သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, January 20, 2014

PostHeaderIcon မိုင်းဖုန်းဆရာတော်၊ အီးတီတို့ရဲ့ ကြိုတင်ဟော ကိန်းနှင့် ထိုင်းနိုင်ငံရေး

ကြိုတင် ဟောကိန်း
(ဖြစ်ပျက်မှုများကို အမှတ်တရအဖြစ်)

ထိုင်းနိုင်ငံရေးမှာ သွေးထွက်သံယိုဖြစ်ရပ်တွေ ရှိလာလိမ့်မယ်ဆိုတာ မြန်မာနိုင်ငံက အလွန်
နာမည်ကြီးတဲ့ မိုင်းဖုန်းဆရာတော်နဲ့ အကြားအမြင်ဆရာမ အီးတီတို့က မနှစ်ကတည်းက ကြိုတင်ဟောကိန်းထုတ်ထားခဲ့ပါတယ်။ 
ငယ်ရွယ်စဉ်ကတည်းက အများရဲ့ကြည်ညိုလေးစားခံရတဲ့ မိုင်းဖုန်းဆရာတော်ဟာ ယခင်
မြန်မာစစ်အစိုးရက ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရလို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစုလောက် ထိုင်း
နိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှာ ဂူအောင်းပြီး တရားကျင့်ကြံ နေထိုင်ခဲ့တဲ့ ဆရာတော်တပါး လည်း ဖြစ်ပါတယ်။ 

မိုင်းဖုန်းဆရာတော်ဟာ မနှစ်က နိုဝင်ဘာလကပဲ ထိုင်း-မြန်မာချစ်ကြည်ရေး တံတားဖြစ်တဲ့

မယ်ဆိုင်နဲ့ တာချီလိတ်မြို့ ဖြတ်ကူးတံတားကတဆင့် ပြည်တော်ပြန်ဝင်ခဲ့တာပါ။ 

ပြည်တော်ပြန်ပြီးနောက် မိုင်းဖုန်းဆရာတော်က ထိုင်းနိုင်ငံရေးမှာ အကြပ်အတည်းတွေရှိနိုင်

ပြီး သွေးထွက် သံယိုကိစ္စတွေပါဖြစ်နိုင်တယ်လို့ မနှစ်က နိုဝင်ဘာလက မိန့်ကြားခဲ့တယ်
ဆိုပြီး ထိုင်းရုပ်သံ ဆွေးနွေးပွဲတွေမှာ ထိုစဉ်က ဖော်ပြခဲ့ကြပါတယ်။


မိုင်းဖုန်းဆရာတော်ရဲ့ သက်တော် ၅၀ ပြည့် ရွှေရတုမွေးနေ့ ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ 
၅ ရက်နေ့ကပဲ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ် မိုင်းဖုန်းဒေသမှာ စည်ကားသိုက်မြိုက်စွာ
ကျင်းပခဲ့တာပါ။ 

အဲဒီ မွေးနေ့ပွဲအပြီး မိုင်းဖုန်းဆရာတော်ဟာ ထိုင်းနိုင်ငံဘက်က ဒကာဒကာမတွေရဲ့
ပင့်ဖိတ်မှုအရ ထိုင်းနိုင်ငံကို ဇန်နဝါရီလ ၈ ရက်နေ့ကပဲ သွားရောက်ပြီး သတင်းသုံး
နေပါတယ်။ မည်မျှကြာအောင် ထိုင်းနိုင်ငံမှာ သတင်းသုံးနေထိုင်မယ်ဆိုတာ သေချာ
မသိရသေးပါဘူး။ 

ဒီအပြင် မြန်မာပြည်က အကြားအမြင်ရသူလို့ နာမည်ကြီးတဲ့ အီးတီ (ဒေါ်ဆွေဆွေဝင်း)
ကလည်း ထိုင်းနိုင်ငံမှာ  နိုင်ငံရေးတင်းမာမှုတွေဖြစ်ကာ သွေးထွက်သံယိုတွေဖြစ်မယ်
လို့ မနှစ်ကတည်းက ဟောကိန်းထုတ်ခဲ့တဲ့အကြောင်း ထိုင်းတီဗွီတွေက ထုတ်လွှင့်
ပြသခဲ့ပြီးလည်း ဖြစ်ပါတယ်။

ယခင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကိုလည်း ပြည်ပခရီးစဉ်သွားခိုက် အာဏာသိမ်းခံရ
မယ်ဆိုတာ အီးတီက ဟောကိန်းထုတ်ခဲ့ဖူးတာကြောင့် သက်ဆင်အပါအဝင် ထိုင်းနိုင်ငံသား
တော်တော်များများလည်း မြန်မာပြည်က အကြားအမြင်ဆရာမအီးတီရဲ့ဟောပြောမှုတွေကို ယုံကြည်ကြပါတယ်။ 

ထိုင်းနိုင်ငံရေးနဲ့ပတ်သက်ပြီး မြန်မာပြည်က အထင်ကရ နာမည်ကျော် မိုင်းဖုန်းဆရာတော်နဲ့

အကြားအမြင်ဆရာမ  အီးတီးတို့ရဲ့ ဟောပြောချက်တွေက အခုတော့ မှန်ကန်နေပြီလို့
ပြောလို့ ရမယ်ထင်ပါတယ်။ 

အခုရက်ပိုင်း ဘန်ကောက်မြို့ဆန္ဒပြပွဲတွေအတွင်း သေနတ်ပစ်ခတ်မှု၊ ပေါက်ကွဲမှု

ဖြစ်စဉ်တွေကြောင့် ဒဏ်ရာရသူ ၄၀ ဦးထက် မနည်း ရှိနေပြီး ဒီအထဲက တဦးဟာ
သေဆုံးသွားခဲ့တယ်လို့ ထိုင်းသတင်း မီဒီယာတွေမှာ ဖော်ပြကြပါတယ်။ 

အိမ့်သံစဉ် ~  

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...