သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, December 27, 2013

PostHeaderIcon ပညာရေးနှင့် ပတ်သက်၍



 (ပညာရေးနှင့် စပ်လျဉ်း၍ ယူဆချက်များ)
လက်ခုပ်သည် နှစ်ဖက်တီးမှ မြည်သလို ပညာရေးတွင်လည်း သင်ကြားပို့ချသူ၊ သင်ယူသူ
နှစ်ဦးနှစ်ဖက် ကြိုးစား သင်ကြားပါမှ အောင်မြင်နိုင်သည်။အထက်က ပညာရေးအရာရှိ
ကြီးများမှသည် အောက်ခြေရှိ မူလတန်း ကျောင်းသားထိတိုင် ကိုယ့်တာဝန်ကိုယ် ကျေပွန်
မှသာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်သော ပညာရေးအဆင့်အတန်း ရရှိမည်ဖြစ်သည်။
ခိုင်မာကျစ်လစ်သည့် ပညာရေးစီမံကိန်းများ ချမှတ်ကာ အားလုံး အကောင်အထည်ဖော်
ရမည်ဖြစ်သည်။

ကိုယ့်ဌာနေမှာ မသင်ကြားနိုင်သည့် ဘာသာရပ်များကို နိုင်ငံခြားကျောင်းများသို့ ပညာတော် သင်များ စေလွှတ်ကာ ပညာရေးကို အဆင့်မြင့်သထက်မြင့်အောင် ကြိုးပမ်းဆောင်ရွက်သင့်
သည်။ ရေမြင့်မှ ကြာတင့်မည်ဖြစ်သလို ပညာရေးကောင်းမှသာ လူနေမှုအဆင့်အတန်း
မြင့်မားကာ ယဉ်ကျေးလိမ္မာ၍ သိက္ခာရှိသော လူ့အဖွဲ့ အစည်းဖြစ်မည် ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံ၏ ပညာရေးအခြေအနေကို ပြန်လှန် သုံးသပ်ကြည့်ဖို့ များစွာလိုလေသည်။
(ပိုတာ၊ www.maukkha.org ၊ ၂၀၀၅)

ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာအောင် ဘယ်လိုတည်ဆောက်ရမယ်။ လူမှုပေါင်းသင်း ဆက်ဆံရေး
ဘယ်လို ဖွံ့ဖြိုးအောင် လုပ်ရမယ်။ အချင်းချင်းဆက်သွယ်ဖို့ ဘာသာစကား ဖွံ့ဖြိုးအောင် ဘယ်လိုလေ့ကျင့်ရမယ်။ တွေးတတ်၊ ခေါ်တတ်၊ တီထွင်ဖန်တီး တတ်ဖို့အတွက် ဉာဏ်ရည်
ဖွံ့ဖြိုးအောင် ဘယ်လိုလေ့ကျင့်ပျိုးထောင် ရမယ်ဆိုတာ ပညာရေးပါ။ ဒီလိုအခြေခံ
ကာင်းတွေ ရနိုင်မယ့်နရာတွေကိုသာ မိမိရဲ့သားသမီးတွေကို အပ်နှံ သင်ယူ
စေသင့်တယ်။
(ကျော်ဆန်း၊ http://news.mmsy.info ၊ ၁၆  သြဂုတ် ၂၀၁၂)

ပညာရေးတွင် နိုင်ငံ့လိုအပ်ချက် ဆိုသည်ထက် ကမ္ဘာ့ လိုအပ်ချက်ကို အဓိကထားသည်။ ကိုယ့်တိုင်းပြည်ထက် အပြည်ပြည်ဆိုင်ရာကို မျှော်ကြည့်တတ်သူများ ဖြစ်လာရေး ဦးစားပေး
သည်။ အဆင့်မြင့် နည်းပညာများဖြင့် ကမ္ဘာသစ်နှင့် ကွန်ရက် ချိတ်ဆက်ထားနိုင်သဖြင့်
လည်း မိမိကိုယ်မိမိ အမြဲတမ်း အဆင့်မြှင့်နိုင်ရန် အားထုတ်နေကြရသည်။

နိုင်ငံတော်က ပညာရေးကို အဆုံးအဖြတ်ပေးကာ ကိုင်တွယ်နေခြင်းထက် ပညာရေးကို
သူ့အပိုင်း၊ သူ့ကဏ္ဍ၊ သူ့အဖွဲ့အစည်းများ၏ လိုအပ်ချက်အရ ပိုင်းဖြတ်ခြင်းကို ခံကြရမည်။
စာမေးပွဲစနစ် ရှိကောင်း ရှိနိုင်သော်လည်း မလိုအပ်သည့် ဘောင်များဖြင့် အတားအဆီး
မဖြစ်စေရန် အဓိကထားသည်။
အရေအတွက်ထက် အရည်အချင်းအမှန်ကို ဖော်ထုတ်ပြီးမှ စစ်ဆေးလက်ခံသည့်
ပညာရေးကို ၂၁ ရာစု ပညာရေးဟု ခေါ်ပါသည်။ အရည်အချင်း အမှန်ကို ဖော်ထုတ်
နိုင်စွမ်းရှိသူတို့ ပညာခေတ်ကို မျှော်လင့်မိပါသည်။
(တင်ညွှန့်၊ မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်၊ ၂၂ စက်တင်ဘာ ၂၀၁၂)
စာသင်ခန်းထဲသို့ အာဏာ၏ အရိပ်များ လွှမ်းမိုးလာခြင်းဖြင့် ပညာရေးလောကသည်လည်း အခြားသော လောကများနှင့်အတူ ဆွံ့ အ ကြုံလှီ ညှိုးနွမ်း ခြောက်သွေ့သွားခဲ့ရခြင်းဖြစ်ပါ
သည်။ အလွတ်ကျတ်ထားသည်ကို တသွေမတိမ်း ပြန်ရွတ်ပြ ပြန်ရေးပြသည်ကို Factual
Recall ဟု ခေါ်ဆိုရာ ထို ဖက်ကျူရယ်ရီကောလ်သည် Reasoning Power ခေါ်ဆင်ခြင်
ခြင်း၏ ရန်သူ၊ Critical Thinking ခေါ် ဝေဖန်သုံးသပ်ခြင်း၏ ရန်သူ၊ Decision Making
ခေါ် ဆုံးဖြတ်ချက်ချခြင်း၏ ရန်သူ၊ Problem Solving ခေါ် ပြဿနာဖြေရှင်းခြင်း၏
ရန်သူပင်ဖြစ်ပါသည်။
(မောင်သာချို၊ မောက္ခပညာရေးမဂ္ဂဇင်း၊ ၁၃ အောက်တိုဘာ ၂၀၁၂)

ဒီမိုကရေစီစနစ်မှာ ရာထူးကောင်းကောင်း လိုချင်ရင် အရည်အချင်းကောင်းကောင်း ရှိရ
မှာပါ။ အရည်ချင်းကောင်းဆိုတာ ခေတ်မီတဲ့ ပညာရေးစနစ်မျိုးနှင့် ခေတ်ပညာများကို
သင်ယူခွင့် ရပြီး၊ ထိုပညာ(ဘွဲ့ဒီဂရီ)ဖြင့် အလုပ်ခွင်၌ ယုံကြည်ချက်အပြည့်ဖြင့် အလုပ်
လုပ်ပြနိုင်ခြင်းပါ။ ထိုကဲ့သို့မဟုတ်ပဲ မြန်မာလူမျိုးအများစုရဲ့ ပညာရေးအဆင့်အတန်းများ
ဟာ လွန်စွာ နိမ့်ကျနေမည်ဆိုလျှင် ဒီမိုကရေစီစနစ်အရ နိုင်ငံတကာနှင့် ယှဉ်တဲ့
လုပ်ငန်းကိုင်ငန်း အခွင့်လမ်းတွေ ပွင့်လန်းလာလို့ အလုပ်ခန့်ရာမှာ မြန်မာလူမျိုးများ
(တိုင်းရင်းသားအားလုံး အပါအဝင်)ကို ဘယ်နေရာမှာ ဘယ်ရာထူးမျိုးနဲ့ ခန့်အပ်နိုင်ကြ
မလဲဆိုတာ ကြိုတင်စဉ်းစားနိင်ကြဖို့ပါ။
(ဒေါက်တာဓမ္မပိယ (I.T.B.M.U) ၊ မိုးမခ ၊ ၁၉ အောက်တိုဘာ ၂၀၁၂)

ဒီပညာရေးစနစ်ကနေ ကြီးပျင်းလာတဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းကြီး ဆိုရင်ရော
ပြောစရာတော့ ရှိပါတယ်။ "မင်းကြုံဘူးတဲ့ အတွေ့အကြုံနဲ့ လူတိုင်းကို မချိန်ထိုးနဲ့"
ဆိုတဲ့ စကားပါ။ ဆရာဆရာမတွေ တယောက်မှ အရည်အချင်း မရှိဘူးလို့တော့
သိမ်းကြုံး ပြောလို့တော့ မရပါဘူး။ သို့သော်လည်း အများစုက ကျောင်းသားတွေ
အပေါ် အာဏာရှင်အုပ်ချုပ်ရေးစနစ်နဲ့ပဲ ကိုင်တွယ်နေတယ်ဆိုတာ ဝန်ခံရမှာပဲ။
သင်ရိုးညွှန်းတမ်းတွေ အကုန်ပြောင်းပြီး ကျနော်တို့ ပညာရေးစနစ်ပြောင်းနေပါပြီလို့
ရှေးက ဝန်ကြီးတွေ အားလုံး တလေသံတည်း ထွက်ခဲ့တယ်။

သင်ရိုညွှန်းတမ်းတွေက အရေးကြီးသလား၊ သင်ကြားရေး စနစ်တွေက အရေးကြီးလား။
ဒါကို ခု ပညာရေးစနစ် ပြောင်းလဲမယ်ဆိုတဲ့ လူကြီးတွေ ထည့်စဉ်းစားဖို့ လိုနေပြီ။
လူလားမြောက်စ အသက် ၅.နှစ် အရွယ်လောက်ကတည်းက အရိုးစွဲသွားစေမယ့်
အကြောက်တရားတွေဟာ အဲဒီ ကြိမ်လုံးသံတွေက လာတာပဲ။
ဒီနေ့ခေတ်မှာ လုံးဝ မရှိသင့်တော့ပါဘူး။ ဒါဟာ အကြမ်းဖက်မှုပဲ။၊ ဘယ်သူမှားမှား ဘယ်သူ
မှန်မှန် ကိုယ်ထိလက်ရောက် ကျူးလွန်မှုဟာ အကြမ်းဖက်မှုပဲ။ ခံရသူဘက်ကို အကာအကွယ်
ပေးမယ့် ဥပဒေတွေလည်း ခိုင်ခိုင်မာမာရှိသင့်နေပြီ။ အာဏာရှင်စနစ်ကို အမှန်တကယ်သာ နိဂုံးချုပ်ချင်တယ် ဆိုရင်တော့ စာသင်ကျောင်းတွေကနေ အာဏာရှင်လေးတေ မွေးထုတ်
နေမှုကိုလည်း ချက်ချင်း ရပ်တန့်ရပါတော့မယ်။
(ကျော်စွာ၊ ဖဘ၊ ၂၄ အောက်တိုဘာ ၂၀၁၂ / လွင်အောင်စိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...