သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, January 1, 2014

PostHeaderIcon ပထမရွှေကျင်ဆရာတော်ကြီး၏ အဆုံးအမများ


လူအချင်းချင်း ပေါင်းသင်းဆက်ဆံကြတဲ့အခါ ကျင့်သုံးလိုက်နာရမယ့်
ဘဝနေနည်း နည်းကောင်းများ။

တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏။
သစ်ရွက်စိုကို မတတ်နိုင်၊ မသူတော် မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏။

နံ့သာတုံးသည် မီးရှို့သူကို မကျွမ်းမချင်း အနံ့ဖြင့် မွှေးစေ၏။
သူတော်ကောင်းသည် ညှဉ်းဆဲသူကိုလည်း မသေမချင်း အကျိုးဆောင်၏။

လူကောင်းသည် အရူးနှင့် ပြိုင်၍ အဝတ်မလှစ်ကောင်း၊
သူတော်ကောင်းသည် မသူတော်နှင့် ပြိုင်၍ ဒေါသမဖြစ်ကောင်း။

ကျားကြောက်၍ ပြေးစဉ် ခွေးဟောင်းသည်ကို အရေးမယူရ။
ငရဲကြောက်၍ သီလစောင့်စဉ် (သံသရာကို ကြောက်၍ ပါရမီဖြည့်စဉ်)
မသူတော် ညှဉ်းသည်ကို အရေးမယူရ။

ဒါနပြုသူကို မှီ၍ ဒါနပါရမီပြည့်သည်။
မသူတော်ကို မှီ၍ သည်းခံလျှင် ခန္တီပါရမီပြည့်သည်။

ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။
မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ

အဆုံးအမ ဆောင်ပုဒ်များ
***************

ယစ်မသည် ဥအတွက်အသေခံသည်။
စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။
ရဟန်းသည် သီလအတွက် အသေခံသည်။

သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။်။ အလိုမလိုက်ရာ။

ကာလကို လူ မစားလျှင် လူကို ကာလ စားသည်။
သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီး မလောင်။
တုတ်လက်နက် ဆောင်လျှင် ခွေးဟောင်သည်။
ဦးခေါင်းပြောင် ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်၏။
ဦးချို ကျိုးသော နွားသည် မာနလည်း ကျိုးသည်။

မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင်ရင် ရန်လှောင်မိတတ်သည်။
ရန်မလိုမှ ရန်ပြိုသည်။ ရန်လိုရင် ရန်ပိုတတ်လှသည်။

သလေးနှံ အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင် ညွတ်သည်။
ဂါရဝကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနှင့် တူသည်။
သူတပါးလှေကို ဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။

ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍ အဆိုအမည် ခံရသည်။
ရေကန်၌ မှော်ကို ဖယ်၍ သောက်ရေ ခပ်ရသည်။
မသူတော်၌ အပြစ်ကို ဖယ်၍ ဂုဏ်ကောင်း ရှာရသည်။

တုံးတတား လျှောက်စဉ် အရပ်တပါး မကြည့်နှင့် ချောက်သို့ ကျလိမ့်မည်။
သံသရာတံတားလျှေက်စဉ် သူတပါးအပြစ် မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
တရားပွဲကား လူကျဲတဲ ရပ်ရွာပျော်ပွဲ တသဲသဲ။
ရိုသေစွာ ခစားလျှင် မင်းခစားပင် မင်းကို နိုင်သည်။ 

စုဆောင်း (နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...