သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, December 26, 2013

PostHeaderIcon သနားတယ်

ငါ့နာမည် ထိန်လင်း
ဟင်းချက်နည်း အမျိုးမျိုးကို မင်းတို့ အသည်းအသန်တွေးခေါ်နေချိန်မှာ
သူပုန်ထနည်း အမျိုးမျိုးကို အကြိတ်အနယ် ငါ စဉ်းစားနေခဲ့တယ်။

နေမဝင် အင်ပါယာကြီးက
ညည ငါ့အဖိုး ဗိုလ်လရောင်ရဲ့ခေါင်းကို ဖြတ်ပြီး ငါ့ရှေ့မှောက် ဒရွှတ်ဆွဲ ခေါ်လာနေခဲ့တယ်။

အဖွားပြောပြတဲ့
ပုံပြင်တွေ ဇာတ်လမ်းတွေ သရဲတစ္ဆေ ဝတ္ထုတွေထဲ ငါရလိုက်တာက
ဦးမင်းရောင်ဆိုတဲ့ အမှောင်မှာ ဘယ်တော့မှ ယောင်ကိုင်းမသွားနိုင်တော့မယ့်
ငါ့အတွက် အမြဲတမ်းသစ်နေမယ့် စစ်ပွဲတခုကို ဖွင့်ဖို့ ခလုတ်တခုပဲ။

ရိုးသားမှုဆိုတာ
အသားမပါပဲ အရိုးချည်းသက်သက် ရောက်လာတတ်ပေမယ့်
ရိုးသားရတာ အရသာရှိတယ်လို့ ဘယ်သူက ရိုးရိုးလေး ငါ့ခန္ဓာကိုယ်ထဲ ရိုက်သွင်းသွားပါလိမ့်
အစ်မ(အမေ့)ကို ငါအော်ပြောခဲ့တယ်‘‘လိမ်ပြောတာ မကောင်းဘူးလို့’’။

ငါ့ကို စကားသိပ်မပြောဘူးတဲ့
တိုင်းချစ် ပြည်ချစ် မျိုးချစ်စိတ်တွေ
ငါ့အတွင်းမှာ တဒီးဒီး တဝီးဝီး စီးဆင်းနေတာကို ငါငေးမောနေမိလို့
ငါ့အပြင်မှာ တဝါးဝါး တဟားဟား ဖြစ်နေတာတွေကို ငါမကြားလိုက်မိနေတာလား။

အဖိုးရေ
ကျွန်တော်ဟာ အဖိုးရဲ့ မြေးအနှစ် သွေးအစစ် သွေးအသစ်ပါဗျ၊
မြစ်တွေဟာ မြင်းတွေလို စိုင်းလာလည်း
ကျွန်တော် ရအောင် ကူးမယ် ညောင်းဦးဖီးဟာ ကျွန်တော့်ရဲ့ဇာတ်လိုက်ပဲ။

တွေ့ကြသေးတာပေါ့
ခင်ဗျား အိတ်ကပ်ထဲက ဖောင်တိန်ကို ဗြုတ်ကနဲ ကျွန်တော် ဆွဲမဖြုတ်ခင်
ကျုပ်ပဒါးရှင်လုံးထဲမှာ ခင်ဗျား မွှမွှကြေအောင် သွက်သွက်ခါ လည်ပေရော့လို့
ငါ့စိတ်ကူးကို ဆူးရော ချိုပါ တပ်ထားပေးလိုက်တယ်။

မှတ်ထားဦး
အဖေ ရှင်ဘုရင်ဖြစ်လို့ သားရှင်ဘုရင် လိုက်ဖြစ်လာတာ မဟုတ်ဘူး၊
ငါ့အစ်ကို အောင်သန်းဖြစ်လို့ သူ့ညီငါ အောင်ဆန်းဖြစ်လာတာ။

ငါ့နာမည် ထိန်လင်း
စိန်တွင်းကြီးတွေလောက်တော့ သနားတယ်။

ခရမ်းပြာထက်လူ

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...