သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, December 8, 2013

PostHeaderIcon မျက်လုံးကလေး နှစ်လုံး

 မျက်လုံးကလေး နှစ်လုံး 
****************

မျက်လုံးကလေး နှစ်လုံးသည် အလွန်သေးငယ်လှပါသည်။
အထင်မသေးလိုက်ပါနှင့်။
ကမ္ဘာလောကကြီးတွင် သူ မမြင်နိုင်သော အရာဟူ၍
မရှိလောက်အောင် အလွန်စွမ်းပါသည်။
ဦးနှောက် သေးသေးကလေးသည်
ရေတံခွန်မှ ရေများ ဖိတ်လျှံကျနေသကဲ့သို့
အသိဉာဏ်များ၊ စိတ်ကူးဉာဏ်များ ဖိတ်လျှံ ကျဆင်းနေပါသည်။
သောက်သုံးခပ်ယူ၍ မကုန်နိုင်ပါ။

မျက်လုံးနှစ်လုံးပင်ရှိသော်လည်း
ဘာကိုမျှ မမြင်နိုင်သူများ ရှိကြောင်းဝန်ခံပါသည်။
မျက်လုံးကျဉ်းသလောက် အမြင်ကျဉ်းသူများလည်း
မရှိမဟုတ်။ ရှိသည်သာတည်း။

လိုချင် လောဘသည်လည်းကောင်း၊ မာန်ခိုး ဒေါသသည်လည်းကောင်း
မြွေဟောက်အမှုတ်ခံရသကဲ့သို့ အမြင်ကန်းစေသည်။
တိမ်သလ္လာ ဖုံးစေသည်။

စိတ်ထားကြည်လျှင် အမြင်ကြည်တတ်သည်။
အမြင်ကြည်လျှင် အမြင်ကျယ်သည်။

သေးငယ်သော မျက်လုံးသည်
တလောကလုံး ခြေဆုံးခေါင်းဆုံး ကြည့်၍
ဘဝအလှ ရသခံစားနိုင်ပါသည်။
ကြည့်ပါ။ ရဲရဲကြည့်ပါ။

(တင်မိုး-၂၈၊ ၇၊ ၁၉၉၈)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...