သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, December 10, 2013

PostHeaderIcon မိုးတော မောင်ဘွဲ့

 မိုးတော (မောင်ဘွဲ့-ရတု)
*****************
(က) ဘဝဂ်လုံးလျှင်၊ မြကုံးခိုင်ပန်း၊ ဆိုင်၍ဝန်းသို့၊
နတ်နန်းလုလင်၊ တင့်ရည်းဆင်နှင့်၊ ညိုစင်ရည်ညွှန်း၊
လာမှသွန်းလော့၊ ဆင်ဆန်းတွေးချိတ်၊ လွမ်းဘွယ်ရိပ်က၊
ခြူးစိပ်စိန်ခက်၊ ဝန်းယှက်ကြာညောင်း၊ လရောင်ပျက်ကာ၊
မွေ့ရာကြက်ရုံး၊ သဇင်အုံးထက်၊ နှလုံးဝယ်ပ၊
ပျောင်းပျမဲ့ဟန်၊ ဆံစွန်ရိပ်ဆင်၊ ကေသျှင်ပန်းရော၊
ဆီပျံ့ချောသည်၊ သဘောတမ်းသာနေတော့သည်။

(ခ) တသက်လုံးတွင်၊ တကုံးကိုပင်၊ ပန်ရလျှင်လည်း၊
ချစ်ကြင်သို့ချည်း၊ များကာပည်းခဲ့၊ ဝမ်းနည်းစရာ၊
ဗျာပါပျိုးလက်၊ မထပ်လွမ်းသစ်၊ နောင်ဖြစ်သိထွေ၊
မေ့လျော့နေလည်း ၊ ဖြေဖြေဖြည့်ဖြည့် ၊ တော်တော့၏ဟု ၊
ဆိုသသူက ၊ လှောက်ကုသံသာ ၊ လာဆန်းလာလော ၊
မရွာပဲကို ၊ ရွာရုပ်လိုနှင့် ၊ တိမ်ညိုကာမိုး ၊
မြပွင့်ဖြိုးသည် ၊ လေ မိုးလွမ်းရာဖွေတော့သည်။

(ဂ) အခက်လုံးပင် ၊ မရုံးခြယ်ယှက် ၊ နီလာစက်သို့ ၊
ပန်းငှက်မည်ဟူ ၊ ဗျာပါယူနှင့် ၊ မဉ္ဇူခြည်မောင်း ၊
သုံးပါးနှောင်းကို ၊ ဆယ်ချောင်းလယ်မိုး ၊ ရှိစုံခိုး၍၊
ယိုးယိုးမယ်မယ် ၊ သည်ဝယ်အဖြစ် ၊ အသစ်သစ်လျှင်၊
ကြင်ချစ်စောင်ဖွဲ့ ၊ နှုတ်တည်မဲ့နှင့် ၊ ယွင်းခဲ့တုံတုံ ၊
မယုံသာမော ၊ သူ့သဘောကို ၊ မလျောကောင်းချေ ၊
စိတ်ကိုဖြေလည်း ၊ မပြေလုံးချုပ် ၊ ရုံး၍အုပ်သည် ၊
ကျွန်ုပ်ဝမ်းမှာခွေတော့သည်။

(နတ်သျှင်နောင်)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...