သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, December 23, 2013

PostHeaderIcon ခေါင်းဆောင်တို့ ကျင့်စဉ်(၁)


ခေါင်းဆောင်တို့ ကျင့်စဉ်(၁)
*******************
သုမင်္ဂလော အယံကာလော၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့အခါကောင်းပါ။

မင်္ဂလာကောင်း အခါကောင်းမှာ အားလုံးကို မင်္ဂလာစကား ပြောပါမယ်။
မင်္ဂလာစကား ပြောကြားခွင့် ရလို့၊ ပြောကြားခွင့်ရဆိုရာမှာ အသင်းအဖွဲ့ပေါင်းစုံ၊
လူမျိုးလည်း တော်တော်စုံတဲ့ ပွဲမှာ ပြောကြားခွင့်ရလို့ ပိုပြီးတော့ ဝမ်းသာတယ်။
 
ရှေးဦးစွာ နားထောင်ကြတဲ့ ပရိသတ်ကို မေတ္တာရပ်ခံထားချင်တာ နှစ်ခုရှိပါတယ်။

တခုက ငြိမ်ငြိမ်တိတ်တိတ်၊ တိတ်တိတ်ဆိတ်ဆိတ် မြတ်စွာဘုရားကြိုက်တဲ့ မူဝါဒ၊

အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ရဲ့ Country-side-ဒေသမှာ ရဟန်းခံ
လာကြတဲ့ ကျေးလက်က ရဟန်းအပါး (၅၀၀) ဘုရားနဲ့ သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့
နေရာကို ဘုရားဖူးဖို့ ရောက်လာကြတယ်။
 
ဟိုအလွန်ဝေးတဲ့ Remote place-ကနေ သာဝတ္ထိဆိုတဲ့ Capital-ကို ရောက်တော့ သူတို့မှာ

မမြင်ဖူးတာ၊ မတွေ့ဖူးတာတွေ၊ မကြားဖူးတာတွေ သိပ်များတော့ မြင်လိုက်ရင် ဟာကနဲ့၊
ဟယ်ကနဲ့ အခုနက တမ္ပဝတီ ဦးဝင်းမောင် ပြောတဲ့ ပန်းဆယ်မျိုးကို စိတ်ဝင်စားတတ်ရင်
ဒီကျောင်းတော်ကြီးထဲမှာ ဟာ,ဟယ် ဒီလိုဖြစ်တယ်။ အဲဒီလို ဇေတဝန် ကျောင်းတော်ကြီးကို
ရောက်တော့ တအံ့တသြတွေ ဖြစ်တော့ တပါးနဲ့တပါး အပါး (၅၀၀) တောက ကိုယ်
တော်တွေရော၊ မြို့က ကိုယ်တော်တွေရော ဆုံလိုက်တော့ နှုတ်ဆက်စကား ပြောတာ၊
တောက ကိုယ်တော် (၅၀၀)နဲ့ မြို့က ကိုယ်တော် အပါး(၅၀၀)စကား ပြောရင် အပါး
(၁၀၀၀)ပြောတဲ့ စကားဖြစ်မယ်။
အဲဒါတွေ ဇေတဝန်ကျောင်းတိုက်ကြီးမှာ ညံနေတာ၊ ဆူနေတာ၊ အဲဒါတွေ မြတ်စွာဘုရား
ကြားတော့- ဟဲ့ ဟဲ့.. ညံလှချည်လား၊ ကျောင်းတိုက်ကြီးမှာ ဘာသံတွေလဲ? တောရဟန်း
နဲ့ မြို့ရဟန်းတွေ မတွေ့တာ ကြာလို့ နှုတ်ဆက်တဲ့ အသံတွေပါဘုရား။
 
ဟယ် အင်းကြီးတခုမှာ တံငါသည်တွေ ငါးပက်တော့ ရေတွေကခန်း ငါးတွေက ကျိကျိတက်

ပေါ်လာတဲ့အခါ တံငါသည်တွေ လုပြီးတော့ ငါးဖမ်းတော့ ဆူညံနေတဲ့ အသံတွေလိုပဲလို့
ဘုရားရှင်က ဆိုတော်မူတယ်။ ရဟန်းတော်တွေ တံငါသည်တွေ ငါးဖမ်းသလို ဆူညံနေတယ်။
ဘယ်သူ့ တပည့်တွေလဲ? အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့ရဲ့ တပည့်တွေပါဘုရား၊
သွား... မင်းတို့ တပည့်(၅၀၀)ကိုခေါ်, မင်းတို့ ကျောင်းကထွက်၊ အရှင်သာရိပုတ္တရာရော၊
အရှင်မောဂ္ဂလာန်ရော တပည့်တွေကို ကောင်းကောင်း မဆုံးမနိုင်လို့ မြတ်စွာဘုရားက
ဘာလုပ်လိုက်လဲ? ပရိသတ်ပြော၊

မြတ်စွာဘုရားက ဘာလုပ်လိုက်လဲ? နှင်ထုတ်လိုက်ပါတယ်ဘုရား။ ဘုန်းကြီးကျောင်းက
အထုတ်ခံရမှာ ကြောက်လို့ အားလုံးပရိသတ်က ငြိမ်ငြိမ်နေကြပါ။ ဘုရားက အရှင်သာရိ
ပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်ကို ဘာလုပ်လိုက်လဲ? တပည့်တွေကို ကောင်းကောင်း
မဆုံးမနိုင်တော့ ဆရာပါ နှင်ထုတ်တယ် မဟုတ်လား? တင်ပါဘုရား။
ဒီကနေ့ အားလုံး လာကြတဲ့ပရိသတ်ဟာ ဘုန်းကြီးကို ဆရာလို့ သဘောထားရင် အားလုံးက

ကိုယ့်ကိုယ်ကို တပည့်လို့ သဘောထားရင် တပည့် ဆူရင် ဆရာပါ ဘာဖြစ်လဲ? နှင်ထုတ်ခံရ
ပါတယ်ဘုရား။ နှင်ထုတ်ခံရမှာ ကြောက်ပါတယ်။ အားလုံးပဲ ငြိမ်ငြိမ်နေကြပါ။

နောက်တချက် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့နောက် ဓာတ်တော်တွေကို ဝေခြမ်းမလို့
ပြင်ဆင်တဲ့နေ့က ရှစ်ပြည်ထောင်မင်းတို့ ဓားလှံလေးမြှား လက်နက်တွေနဲ့ ဓာတ်တော်တွေ
ကို လုမလို့ အုံးအုံးကျွက်ကျွက် ဓားတဝင်းဝင်း၊ လှံတဝင်းဝင်း ဖြစ်ကြတယ်။
အိမ်ရှင်နိုင်ငံဖြစ်တဲ့ မလ္လာမင်းတို့ကလည်း တို့နယ်မြေမှာ ပရိနိဗ္ဗာန်စံတဲ့ မြတ်စွာဘုရားရဲ့
ဓာတ်တော်ဟာ တို့ပဲ ပိုင်တယ်။ ဘယ်သူ့မှ မပေးဘူး။ ကျန်တဲ့ မင်း ခုနစ်ပါးတို့ကလည်း
တို့ဘုရားမို့ တို့လည်း ပိုင်တယ်။ မြတ်စွာဘုရားကို အမျိုး တော်ချင်ကြတာနော်။ ပရိသတ်ရေ
ဘာဖြစ်ချင်ကြတာလဲ? အမျိုးတော်ချင်ကြတာပါဘုရား။

အခု ခင်ဗျားတို့ ဘာကို အမျိုးတော်ချင်ကြတာလဲ? ကိုယ်တော်ချင်တဲ့အမျိုး ကိုယ့်ဘာသာကို
ရှာ။ ဘုရားကို အမျိုးတော်ချင်ကြလိုက်ကြတာ။ အဇာတသတ်ကလည်း မြတ်စွာဘုရားက တို့
အမျိုး၊ ကပိလဝတ်က သာကီဝင်တွေနဲ့ ဒေဝဒဟက ကောလိယဝင်တွေကတောင် ဘာမှ
မပြောရသေးဘူး၊ အဇာတသတ်က စပြောလာတယ်၊ ဘုရားဟာ တို့အမျိုးတဲ့၊ ဒီလို ဒီလို။
အဲဒီတော့ သူလည်း ဘုရားအမျိုး ငါလည်း ဘုရားအမျိုး ဒီလိုဖြစ်ကုန်တယ်။ ဘာလိုချင်
လို့လဲ? ဓာတ်တော်လိုချင်လို့။ အဲဒီတော့ ဓားတဝင်းဝင်း လှံတဝင်းဝင်းနဲ့ ဓာတ်တော်လုတဲ့ ပွဲ။
ဘုရားအမျိုးတွေက ဓားလှံတဝင်းဝင်းနဲ့ ဓာတ်တော်လုမလို့ ဖြစ်တော့ အခြေအနေက
မကောင်းဘူး။ အဲဒါကို ထိန်းမည့် ပုဂ္ဂိုလ်က မရှိဘူး။
 
အဲဒီတော့ ပေါ်လာတဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲဆိုတော့- ဟိုရှေးတုန်းက တက္ကသီလဆိုတဲ့

မြို့တော်ကြီးမှာ နှစ်ပေါင်းများစွာ ဆရာလုပ်ခဲ့ဖူးတဲ့ တက္ကသိုလ် ပါမောက္ခချုပ် အငြိမ်းစား
ဒေါဏ၊ သူက ဒီပွဲရောက်နေတာ။ ကြည့်လိုက်တော့ ဓားတဝင်းဝင်း လှံတဝင်းဝင်းနဲ့
ဓာတ်တော် လုမည့် မင်းတွေဟာ ဒီကောင်တွေ အကုန်လုံး ငါ့တပည့်တွေ။ ငါ့တပည့်တွေ
ငါပြောရင် ရလောက်တယ်ဆိုပြီးတော့ စင်မြင့်ပေါ် တက်ပြီးတော့ သူကအော်လိုက်တာ။

ပါမောက္ခချုပ်ဒေါဏဆရာကြီး အော်တဲ့ စကား (၂)ခွန်း မှတ်ရအောင်။

"အမှာကံ ဗုဒ္ဓေါ ခန္တိဝါဒေါ"တို့များရဲ့ ဘုရားဟာ ခန္တီဝါဒီ ပုဂ္ဂိုလ်ဖြစ်တယ်။ တို့ဘုရားဟာ
ဘာဝါဒကို ကိုင်ထားလဲ ပရိသတ်? ခန္တီဝါဒပါဘုရား၊ ခန္တီဝါဒ။ ဒီထဲက လူတွေ ဘာဝါဒတွေ
ကိုင်ထားလဲ? ကိုင်ချင်တဲ့ ဝါဒကိုင်၊ အဲဒါတွေ အားလုံး ခန္တီဝါဒအပေါ်မှာ အခြေဆိုက်ရမယ်။

ခန္တီ မြေကြီးပေါ်မှာ ဒီလူတွေ နေတယ်၊ ဒီလူတွေ နေ့တိုင်း, စကားလုံးလေး နဲနဲရိုင်းရိုင်း
လေးပြောရင် ခန္တီအဓိပ္ပါယ် ပိုရှင်းတယ်။ သည်းခံပြီး နားထောင်ပါ၊ ဂမ္မဒေါသရောက်တယ်လို့
အပြစ်မတင်ပါနဲ့၊ ဒီမြေကြီးပေါ်မှာ နေတဲ့ ဒီလူတွေ ဒီမြေကြီးပေါ်မှာ ဒီလူတွေ ချေးယိုတယ်၊
သေးပေါက်တယ်။ မြေကြီး ဘယ်တော့မှ reject-မလုပ်ပါဘူး။ ယိုချင်တိုင်း ယို၊ အရှိကို အရှိ
အတိုင်းထား။ ဒီလူတွေပဲ ဒီမြေကြီးကို လှချင်လို့ ပန်းတွေနဲ့ အလှပြင်ပြန်ရော၊

ဟာ ငါ့မြေကြီး သိပ်လှနေပြီ ဆိုပြီးတော့ စိုက်ထားတဲ့ ပန်းပင်တွေကို ဒီမြေကြီးက attach-
လည်း မဖြစ်လို့ accept-လည်း မလုပ်ပါဘူး။ လှလို့လည်း မမက်မောဘူး။ ညစ်ပတ် အရုပ်ဆိုး
လို့လည်း စိတ်မပျက်ဘူး။ အဲဒါဟာ quality, qualification of leader.
ခေါင်းဆောင်တွေမှာ ဒါဟာ အရေးကြီးတဲ့ အရည်အချင်းပဲ။

ကောင်းချင်တိုင်းကောင်း မမက်မောဘူး၊ ဆိုးချင်တိုင်းဆိုး စိတ်မပျက်ဘူး။ မြေကြီးနဲ့
တူတဲ့အကျင့် ခန္တီခေါ်တယ်။ အကျယ်တဝင့်ပြောဖို့ ဘုန်းကြီးတို့ ဒီနေ့ အချိန်မယူပါဘူး။
နိဒါန်းလောက်ပြောရင် ဘုန်းကြီးတို့ တရားတွေ ရှာနာပါ။ ခန္တီ။ အမှာကံ ဗုဒ္ဓေါ အဟု
ခန္တိဝါဒေါ။ တို့ဗုဒ္ဓဟာ ဘာဝါဒလဲ? ခန္တီဝါဒပါဘုရား။ အားလုံးမြေကြီးလို ကျင့်သုံးကြရမယ်။
မကောင်းဆိုးဝါးတွေ လာချင်တိုင်းလာ စိတ်မပျက်ပါဘူး။ အကောင်းနဲ့ အဆိုးတွေ ပေးချင်
တိုင်း ပေး၊ မမက်မောပါဘူး။ ခန္တီတရား၊ ဒါဟာ ဗုဒ္ဓရဲ့ ဝါဒပဲ။
 
နောက်တခု အမှာကံ ဗုဒ္ဓေါ သန္တိဝါဒေါ။ ခန္တီဝါဒကို မကိုင်နိုင်ရင် သန္တိဝါဒကို ချမှတ်လို့ မရ

ဘူး။ မခံနိုင်ဘူးဟေ့လို့ဆိုရင် သန္တိဟာ မဖြစ်နိုင်တော့ဘူး။ နောက် လာမည့်ဝါဒက ဘာလဲ
ဆိုတော့ သန္တိဝါဒ။ ဘာများပါလဲ? သန္တိဝါဒပါဘုရား။ တို့ဘုရားရဲ့ဝါဒက သန္တိဝါဒ။
ကုလားလို ပြောရရင် သျှန္တီဝါဒ။ ငြိမ်းချမ်းတဲ့ဝါဒ။ ခန္တီရှိတော့မှ သန္တိ။ အဲဒီမှ ခန္တီရဲ့
နောက်မှာ မေတ္တာ ပါလာမယ်။
မေတ္တာကို တဆက်တည်းပြောရရင် ရေနဲ့တူအောင် ကျင့်။ ရေ- မြန်မာနိုင်ငံမှာ ရေပေါင်းများ
စွာမှာ Brand name-တွေ တရာကျော်လောက် ရှိမယ်ထင်တယ်။ ဘယ်နာမည်နဲ့ ထုတ်တဲ့
ဘာရေပဲ ဖြစ်ဖြစ် သတ္တိက နှစ်မျိုးထဲပဲ- သန့်ရှင်းတာနဲ့ အေးချမ်းတာ။ ဘယ်နမျိုးလဲ?
နှစ်မျိုးပါဘုရား။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းစသည် နာမည်ပဲ ကွဲတယ်။
သောက်လိုက်ရင် အေးတယ်၊ ချိုးလိုက်ရင် သန့်ရှင်းတယ်။ တရုတ်၊ ကုလား၊ အမေရိကန်
ဘယ်တိုင်းပြည်က ထွက်တဲ့ ရေပဲ ဖြစ်ဖြစ် ဘာရလဲ? သန့်ရှင်းတာနဲ့ အေးချမ်းတာ နှစ်မျိုးပဲ
ရတယ်။ ကုလားရေကို တရုတ်သောက်လည်း ဒီနှစ်မျိုးပဲ အကျိုးထွက်တယ်။ တရုတ်ရေကို
ကုလားသောက်လည်း ဒီနှစ်မျိုးပဲ အကျိုးထွက်တယ်။

မေတ္တာဆိုတာ ရေနဲ့တူတယ်။ လူသားတိုင်းကို တညီတည်း အေးချမ်းစေချင်တယ်။ လူသား
တိုင်းကို တညီတည်း နှလုံးစိတ်ဝမ်း အေးချမ်းစေချင်တယ်။ ဘဝသန့်ရှင်းစေချင်တယ်။ အဲဒါ
ခန္တီနဲ့ မေတ္တာ၊ မေတ္တာနဲ့ ခန္တီ၊ အဲဒါ ဘယ်သူ့ ဝါဒလဲ? ဗုဒ္ဓရဲ့ဝါဒပါဘုရား။ အဲဒီနှစ်ခု လက်ကိုင်
ထားမှ နောက်က ဘာရလဲ? သန္တိဆိုတဲ့ Peace ငြိမ်းချမ်းခြင်းကို ရနိုင်တယ်။ ဆိုတော့-
ဘုရားကို အကြောင်းပြုပြီး ဓားတဝင်းဝင်း လှံတဝင်းဝင်း မလုပ်ကြနဲ့။ တို့ဘုရားဟာ ခန္တီဝါဒ,
သန္တိဝါဒ။ သန္တိဝါဒဘုရားကို အကြောင်းပြုပြီးတော့ ဓားတွေ တဝင်းဝင်း၊ လှံတွေ တဝင်းဝင်း
မပြကြနဲ့ဟေ့။ ဓားတွေ လှံတွေ ချလိုက်ကြ။
 

ဒီတော့ ရှစ်ပြည်ထောင် မင်းတွေ အကုန်လုံးက ကြည့်ကြတယ်၊ အသံဝါကြီးနဲ့ အော်နေတာ
ဘယ်သူများလဲ? ဒါ တို့ဆရာကြီး၊ ဆရာကြီးပြောတဲ့ စကားတော့ တို့နားထောင်မှပဲ။ အားလုံး
ဓားလှံတွေ ချပြီးတော့ ဓာတ်တော်ဝေပွဲဟာ အေးအေးချမ်းချမ်း ပြီးသွားတယ်။ အဲဒါကြောင့်
ဒီကနေ့ ဗုဒ္ဓတက္ကသိုလ်ကြီး ဖွင့်ပွဲကို ကြွရောက်လာကြတဲ့ အသင်းဖွဲ့ ပရိသတ်အားလုံးတို့
အငြိမ်းစားပါမောက္ခချုပ်ဟောင်း ဦးဒေါဏပြောတဲ့ ခန္တီတရား၊ သန္တိတရား လက်ကိုင်ထားပြီး
တော့ ဒီကနေ့ ဒီအစည်းအဝေး၊ ဒီအခမ်းအနားက စပြီးတော့ မည်သည့်လုပ်ငန်းကို ဆောင်
ရွက်စေကာမူ ဗုဒ္ဓရဲ့ ဒီဝါဒနှစ်ပါး လက်ကိုင်ထား။ ခန္တီနဲ့မေတ္တာလက်ကိုင်ထား၊သန္တိဖြစ်အောင်
ဆောင်ရွက်ကြပါလို့ ဘုန်းကြီးက ဒုတိယအနေနဲ့အားလုံးကို တိုက်တွန်းပါတယ်။

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
(Ph.D., D.Litt.)


0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...