးရာဓား
ကြာက်ရရှာတာကိုး၊ သူ့အထက်က ခိုင်းလို့ လုပ်ရရှာတာကိုး'ဆိုပြီး ပြန်ပြီးတော့
တောင် သနားရမလိုလို။ သောနုတ္တိုရ်ရဲ့လုပ်ရပ်ကလေးက အတုယူချင်စရာတောင်
ကောင်းသလိုလို၊ အတုလည်းယူကြပါတယ်။ ထားပါတော့။

ဒီလိုနဲ့ ဆဒ္ဒန်ဆင်မင်းက သောနုတ္တရလျှောက်တင်ချက်ကို သဘောပေါက်သွားပြီး ဆဒ္ဒန်ဆင် မင်းရဲ့ယခင်ဘက မိဖုရားစူဠသုဘဒ္ဒါရဲ့လက်စားချေတဲ့ အကြံကို သိရှိသွားတဲ့အခါကြ
တာ့ 'လာင်စာ ရန်ငြှိုး မီးဆက်၍ ပျိုးမည်စိုးသောကြောင့်' 'မိန်းမဆိုး အမုန်း ဒီဘဝနှင့်ပင် ဆုံးစတော့'ဆိုပြီး မုဆိုးသောနုတ္တိုရ်ကို အလိုရှိရာကိပုနိုင်ကြောင်း ပြောလိုက်တဲ့အခါမှာ
စောစောကတော့ သူသေရမှာကို အကြောက်ကြီးကြာက်ပြီး ဉာဏ်နီဉာဏ်နက် အစုံသုံး
ပြီး သူအပြစ်လွတ်အောင် ပျာပျာသလဲရှောင်နေတဲ့ မုဆိုးသောနုတ္တိုရ်တို့များ ပျော်လွန်းလို့ ထတောင်က,သတဲ့။ ဒါပါပဲ။ လူဆိုတာ ကိုယ့်ကိုကိုယ် လုံခြုံစိတ်ချရပြီလို့ ထင်တဲ့အခါ စရိုက်မှန်က ပေါ်လာတတ်တာကိုး။ နောက်ပြီးတော့ ဘာလုပ်သလဲ။

ဦးပုည အရေးအသား အရမ်းကောင်းပါတယ်။ ''မုဆိုးညစ်ထေး၊ ငမိုက်ခွေးလည်း၊ လေးစွန်
တောင်နှင့်၊ အာခေါင်ကိုလှန်၊ ဒိုင်းထောက်၍ ကန်ပြီးလျှင်၊ ထက်သန်မြမြ၊ ကြောက်မက်ဖွယ်
လွှကြီးနှင့်၊ အာစကိုဖတ်တိုက်၊ ဦးနှောက်ခိုက်လုအောင်၊ အလျားလိုက် ထိုးသွတ်၊ စွယ်ရင်း
ကိုပွတ်၊ ဤတွင်ပါက်လွတ် ဗလဖွာ၊ ကန်ကျိုး၍ လာသကဲ့သို့၊ အာခေါင်တွင်းမှ
သွေးချောင်း ကျလျက် ၊ ကြီးစွာဝေဒနာ၊ ဖြစ်တော်မူ၏''တဲ့။

ကဲ..သောနုတ္ထရတို့ 'မိုက်ချက်ကတော့ ကမ်းကုန်ပဲ'။ မိုက်တယ်ဆိုတာ မိုက်မဲတယ်၊ မိုက်ကန်း
တယ် လို့ပြောချင်တာ၊ ချီးကျူးတာ မဟုတ်ဘူး။ အဲဒီတော့ စာရေးသူ အခုမျှခေဲ့တာ ဆဒ္ဒန်ဆင် မင်းဇာတ်တော်လာ မုဆိုးသောနုတ္ထိုရ်ရဲ့ အကြောင်းကို အဓိက မျှတောပါ။

ထို…မုဆိုး သောနုတ္ထိရ်။ ရက်စက်တယ်၊ ကြမ်းကြုတ်တယ်၊ ဒါတင်ပဲလား၊ မဟုတ်သေးဘူး၊ အခက်အခဲကြုံလာရင် သူ့အပြစ်လွတ်အောင်ရှာင်တတ်တယ်။ သူများကို အပြစ်ပုံချတတ်
တယ်။ သူ့ကိုယ်သူ သနားစရာဖြစ်အောင်၊ မလွှဲသာမရှောင်သာလို့ လုပ်ရတာ၊ နီးရာဓား
ကြာက်လို့ လုပ်ရတဲ့ ပုံစံမျိုးဖြစ်အောင် ဟန်ဆောင်တယ်။ စကားကြွယ်တယ်၊ ပါးနပ်တယ်၊ ဉာဏ်နီဉာဏ်နက်များတယ်။
သူလုပ်ထားတဲ့ အကုသိုလ်ဒုစရိုက်အလုပ်ကို ပပျောက်စေဖို့ ခါတော်မီ လျှာပေါ်လာ ဇာတ်
လမ်းတွေ ထွင်တတ်တယ်။ အဲ…ဒါပေမယ့် သူ့ရဲ့ပါးနပ်မှုကတော့ သူ့ကို အခါခပ်သိမ်း
ကောင်းကျိုး မပေးခဲ့ပါဘူး။ အဲဒီတော့ သူ့အကြောင်းကို ရာဇဝင်ဆရာများက ဘယ်လို
ရာဇဝင်မှာ စာတင်ခဲ့ပါသလဲ။ “မုဆိုးညစ်ထေး ငမိုက်ခွေး သောနုတ္တိုရ်”တဲ့။ 

အဲဒါကြောင့် သောနုတ္တရမုဆိုးနှင့် တူသောသူများ မိမိကိုယ်ကို အချိန်မီပင်သင့်ပါပြီ။
အချိန်ရှိပါသေးတယ်။ စာရေးသူကတော့ ဘယ်သူရယ်၊ ဘယ်ဝါရယ် နာမည်တပ်ပြီး
မပြောလိုပါဘူး။ အကုန်လုံးကို ဝါးလုံးရှည်နဲ့ သိမ်းရမ်းတာမျိုး စာရေးသူ မလုပ်ချင်၊
မလုပ်ရဲပါဘူး။ တော်ကြကိုယ်ပါ သောနုတ္တိုရ်လို လူမျိုးစာရင်းထဲ ပါသွားမှဖြင့
ကဲ…ဒီဇာတ်တော်မှာ မုဆိုးသာနုတ္တိုရ် မကောင်းဘူးဆိုတော့ ဘုရင်နဲ့ မိဖုရားကရော။
ရန်ငြှိုးကြီးမားတဲ့ မိဖုရားနဲ့ စဉ်းစားဆင်ခြင်ဉာဏ် မသုံးပဲ မယားအလိုကျ မယားခိုင်း
တာလုပ်တဲ့ဘုရင်။ ဒီလိုပြောလို့လည်း မိန်းမ မကောင်းဘူး၊ ယောက်ျားမကောင်း
ဘူး ပြောတာ မဟုတ်ပါဘူးနော်။ ဇာတ်သဘော အရပြောတာပါ။
ယောမင်းကြီး ဦးဘိုးလှိုင်နှင့် အမတ် ဒိန်မဏိရွတ်
'ယောအတွင်းန် ဦးဘိုးလှိုင်'ဆိုတာနဲ့ ခေါင်းထဲကနေ တန်းထွက်လာမှာပါ။ ငယ်ငယ်တုန်း က အော်ကျက်ခဲ့ရတဲ့ အင်မတန်မှ ပြောင်မြောက်လှတဲ့ ရှင်ဘုရင်ကိုလျှာက်တင်ပုံလေး။
''အစ်မ၊ နှမ၊ သမီးကကို စ၍ဆက်နှင်း လက်ဆောင်သွင်း၍ စိုးမင်းချစ်မြတ် ထိုအမတ်သည်
အတတ်မရှိ သတ္တိကင်းကွာ ဘုန်းကြီးလှာမူ ပြည်ရွာပျက်ကြောင်း''ဆိုပြီး မင်းတုန်းမင်းကြီး ကိုလျှာက်တင်ခဲ့တာ။ မင်းတုန်းမင်းကြီးက သူ့ကို လှံနဲ့ထိုးမယ် လုပ်တော့ 'ထိုးတော်မူပါ
ဘုရား' ဆိုပြီး ရင်ကော့ပေးခဲ့တာ။ ဒါပေမယ့် ဘုရင်က မင်းကျင့်တရားနဲ့ ပြည့်စုံတဲ့ဘုရင် ဖြစ်
တော့ သူ့ကို လှံနဲ့မထိုးတဲ့အပြင် အစစအရာရာမှာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ မင်းအလို
လိုက်၊ မင်းအကြိုက် ဆောင်တဲ့ အမတ်မဟုတ်ပဲ ဟုတ်တိုင်းမှန်ရာ လျှောက်တင်ရဲသူ ဆိုပြီး ချီးမွမ်းတော်မူပါသတဲ့။
အမတ်ဒိန်တဲ့။ နာမည်က မွန်နာမည်။ မွန်ရာဇင်မှာတော့ ဆင်ဖြူရှင် ဗညားဦးနဲ့ရာဇာဓိ
ရာဇ်လက်ထက်မှာ အလွန်ကျော်ကြားတဲ့ အမတ်ကြီးပေါ့။ ဆင်ဖြူရှင်ဗညားဦးရဲ့သားတာ်
ဗညားနွဲ(ရာဇာဓိရာဇ်)က သူ့ဖခမည်းတော် နာမကျန်းဖြစ်နေစဉ်မှာ လက်နက်၊ လူသူ စု
ဆောင်းပြီး ထီးနန်းသိမ်းဖို့ ကြံရွယ်တယ်။ ဒါပေမယ့် ထိုဗညားနွဲမင်းသားက သူ့ဖခမည်း
တော်နှင့်သူဟာ ကြားက ပယောဂတွေကြောင့် သွေးကွဲခဲ့ရပေမယ့် သူ့ဖခမည်းတော်
ကိုတော့ သူ တော်တော်ချစ်ပါသတဲ့။ ဒီလိုနဲ့ ဆင်ဖြူရှင် နတ်ရွာစံ ကံတော်ကုန်တော့ ဗညား
နွဲ့ဟာ ဟံသာတီထီးနန်းကို လက်နက်ဗိုလ်ပါတွေနဲ့ သိမ်းပိုက်ဖို့ရာက်လာခဲ့ပါသတဲ့။

အဲဒီမှာ ဟံသာတီ မြို့တံခါးမှူးက အမတ်ဒိန်။ ရာဇာဓိရာဇ်တပ်တွေ င်ဖို့ မြို့တံခါးကို
က်ပဲ ဖွင့်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ နတ်ရွာစံ ကံတော်ကုန်
သွားတဲ့ ရှင်ဘုရင်ဗညားဦးရဲ့ရုပ်အလောင်းက မသဂြိုဟ်ရသေးဘူးကိုး။ နောက်တော့
ရှင်ဘုရင် ရာဇာဓိရာဇ်က နန်းသိမ်း ဘိသိက်ပွဲခံအပြီး ပထမဆုံးကျင်းပတဲ့ ညီလာခံမှာ
''ငါ့မျက်စိထဲင်နေတဲ့ စူးနှစ်ချောင်းမှာ တချာင်းက နှုတ်ပြီးပြီ၊ နောက်တချာင်း ကျန်
သေးတယ်''လို့ မိန့်တာကိုး။ သူပြောတဲ့ ဆူးနှစ်ချာင်းဆိုတာ သူ့ရဲ့ယာက်ဖတော်
သမိန်ပရှုနဲ့ အမတ်ဒိန်ကို ပြောတာ။ သမိန်ပရှုကိုတော့ ရာဇာဓိရာဇ်တို့က ကွပ်မျက်ပြီးပြီ။ အမတ်ဒိန်ကျန်သေးတယ်။ သူ့ကို မြို့တံခါးတက်ပဲ ဖွင့်ပေးလို့ အမျက်တော်ရှနေတာ။
ဒါကိုသိတဲ့ အမတ်ဒိန်က ချက်ချင်းပဲ သူဟာ ထီးဆောင်းမင်းကိုသာ ခစားကြောင်း၊
သူပုန်မင်းကို မခစားလိုကြောင်း၊ ရာဇာဓိရာဇ်တို့တပ်တွေ မြို့ထဲင်လာတုန်းကလည်း
ဆင်ဖြူရှင် နတ်ရွာ မစံသေးဘူးဆိုရင် သူက အသက်ပေးပြီး ခုခံမှာဖြစ်ကြောင်း၊ ဒါပေ
မယ့် ဆင်ဖြူရှင်ဗညားဦး နတ်ရွာစံပြီးဖြစ်ပေမယ့် မသဂြိင်္ုဟ်ရသေးလို့ မြို့တံခါးတက်ကို
သာ ဖွင့်ပေးခြင်းဖြစ်ကြောင်း၊ သူဟာ အဲဒီလို ရာဇာဓိရာဇ်ရဲ့ဖခမည်းတော်အပေါ်မှာ
သစ္စာရှိခဲ့ကြာင်း၊ အခုလည်း ထီးဆောင်းမင်းရာဇာဓိရာဇ်ကို သူယခင်က ဖခမည်း
တော် ဗညားဦး အပေါ်မှာ သစ္စာရှိသကဲ့သို့ သစ္စာရှိမည်ဖြစ်ပြီး အမှုတော်ထမ်းမည်
ဖစ်ကြောင်း လျှောက်တင်တဲ့ အခါ ရာဇာဓိရာဇ်က အမျက်တော်ပြေပြီး သူ့ကို
'မဏိရွတ်' ရတနာကဲ့သို့ ထွန်းလင်းတောက်ပ တန်ဖိုးရှိသော အမတ်ဆိုတဲ့ဘွဲကို
ချီးမြှင့်ပြီး သူကောင်းပြုခဲ့ပါတယ်။ ဘုရင်ကတောင် ပြန်ပြီး တန်ဖိုးထားရတဲ့
အမတ်တွေပါ။
မင်းခယောက်ျား ကမ်းပါး သစ်ပင်ဆိုတာ
မြန်မာစာပေမှာတော့ ဆိုရိုးရှိပါတယ်။'မင်းခယောက်ျား ကမ်းပါးသစ်ပင်'တဲ့။ မင်းထံ အခ
စား င်ရတဲ့ယာက်ျားတွေဟာ ကမ်းပါးက သစ်ပင်တွေလိုပဲ မတည်ငြိမ်ဘူးပေါ့။ ရေကြီး
လို့၊ ကမ်းပါးပြိုလို့ အစရှိတဲ့အကြောင်းတွေကြောင့် အချိန်မရွေး ပြိုလဲပျက်စီးနိုင်တယ်ပေါ့
လေ။ ဒါပေမယ့် အခုစာရေးသူ တင်ပြခဲ့တဲ့ ယောမင်းကြီးတို့လို၊ အမတ်ဒိန်တို့လို မင်းခ
ယောက်ျားမျိုးတွကြတော့ 'ကမ်းပါးသစ်ပင်'တွေ မဟုတ်ကြပါဘူးလို့ စာရေးသူက ဖြည့်
တွေးလေး တွေးမိပါတယ်။ သူတို့က အမှန်တရား၊ သစ္စာတရားအတွက်ဆို သေမှာတောင်
မကြောက်တဲ့ ပုဂ္ဂိုလ်တွေဆိုတော့ ရာထူး စည်းစိမ်ဆိုတာလောက်တော့ စာတောင် ဖွဲ့
ကြမှာ မဟုတ်လို့ပါပဲ။ ဒီလိုလူမျိုးတွေရဲ့သတင်းကတော့ ရာဇင်မှာ အမှန်တကယ်ပဲ ကြည်ညိုစရာကာင်းခဲ့ကြပါတယ်။ ဒီနှစ်ဦးတည်းတော့ မဟုတ်ပါဘူး။ အခြားသော
ကြည်ညိုလေးစားဖွယ်ကောင်းတဲ့ အမတ်များ၊ မင်းခယောက်ျားများလည်း သမိုင်းမှာ
အများကြီးရှိပါသေးတယ်။
ကျန်စစ်မင်းကြီးရဲ့သားတော် ရာဇကုမ္မာ
ကျန်စစ်မင်းကြီးရဲ့သားတော်ရာဇကုမ္မာ အကြောင်းလည်း သိကြပြီးသားပါ။ သူ့ဖ
ခမည်းတ်ာမင်းကြီးက သူ့ကိုထီးနန်းမအပ်ပဲ မြေးတော်ကို ထီးနန်းအပ်လိုက်ပေ
မယ့်လည်း ခမည်းတ်ာကို အမျက်မသိုပဲ ခမည်းတော်ပျံလွန်တော်မူကာနီးမှာ
ခမည်းတော်အတွက် ရည်စူးပြီး ကောင်းမှု ကုသိုလ်ပြုလုပ်ပြီး ခမည်းတော် သာဓု
ခေါ်ဆိုနိုင်စေဖို့ ပြုလုပ်ခဲ့တာ..ဒီလိုသားမျိုး။
ဒီလို စိတ်ဓာတ်မျိုး။ သြော်ကာင်းမြတ်တဲ့ ကိုယ်ကျင့်တရား၊ ခန္တီတရားတွေ၊
စိတ်ဓာတ် ပြည့်တဲ့ သူတွေမှာတော့ မင်းစည်းစိမ်ဆိုတာ မရလည်း အေးဆေးပဲ။
တည်ငြိမ်စွာ သည်းခံနိုင်ကြတာပါလား။ ဒါဟာ စံနမူနာပြုစရာ ကောင်းမြတ်သော စိတ်ဓာတ်တွေပါလားဆိုတာ သိရပါတယ်။ ကြည်ညိုလေးစားရပါတယ်။
-
ပင်းယစကြို သူမြတ်ရဲ့ ဆုံးမသြဝါဒ
ရာဇာဓိရာဇ်အကြောင်းလေး နည်းနည်း ထပ်ဆက်ချင်ပါသေးတယ်။ အင်း-ဟံသာဝတီ
အနှစ်လေးဆယ် စစ်စဖြစ်ကာစ အချိန်ပေါ့လေ။ အဲဒီအချိန်မှာ အင်းကနေ ပင်းယစကြို
သူမြတ်က မွန်ဘုရင် ရာဇာဓိရာဇ်ဆီကို ငြိမ်းချမ်းရေးသြဝါဒ စကားမြွက်ကြားဖို့ ကွရောက်
တော်မူပါတယ်။ ရာဇာဓိရာဇ်ကလည်း ပင်းယစကြိုသူမြတ်ကို ကောင်းမွန်စွာ ကြိုဆိုဧည့်ခံ
ပြီး ပင်းယ စကြိုသူမြတ်ကိုကည်ညိုတာရော၊ ပြီးတော့ ပင်းယစကြိုသူမြတ်အရှေ့မှာ ရာဇာ
ဓိရာဇ်ရဲ့တပ်က သမိန်သံကြယ်င်လာပြီး ရွှေကြယ်ယက် ဘုရားကနေ ဖမ်းဆီးလာတဲ့
အင်းသား ဘုရားကျွန် ၇ ယောက်နဲ့ ခေါင်းပြတ် ၃၀ လောက်ကို ရာဇာဓိရာဇ်ကို လာ
ရောက် ဆက်တာကို စကြိုသူမြတ်မင်တော့ အတော်လေး စိတ်မကောင်းဖြစ်သွားပြီး
ရာဇာဓိရာဇ်ကို ''အင်းကို ချီလာတာ သာသနာတော်ကို မြှောက်စားဖို့လို့ ပြောပြီး
ခုတော့ ဘုရားယျောစ္စလုပ်နေတဲ့ ဥပါသကာတွေကို သတ်တာမြင်ရလို့ ဒါတွေကို မမြင်
ချင်တော့ဘူး၊ အင်းဝပြန်ကြွတော့မယ်ဆိုတာ့ ရာဇာဓိရာဇ်က သူ့တပည့်တွေကို အရေး ယူပါ့မယ်လို့ လျှောက်တယ်။ ပင်းယစကြို သူမြတ်ကလည်း သူ့ကို အာပတ်သင့်အောင်
ထပ်မလုပ်ဖို့ မိန့်တယ်။ ရာဇာဓိရာဇ်က အင်းသားတွေကို သတ်ဖြတ်ပြီး သူ့ကို လာဆက်
သတဲ့ သူ့လက်အောက်ငယ်သားတွေကို အရေးယူမယ်ဆိုတာကို စကြိုသူမြတ်က လက်
မခံတာပါ။ ဘာဖြစ်လို့လဲဆိုတော့ စကြိုသူမြတ်ကြာင့်သာ ရာဇာဓိရာဇ်ရဲ့ငယ်သားတွေ ကွပ်မျက်ခံရမယ်ဆိုရင် စကြိုသူမြတ် အာပတ်သင့်မှာမို့ပါ။

သြာ် ဝိနည်းနဲ့အညီ ကျင့်ကြံနေထိုင်တဲ့ ရဟန်းသံဃာတော်များ အတော်လေးစားဖို့
ကောင်းပါလား။ တကယ်တမ်း စဉ်းစားကြည့်ရင် စကြိုသူမြတ်က အင်းသား(အင်းက
ကြွလာတာ)၊ ရာဇာဓိရာဇ်တို့က ဟံသာတီ၊ အဲဒီအချိန်က အင်းနဲ့ ဟံသာတီ စစ်ဖြစ်
နေတဲ့အချိန်။ ဒါကို အင်းကကွလာတဲ့ စကြိုသူမြတ်က အင်းကို တိုက်နေတဲ့ ဟံသာတီ
တပ်သားတွေကို သူတို့ဘုရင်က ကွပ်မျက်မယ်ဆိုတာကို ဟန့်တားတာ။ ကြည့်..။ ရန်သူကိုတောင်မှ မေတ္တာထားတာ။ ရာဇာဓိရာဇ်က သူ့တပ်သားတွေကို အရေးယူရင်
ပင်းယစကြို သူမြတ်ကြောင့်ဆိုပြီး ဖြစ်မှာကို လက်မခံတာပါ။ နောက်ဆုံး ရာဇာဓိရာဇ်က
အင်းကို မတိုက်တော့ပါဘူးလို့ ပင်းယစကြိုသူမြတ်ကို ကတိပေးတယ်။ ပြီးတော့ ရာဇာဓိ
ရာဇ်က ဘုရားကျောင်းတော် တဆောင်ဆောက်လုပ်ဖို့ ခွင့်တောင်းတော့ ပင်းယစကြို
သူမြတ်က ခွင့်ပြုတယ်။ ဒါနဲ့ရာဇာဓိရာဇ်လည်း သူစီးလာတဲ့ ရွှေဖောင်တော်ကြီးကို ဖျက် ပြီး ရွှေကြယ်ယက်ဘုရား တံတိုင်းတော်မှာ ဘုရားကျောင်းတဆောင်ဆာက်လုပ်လ
န်းပြီး ဟံသာတီအပြန်လမ်းမှာ ပုဂံမှာရှိတဲ့ ဘုရားတွေ င်ဖူးဦးမှာမို့ စကြိုသူမြတ်
ကိုလည်း ဘုရားဖူးလိုက်ဖို့ပင့်တော့ စကြိုသူမြတ်လည်း လိုက်မယ်လို့ကတိပြုတာပေါ့။

ဟံသာတီတပ်တွေ စစ်ကိုင်းကနေ တပ်ဆုတ်ပြီး ဧရာတီမြစ်ရေနဲ့အတူ စုန်ဆင်းသွားတာ
ကို မြင်တာနဲ့ အင်းဘုရင်မင်းခေါင်က ရာဇာဓိရာဇ်လထားတဲ့ ရွှေကြက်ယက်ဘုရားက
ကျောင်းဆာင်ကို မီးရှို့ဖျက်ဆီးခိုင်းတော့တာပဲ။ အဲဒီအချိန် ရာဇာဓိရာဇ်ရဲ့တပ်ကြီးတွေက
သိပ်ဝေးဝေး မရောက်သေးဘူး။ ဒီတော့ ရွှေကြက်ယက်ဘုရားဘက်က မီးခိုးလုံးတွေ တလိပ်
လိပ် တက်လာတာကို ကြည့်ပြီး သူလထားတဲ့ကျာင်းဆောင်ကို ဘုရင်မင်းခေါင် မီးရှို့ပြီ
ဆိုတာ ရာဇာဓိရာဇ် သဘောပေါက်တာပေါ့။ သူ့တပ်တွေကိုလည်း အင်းကိုပန်လှည့်ခိုင်းပြီး အင်းကို ပြန်တိုက်ဖို့ လုပ်နေပြီ။ စကြိုသူမြတ်လည်း ဘုရင်မင်းခေါင်လုပ်ရပ်ကြောင့် အတော်
ကလေး စိတ်မကောင်းဖြစ်သွားပြီ။ ဒါပေမယ့် ရာဇာဓိရာဇ်ကို သြဝါဒစကား
မွက်ကြားပါတယ်။

'ဒကာတော်အရှင်မင်းကြီး၊ မီးခဲကို ကိုင်သူဟာ မီးလောင်သလိုပဲ၊ အရှင်မင်း ရေစက်ချ လှူဒါန်းထားတဲ့ ကျောင်းဆောင်တော်ဟာ သာသနာပိုင်ဖြစ်သွားပြီ၊ သာသနာ့ပစ္စည်းကို
ဖျက်ဆီးသူဟာ သူပြုတဲ့အကြောင်းအတိုင်း ပျက်စီးမှုအကျိုးကို ရတော့မယ်။ အရှင်မင်းကြီး ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ကုသိုလ်စိတ်ကြောင့်ဖြစ်တဲ့ ပီတိစိတ်ကို အပျက်စီးမခံပါနဲ့၊ ခန္တီ
တရားကိုသာ လက်ကိုင်ထားပါ'လို့ ဆုံးမတော်မူပါတယ်။ ရာဇာဓိရာဇ်လည်း စကြိုသူမြတ် ရဲ့ဆုံးမသြဝါဒစကား၊ ပြီးတော့ သမိန်ဗြဇ္ဇနဲ့ အမတ်ဒိန်တို့လို အမတ်ကြီးတွေကပါ အင်းကို အခုနေသွားတိုက်ရင် အကျိုးထက် အပြစ်ပိုများလိမ့်မယ့်အကြောင်း လျှောက်တင်တော့
ဒေါသပြေပြီး ဟံသာတီ ပြန်သွားပါတော့တယ်။
နိုင်ငံရေးကစားတဲ့ နေရာမှာ သာသနိကအဆောက်အအုံတွေနဲ့ အပြစ်မဲ့သူတွေဟာ အသုံးချ 
ခံ မဖြစ်သင့်ပါဘူးဆိုတဲ့ အကြောင်းကို ပြောထားတဲ့ သမိုင်းအဖြစ်အပျက်လေးပါ။ အဲဒီလို
မဟုတ်ပဲ ဒီသာသနိကအဆောက်အအုံတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို ထိပါးခဲ့ရင်တော့
စကြိုသူမြတ် ဟောသလို မီးခဲကို ကိုင်မိသူလို ဖြစ်ပြီး မီးလောင်ပါလိမ့်မယ်လို့သာ 
မျှချေင်ပါတာ့တယ်။
လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံတဲ့ စစ်သည်တော် သူရဲကောင်း လဂွန်းအိမ်
ရာဇာဓိရာဇ်လက်ထက်က ထင်ရှားခဲ့တဲ့ သူရဲကောင်း စစ်သည်တော်ပါ။ လဂွန်းအိမ် အကြောင်းပြောရရင်တော့ တော်တော်များပါတယ်။ ရဲစွမ်းသတ္တိရှိတယ်၊ စစ်သည်တော်
ယောက်ျားကောင်းပီသတယ်၊ ဒါပေမယ့် သူ့ဘုရင်ကို ကလေးဆိုးလို ဆိုးပြတယ်။၊ ဘုရင်
ကိုတောင် သူကပြန်ပြီး အချစ်စမ်းလိုက်သေးတယ်။ အန္တရာယ်များတဲ့ စစ်ပွဲတပွဲ မတိုက်ရ
သေးခင်မှာ သှုင် ရာဇာဓိရာဇ်နဲ့မိဖုရားက တပ်သားတွေကို အားပေးတယ်။ ပြီးတော့
စစ်ထွက်မယ့်အချိန် လဂွန်းအိမ်တို့ အိပ်ရာက မထ၊ ဘာဖြစ်လို့လဲလို့မေးတော့ ခုန သူတို့
စစ်သည်တော်တွေကို လာအားပေးသွားတဲ့ သုရှင်ရာဇာဓိရာဇ် မိဖုရားကို ကြိုက်လို့၊ အဲဒီ
မိဖုရား အလှမှာ ယစ်မူးသွားလို့၊ အဲဒီမိဖုရားကို သူ့မပေးရင် သူ့ကို သတ်ချင်သတ်၊ သူ စစ်
မထွက်ဘူး ဆိုတာကိုး။

အမတ်တွေလည်း ခေါင်းမီးတောက်ပြီး ရာဇာဓိရာဇ်ကိုလျှာက်တော့ ရာဇာဓိရာဇ်က ရုတ်တရက်တော့ ဒေါသထွက်တယ်။ ဒါပေမယ့် စစ်ဘုရင်ဆိုတော့လည်း စစ်သားကို
ပိုအလေးထားသလား မဆိုနိုင်ပါဘူး။ သူ့မိဖုရားကို ဖောင်တော်နဲ့ လဂွန်းအိမ်ဆီကို ပို့
လွှတ်လိုက်တယ်။ မိဖုရားကလည်း ငိုလို့။ ကဲ..ကြည့်။ အဲဒီခေတ်က အမျိုးသမီးများ။ ဘုရင့် မိဖုရားဖြစ်ရတာတောင်။ ထားပါတော့။ အဲဒီလိုနဲ့ လဂွန်းအိမ်ဆီရောက်လာတော့ လဂွန်း
အိမ်က ဘုရင့်မိဖုရား သူ့ဆီလာပြီကို သိတာနဲ့ သူ့တပ်သားတွေကိုခေါ်၊ ပန်းနဲ့ အမွှေးနံ့
သာတွေနဲ့ ကန်တော့ပွဲဆင်ပြီး မိဖုရားကို ကန်တော့တောင်းပန်၊ အခုတိုက်မယ့် တိုက်ပွဲ
က အန္တရာယ်အရမ်းကီးတာမို့ သုရှင်က သူ့ကို တကယ်ချစ်/မချစ်သိချင်လို့ သုရှင်ကို
အချစ်စမ်းတာပါ၊ တကယ်တာ့ သူ့မှာ မိဖုရားကိုစ်ာကားလိုစိတ် မရှိပါဘူး ဆိုပြီး
မိဖုရားကို ကန်တော့၊ ပြီးတော့ သုရှင် ရှိရာဒသဖက်ကို မှန်းဆပြီးကန်တော့အဲဒီလို
ပွဲခံတာ။ အဲဒါ လဂွန်းအိမ်။

အဓိက မျှချေင်တဲ့ အကြောင်းပဲပြောပါတော့မယ်။
အင်းနဲ့ဟံသာတီ စစ်ပွဲက အနှစ်(၄၀)လုံးလုံး မနားတမ်း တိုက်နေတာ မဟုတ်ဘူးလေ။
ငြိမ်းချမ်းရေးစကား ဆိုတဲ့အချိန်ရှိတယ်၊ စစ်နားထားတဲ့ အချိန်တွေလည်းရှိတယ်။
ထားပါတော့။
တခါတော့ အင်းဘက်က စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းတော့ ရာဇာဓိရာဇ်က သဘောတူတယ်။ အင်းတပ်သားတွေနဲ့ ဟံသာတီတပ်သားတွေဟာ နှစ်ဖက်တပ်တွေကြားက သဲသောင်ပြင်
မှာ နိုင်ငံရေး၊ တိုင်းရေးပည်ရေး ဆွေးနွေးမယ်။ ပြီးရင် ငြိမ်းချမ်းရေး စာချုပ်ချုပ်မယ်ပေါ့။
အဲဒီပွဲကို ပဲခူးက အိမ်ရှင်ဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီပွဲအတွက် မဏ္ဍပ်ထိုးဖို့၊ အခင်း အကျင်း ပြင်ဆင်ဖို့နဲ့ စားရေးသောက်ရေးကို တာန်ယူတယ်။ အဲဒီပွဲက ငြိမ်းချမ်းရေးပွဲဆို
တော့ နှစ်ဖက် စစ်သည်တော်တွေ လက်နက် မယူလာရဘူးပေါ့။ ဒါပေမယ့် ရာဇာဓိရာဇ်က သူ့တပ်သားတွေကို အဲဒီပွဲကျင်းပမယ့် သဲသောင်ပြင်မှာ လက်နက်တွေ ကြိုမြှုပ်နှံထားဖို့ မှာပြီး
သား၊ အင်းတပ်သားတွကို ရှင်းဖို့ပေါ့။

သစ္စာပြုမဏ္ဍပ်ဟာ နှစ်ဖက်တပ် ချထားရာနဲ့ နည်းနည်းလှမ်းတယ်။ နှစ်ဖက်မှူးမတ်တွေဟာ ရာထူးအဆင့်တူချင်း  တတွဲစီတွဲပြီး သွားရသတဲ့။ အဲဒီပွဲမှာ လဂွန်းအိမ်နဲ့ တွဲရတဲ့ အင်းဘက်
က မှူးမတ်က မိုးညှင်းသတိုးတဲ့။ အဲဒီမှာ မိုးညှင်းသတိုးက လဂွန်းအိမ်ကို ''ခင်ဗျားလည်းစစ်
သား၊ ကျွန်တော်လည်းစစ်သား၊ စစ်သားစကားပြောကြရအောင်၊ ဒီပွဲက တကယ်ရော
ဖြောင့်မတ် မှန်ကန်တဲ့ စိတ်ရင်းစေတနာနဲ့လုပ်တဲ့ ပွဲလား''လို့ မေးပါသတဲ့။ အဲဒီမှာ ဇာတ်
လိုက်ကျော်ကြီး လဂွန်းအိမ်က မိုးညှင်းသတိုးကို ''ခင်ဗျားရူးနေလား၊ ခင်ဗျားတို့နဲ့ ကျုပ်တို့
စစ်တိုက်နေတာ၊ စစ်သဘောမှာ အောင်မြင်မှုဆိုတာကလွဲလို့ တရားမျှတမှုဆိုတာ ရှိလို့
လား၊ ခင်ဗျားကို ကျုပ်ရလည်း ခင်ဗျားကို ကျုပ်သတ်မှာပဲ၊ ကျုပ်ကို ခင်ဗျားရလည်း ကျုပ်ကို
ခင်ဗျားသတ်မှာပဲ၊ စစ်တိုက်ရင်းပြုတဲ့ သစ္စာဟာ ယုံကြည်ထိုက်တယ်လို့ ခင်ဗျားထင်နေတုန်း
လား ဒါဆို ခင်ဗျား ရူးနေလို့ပေါ့ဗျာ”လို့ ခပ်ပြတ်ပြတ်ပြန်ပြော 

မိုးညှင်းသတိုးကလည်း ပါးနပ်တော့ ချက်ချင်းပဲ သူတို့ခေါင်းဆောင် မြင်စိုင်းစား သရေစည်
သူကို သွားပြောတော့ ရာဇာဓိရာဇ် အကြံမအောင်ပဲ ပွဲပျက်၊ ရာဇာဓိရာဇ်က လဂွန်းအိမ်ကို
အမျက်ထွက်ပြီး ကွပ်မျက်ဖို့မိန့်၊ ဒါပေမယ့် အမတ်ဒိန်တို့၊ သမိန်ဗြဇ္ဇတို့၊ မင်းကံစီတို့၊ အဲ
မွန်ဒယာတို့ ကယ်လို့ လဂွန်းအိမ် လွတ်ငြိမ်းချမ်းသာခွင့်ရ။ စာရေးသူ မျှချေင်တဲ့ လဂွန်း
အိမ်အကြောင်းပါ။ ''သူ့ဘုရင်ကို သူသိပ်ချစ်တယ်။ အရမ်းလည်း သစ္စာရှိတယ်။ ဒါပေမယ့်
သူ့ဘုရင်လည်း သူ့အရှေ့မှာ မတရားတာ၊ မမှန်ကန်တာ မလုပ်နဲ့၊ လဂွန်းအိမ်ကတော့ အသေသာခံလိုက်မယ်၊ သူ့ဘုရင်ကိုတော့ ရာဇင်မှာ နာမည်အပျက်ခံမှာ မဟုတ်ဘူး''
 ဒီလိုစစ်သားမျိုး။ ရှာမှရှားတဲ့ အာဂစစ်သည်တော်။ ရာဇာဓိရာဇ် ကံကောင်းပါတယ်။
သူ့အနားမှာ အမတ်ဒိန်တို့လို၊ မင်းကံစီတို့လို၊ လဂွန်းအိမ်တို့လို ပုဂ္ဂိုလ်ကျော်တွေ ရှိနေ
တာ။ ဒါကြောင့်လည်း ရာမညတိုင်းဌာနမှာ ရာဇာဓိရာဇ်တို့ နာမည်ကျော်ခဲ့တာပေါ့။
စာရေးသူလည်း ဒီနေရာမှာ အလျဉ်းသင့်လို့ ဗျတ်ဝိဗျတ္တတို့အကြောင်း ရေးချင်တာပါ့။
တော်ကြာ ''ဟာ..ဒီကောင် ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေပြီ''လို့ အပြောခံရမှာစိုးလို့။ မရေး
ချင်ပဲနမလားနော်ပုဂံရာဇင်ရဲ့အာဂစစ်သည်တော်တွေပဲဟာ။ ပုဂါရာမ ပုဂံနေပြည်
တော်ကြီးမှာ ဗုဒ္ဓသာသနာရောင်ဝါ ထွန်းလင်းတောက်ပစေဖို့ သထုံဘုရင်မနူဟာဆီက
ပိဋကတ်သုံးပုံပင့်ဖို့ ချီရာမှာ အသက်ပေးဆပ်ခဲ့ရတဲ့ မြန်မာမွတ်စလင်မ် စစ်သည်တော်ပဲ
ဟာ။ ဗျတ္တက မွတ်စလင်မ်လို့ မင်းဘယ်သူ ပြောတုန်းလို့မးလာခဲ့ရင်တော့ သမိုင်း
ပါမောက္ခ(ငြိမ်း)၊ သမိုင်းပညာရှင် ဒေါက်တာခင်မောင်ညွန့် ကိုသာမးကြည့်ကြပါ။
ပြီးခဲ့တဲ့ လအနည်းငယ်က တော်င်နှင်းဆီ ခန်းမမှာ ကျင်းပခဲ့တဲ့ ဦးရာရှစ်အခမ်းအနားမှာ
သူပြောခဲ့တဲ့ မိန့်ခွန်းလေးလည်း နားထောင်ကြည့်ကြပါ။ အခြားပညာရှင်တွေရးတဲ့
စာအုပ် စာတမ်းတွေလည်း အများကြီး ရှိပါသေးတယ်။ တောင်ပြုန်းကိုလည်း သွားကြည့်ကြ
ပါဦး။ ဗျတ္တရဲ့သားတော်နှစ်ပါးဖြစ်တဲ့ ရွှေဖျဉ်းညီနောင်(မင်းကြီးမင်းလေး) ကိုးကွယ်သူများ
က သူတို့ ကိုးကွယ်တဲ့ နတ်များက မွတ်စလင်မ်နတ်တွေဖစ်လို့ဆိုပြီး က်သားမစားကြပါ
ဘူး။ တချို့များဆိုရင် 'သာကြာနေ့ဆိုရင် မင်းကြီး၊မင်းလေး နတ်နှစ်ပါးကို ပင့်လို့ မရပါဘူး
တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဗလီသွားတက်နေကြလို့တဲ့'ကဲ..အေးရော။
အခုဒီဆောင်းပါးမှာ စာရေးသူ တင်ပြခဲ့တဲ့ သံဃာတော်၊ ရှင်ဘုရင်များ၊ အမတ်များ၊ သူရဲ
ကောင်းများအစရှိတဲ့ ကောင်းမြတ်သော စံနမူနာ ယူထိုက်စရာ သံဃာတော်များနဲ့ ရှင်ဘုရင်
များ၊ မင်းခလုလင်များ၊ စစ်သည်တော်များ စာရေးသူတို့မန်မာပြည်မှာ များစွာပေါ်ထွန်းခဲ့
ပါတယ်။ စာရေးသူ လက်လှမ်းမီရာကိုသာ ပြန်လည်မျှဝေခြင်းပါ။
-
အချုပ်အားဖြင့်တော့ သာလွန်မင်းတို့၊ မင်းတုန်းမင်းတို့လို ဘုရင်မျိုး၊ အမတ်ဒိန်တို့လို၊ ယော
မင်းကြီးတို့လို အမတ်မျိုး၊ လဂွန်းအိမ်တို့လို စစ်သည်မျိုး၊ ရာဇကုမ္မာလို သားကောင်း
သားမတ်မျိုးတွေနဲ့သာ စာရေးသူတို့ တိုင်းပြည်ကြီး ရှေ့ခရီးဆက်ရမည်ဆိုလျှင်တော့
စာရေးသူတို့ တိုင်းပြည်ကြီးဟာ'လောကနိဗ္ဗာန်ကဲ့သို့အလား'ထင်မှတ်မှားရပါလိမ့်မယ်။
မုဆိုးသာနုတ္တိုရ်လို လူမျိုးတွေကိုတော့ ဝေးဝေးကရှာင်ရပါလိ့မ်မယ်လို့ အကြံပြု
တိုက်တွန်းရင်း။

(သန့်ဇင်အေး)
မှီငြမ်း
၁။ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း (ဒေါက်တာနိုင်ပန်းလှမြန်မာပြန်)
၂။ တက္ကသိုလ်င်တန်းနှင့် အဆင့်မြင့်တန်း (မြန်မာစာအထူးပြု)အတွက် မြန်မာစာနှင့်

မြန်မာ့သမိုင်း သင်ရိုးညွှန်းတမ်း စာအုပ်များ။
-
(ဆောင်းပါးရှင်ဟာ မွတ်စလင်စ်မ် ဖြစ်မှာပါ။ ဒါပေမဲ့ မြန်မာပြည်မှာ ရှေးထဲက အတူ
နေထိုင်သူများကို လူမျိုးဘာသာ ခွဲခြားမှု မရှိပဲ သမိုင်းကိုလဲ သိစေချင်၊ မြန်မာတို့အား
အမှန်နဲ့ အမှားများ၊ အထီးအမများကို ခွဲခြား သိစေချင်လို့ သိမ်းလိုက်သည်။)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...